အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၁၂၊ ၂၀၂၄။ (စနေ)

ချင်းပြည်နယ်၊ထန်တလန်မြို့ကို သိမ်းပိုက်နိုင်ဖို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာထန်တလန်CDFစစ်ဦးစီးချုပ် ကျဆုံးသွားပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်တွေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့်လို့သိရတယ်။ထန်တလန်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ တိုက်ခိုက်နေတာဖြစ်ပြီးမြို့ထဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ၂ခုသာကျန်ပါတော့တယ်။ ရခိုင်ပြည်နယ်၊အမ်းမြို့မှာလဲ အေအေတပ်တွေဟာ မြို့နဲ့တဖြည်းဖြည်းနီးကပ်လာပါပြီ။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ၃မိုင်ခန့်သာကွာဝေးတဲ့ တပ်ရင်းတစ်ခုကို အေအေကသိမ်းပိုက်နိုင်လိုက်တယ်။ဌာနချုပ်အတွင်းကိုလဲ လက်နက်ကြီးတွေနဲ့ပုံမှန်ပစ်ခတ်နေတယ်။ ကချင်ပြည်နယ်ဘက်မှာလဲ KIAကဖားကန့်မြို့နားကဆိုင်းတောင်ရွာကို အပီးသတ်ထိန်းချုပ်နိုင်လိုက်ပါပြီ။ထိုရွာထဲမှာနောက်ဆုံးတပ်စွဲခုခံနေတဲ့ လက်ကီးဟိုတယ်ကစစ်သူပုန်တွေကို...

Read moreDetails

အောက်တိုဘာ ၁၁၊ ၂၀၂၄။ (သောကြာ)

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း၁၀၀ကျော်ဖမ်းဆီးရမိပြီးစစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေကိုတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။စစ်ကောင်စီတပ်သားတွေ တိုက်ပွဲအတွင်းသုံးစွဲခဲ့တဲ့ မူးယစ်ဆေးဝါးတွေလဲမနည်းမနောပဲ။စစ်ဆေးမှုတွေအရ စစ်ကောင်စီတပ်သားတွေဟာ မူးယစ်ဆေးဝါးမသုံးစွဲရင် စစ်တိုက်လို့မရတော့ဘူးလို့သိရတယ်။သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေလဲ အမြောက်အမြားပါပဲ။လက်နက်ငယ်အလက်၄၀၀ ကျော်ရရှိလိုက်တယ်ဆိုတော့ အနည်းဆုံးPDFတပ်ရင်း၂ရင်းခန့်ကို လက်နက်တပ်ဆင်ပေးနိုင်မှာပေါ့။ထိုမြို့သိမ်းတိုက်ပွဲမှာရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေဟာ စစ်ကိုင်းတိုင်းအတွင်းကတိုက်ပွဲတွေမှာ အများဆုံးလို့သိရတယ်။အရင်ကောလင်းမြို့သိမ်းတိုက်ပွဲမှာတောင် ဒီလောက်များများမရခဲ့ဘူး။ကောလင်းမြို့ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်လက်လွတ်ထားရတယ်။မြို့ထဲမှာစစ်အုပ်စုက...

Read moreDetails

အောက်တိုဘာ ၁၀၊ ၂၀၂၄။ (ကြာသပတေး)

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ တပြိုင်နက်တိုက်ခိုက်နေတဲ့ မြို့သုံးခုထဲက ပင်လည်ဘူးမြို့ကိုအပြီးသတ်သိမ်းယူလိုက်နိုင်ပါပြီ။ထိုမြို့ကို NUGလက်အောက်ခံ PDFတပ်တွေဦးဆောင်ပြီးသိမ်းယူနိုင်ခဲ့တာပါ။ပင်လည်ဘူးမြို့ မကျစေရေးစစ်ကောင်စီဘက်က အသည်းအသန်ကြိုးစားခဲ့ပါတယ်။လေကြောင်းပစ်ကူတွေရော မြေပြင်စစ်ကူတွေရော အကြိမ်ပေါင်းများစွာပေးပို့ခဲ့တယ်။​ရောက်လာသမျှစစ်ကူတပ်တွေအားလုံးကိုလဲ တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်ပိတ်ဆို့ခြေမှုန်းနိုင်ခဲ့တယ်။စစ်ကောင်စီဟာ ပင်လည်ဘူးမြို့မကျစေရေးအတွက် စုစုပေါင်းအင်အား၈၀၀ခန့်အသုံးပြုပြီး ၂လကျော်ကြာခုခံခဲ့ပေမယ့် နောက်ဆုံးမှာတော်လှန်ရေးအဖွဲ့တွေဘက်က အောင်ပွဲရခဲ့တယ်။  

