လားရှိုးမြို့ရဲ့အခြေအနေတွေဟာရှုပ်ထွေးနေပါတယ်။MNDAAက မြို့ကိုသိမ်းပိုက်လိုက်ပြီလို့ကြေညာထားပေမယ့်အလုံးစုံးမထိန်းချုပ်နိုင်သေးပါဘူး။မြို့ပတ်လည်ကစစ်ကောင်စီတပ်ရင်း အတော်များများကိုသိမ်းပိုက်ထားပြီးမြို့တွင်းတိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နေပါတယ်။အဓိကနေရာတွေဖြစ်တဲ့ လားရှိုးလေဆိပ်နဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ပင်မတပ်ကို မသိမ်းပိုက်နိုင်သေးပါဘူး။ဒါပေမယ့်လဲMNDAAတပ်တွေဟာ လားရှိုးမြို့လယ်ခေါင်မြို့တော်ခန်းမအထိရောက်ရှိနေပါပြီ။စစ်ကောင်စီဘက်ကလဲ လားရှိုးမြို့မကျသေးဘူးလို့ငြင်းထားတယ်။MNDAAကလဲမြို့ထဲမှာ ကင်းလှည့်နေတဲ့ဓာတ်ပုံတွေထုတ်ပြလာတယ်။
MNDAAအနေနဲ့လားရှိုးမြို့ကိုအလုံးစုံမရသေးခင်ရပြီလို့ ကြေညာခဲ့တာဟာတရုတ်ရဲ့ဖိအားကိုရှောင်လွဲချင်တာလို့ ယူဆရတယ်။ဒီလကုန်စစ်ကောင်စီကနိုင်ငံရေးပိုင်းမှာ အပြောင်းအလဲတစ်ခုခုလုပ်လာရင်စစ်ရေးမှာMNDAAအနေနဲ့လားရှိုးမြို့ကို ရရှိထားဖို့လိုနေတယ်လေ။ဒါ့ကြောင့်ဒီလကုန်မှာမြို့ကို အပြီးသိမ်းဖို့ကြိုးစားလိမ့်မယ်လို့ထင်မိတယ်။