စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊လားရှိုးမြို့ကို MNDAAကမနေ့ကအပြီးသတ်သိမ်းပိုက်နိုင်လိုက်ပါပြီ။အရင်ရက်တွေကတည်းက တိုင်းဌာနချုပ်အနီးဝန်းကျင်အထိတိုက်ပွဲတွေပြင်းထန်နေခဲ့တယ်။မနေ့ကတော့ဌာနချုပ်ဝန်းထဲမှာရှိတဲ့စစ်ဆေးရုံကို MNDAAတပ်ဖွဲ့တွေစီးနင်းနိုင်ခဲ့ပြီး ဆေးရုံထဲကဆရာဝန်တွေနဲ့လူနာတွေကို အရေးပေါ်ပြောင်းရွှေ့ခဲ့ပါတယ်။MNDAAတပ်ဖွဲ့တွေရဲ့ဝိုင်းရံတိုက်ခိုက်မှုကြောင့် လက်ကျန်စစ်ကောင်စီတပ်တွေကစဉ့်ကလျားနဲ့ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး တချို့လက်နက်ချပြီးနောက်တိုင်းဌာနချုပ်ကိုရော မြို့ကိုပါအပြီးသတ်ထိန်းချုပ်နိုင်လိုက်တယ်။
လားရှိုးမြို့ကိုMNDAAကဇူလိုင်လ၃ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီးတလတိတိကြာတဲ့အချိန်မှာ သိမ်းပိုက်ရရှိခဲ့တာပါ။ဒါဟာတော်လှန်ရေးအဖွဲ့တွေ ပထမဆုံးသိမ်းပိုက်ရရှိခဲ့တဲ့တိုင်းစစ်ဌာနချုပ်ဖြစ်တယ်။တလဆိုတဲ့အချိန်တိုအတွင်းမှာပဲ စစ်ကောင်စီရဲ့နာမည်ကျော်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေလက်အောက်ဒူးထောက်ခဲ့ရတယ်။