လားရှိုးမြို့ကိုတိုက်ခိုက်နေတဲ့MNDAAဟာမြို့ကိုရရှိသွားပြီလို့ ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေအထိလားရှိုးမှာတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး အခုမြို့ကိုရရှိသွားတယ်ဆိုတော့မယုံနိုင်စရာပဲ။မြေပြင်မှာတော့ အခြေအနေတွေရှုပ်ထွေးနေဆဲလို့သိရတယ်။ထူးခြားမှုကတော့လားရှိုးတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကဗိုလ်မှုးကြီးအဆင့်အပါအဝင်အင်အားသုံးရာကျော်MNDAAထံအလင်းဝင်လာပါတယ်။ဒါဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂မှာစစ်တပ်ဘက်ကအင်အားအများဆုံးအလင်းဝင်လာတာပဲ။MNDAAကလဲအလင်းဝင်လာသူတွေကို ရာထူးအဆင့်လိုက်ဆုကြေးငွေပေးအပ်မယ်လို့ထုတ်ပြန်ထားသေးတယ်။ဒါကြောင့်အခုတကြိမ်ကအစပြုပြီး စစ်တပ်ကလက်နက်ချအလင်းဝင်မှုတွေဆက်တိုက်ဖြစ်လာတော့မှာလားလို့ထင်မိတယ်။
TLNAတပ်ဖွဲ့တွေကတော့မိုးကုတ်မြို့ကိုသိမ်းပိုက်ပြီး နောက်ဆက်လက်ပြီးကျောက်မဲနဲ့မိုးမိတ်မြို့တွေကို သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတယ်လို့သိရတယ်။စစ်ကောင်စီဘက်ကကျောက်မဲမြို့ကို စစ်ကူလွတ်လိုက်စစ်ကား၁၀စီးခန့်ကိုလဲ လမ်းမှာတင်ဖြတ်တောက်ပိတ်ဆို့တားဆီးနိုင်ခဲ့တယ်။တကယ်တော့ကျောက်မဲ၊မိုးမိတ်နဲ့သီပေါမြို့တွေကစစ်ကောင်စီတပ်တွေဟာ စစ်ဆင်ရေးစကတည်းကတော်လှန်ရေးအဖွဲ့တွေရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံနေရတာကြောင့် ခြင်းထဲကကြက်တွေလိုပါပဲ။စစ်ကောင်စီဘက်ကဘယ်လိုမှစစ်ကူပေးနိုင်ခြင်းမရှိတော့တဲ့အတွက် မြန်မြန်အမြင်မှန်ရပြီးလက်နက်မချရင်တော့အနှေးနဲ့အမြန်ချေမှုန်းခံရမှာပါ။