တော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်ထားတဲ့စဉ့်ကူးမြို့ကိုစစ်အုပ်စုကပြန်လည်ရယူဖို့ကြိုးစားနေပါတယ်။စစ်ကောင်စီတပ်တွေဟာမန္တလေးဆိပ်ကမ်းကနေဧရာဝတီမြစ်အတိုင်းဆန်တက်ပြီးစဉ့်ကူးမှာ ကမ်းတက်ဖို့ကြိုးစားခဲ့ပေမယ့်တော်လှန်ရေးအဖွဲ့တွေကတိုက်ထုတ်နိုင်ခဲ့တယ်။ကမ်းတက်ဖို့မအောင်မြင်တာကြောင့် ဧရာဝတီမြစ်နောက်ဘက်ကမ်းကနေလက်နက်ကြီးတွေနဲ့မြို့ကိုနေ့တိုင်းပစ်ခတ်နေပါတယ်။စဉ့်ကူးမြို့တောင်ဘက်မတ္တရာမြို့နယ်ထဲမှာလဲတိုက်ပွဲတွေပြင်းထန်နေပါတယ်။မတ္တရာဒေသထဲကစစ်ကောင်စီတပ်စခန်း၂၀
ကျော်အထိသိမ်းပိုက်ထားနိုင်ပြီးတော်လှန်ရေးတပ်တွေဟာမြို့နဲ့နှစ်မိုင်ခန့်အကွာအထိရောက်ရှိနေပါပြီ။တချို့တိုက်ပွဲတွေဆိုရင်မန္တလေးမြို့နဲ့ ၁၀မိုင်ခန့်အကွာကရွာတွေအထိရောက်လာတယ်။ဒါ့ကြောင့်စစ်ကောင်စီဟာ မန္တလေး-မတ္တရာလမ်းကိုပိတ်ချထားပြီး မန္တလေးမြို့ထဲမှာလဲခံစစ်ပြင်နေပါတယ်။မန္တလေးမြို့မြောက်ဘက် အစွန်ကသာသနနယ်မြေဖြစ်တဲ့မန္တလေးတောင်ကိုလဲ ပိတ်လိုက်ပြီးတောင်ပေါ်မှာတပ်စွဲလိုက်ပြီ။မန္တလေးမြို့ပေါ်ရှိရဲစခန်းနဲ့ထွေအုပ်ရုံးတွေမှဘန်ကာတွေနဲ့သဲအိတ်တွေကာပြီးလုံခြုံရေးထပ်တိုးထားတယ်။အရင်
ကတည်းကဘန်ကာတွေချ၊Slowdownတွေလုပ်ထားတယ်ဆိုပေမယ့် အခုကလေးလမ်းသွားကို သုံးလမ်းပိတ်ပြီးကားတစီးစာလေးချန်ထားတာပါ။မြို့ထဲကရပ်ကွက်တွေကြားထဲမှာလဲထပ်တိုးတပ်စွဲမှုတွေပြုလုပ်နေတယ်။လမ်းမကြီးတွေပေါ်မှာလဲအစစ်အဆေးတွေ အရင်ကထပ်ပိုကြမ်းနေတယ်။မြို့ခံတွေကတော့ စစ်ပွဲတွေမန္တလေးမြို့ထိရောက်လာတော့မှာလားဆိုပြီးစိုးရိမ်နေကြတယ်။
ဒီဇင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)
ရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။...