Read moreDetails

အောက်တိုဘာ ၀၉၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နာရေးကို သောင်းနဲ့ချီတဲ့ မြို့ခံပြည်သူတွေက လိုက်ပါပို့ဆောင်ကြပြီး လမ်းတလျှောက်မှာရော သုသာန်မှာပါ လူတွေ ကြိတ်ကြိတ်တိုးနေပါတယ်။ လမ်းတလျှောက်လုံးမှာ ထွက်ပြီး အလေးပြုကြတဲ့သူတွေကို အများကြီးပဲ။ ရုပ်အလောင်းကို ဂူသွင်းမြုပ်နှံတဲ့ တောင်အင်းမြောက်အင်း သုသာန်မှာလည်း...

Read moreDetails

အောက်တိုဘာ ၀၈၊ ၂၀၂၄။ (အင်္ဂါ)

ဒေါက်တာဇော်မြင့်မောင်ကျဆုံးသွားတာဟာ တိုင်းပြည်အတွက်အလွန်နစ်နာတဲ့ ဆုံးရှုံးမှုတစ်ခုပါ။သူဟာNLDပါတီရဲ့ ဒုဥက္ကဌလဲဖြစ်ပါတယ်။အဲ့ဒီမတိုင်ခင်ကလဲ နှစ်ပေါင်းများစွာစစ်အုပ်စုရဲ့ ထောင်သွင်းအကျဉ်းချခြင်းကို ခံခဲ့ရတယ်။၁၉၈၈အရေးတော်ပုံကစပြီး ထောင်ကျသွားတာနှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ၂၀၁၂ခုနှစ်လောက်မှ ပြန်လွတ်လာခဲ့တယ်။သူ့ရဲ့ဘဝအချိန်ပေါင်းများစွာဟာ ထောင်ထဲမှာပဲဒီမိုကရေစီအရေးအတွက် ကုန်ဆုံးခဲ့တယ်။ပြန်လွတ်လာပြီးနောက် NLDပါတီဦးဆောင်တဲ့အရပ်သားအစိုးရလက်ထက်မှာ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ သူ့လက်ထက်မှာမန္တလေးမြို့ဟာ မယုံနိုင်စရာကောင်းလောက်အောင် တိုးတက်ပြောင်းလဲခဲ့ပါတယ်။အရင်ကဒုစရိုက်မှုတွေ​ပေါများခဲ့ပြီး ညစ်ပတ်စုတ်ပြတ်နေတဲ့မြို့ကို အရှေ့တောင်အာရှရဲ့စမတ်စီးတီးတစ်ခုဖြစ်တဲ့အထိ...

Read moreDetails

အောက်တိုဘာ ၀၇၊ ၂၀၂၄။ (တနင်္လာ)

ယခင်အရပ်သားအစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။သူ့ကိုစစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ မတရားဖမ်းဆီး ထောင်ချထားခဲ့ပါတယ်။သွေးကင်ဆာရောဂါခံစားနေရပေမယ့် ထောင်ထဲမှာလိုအပ်တဲ့ ဆေးကုသမှုတွေမပေးခဲ့ပါဘူး။ရောဂါဝေဒနာအတော်ဆိုးလာမှ မန္တလေးဆေးရုံကို ပို့ဆောင်ခဲ့တယ်။​မနေ့ကတည်းက သတိလွတ်မေ့မျောနေခဲ့ပြီး ဒီနေ့မှာတော့ဆုံးပါးသွားခဲ့တယ်။သတိလစ်မေ့မျောနေချိန်မှာ စစ်ကောင်စီကလွတ်ငြိမ်းချမ်းသာခွင့်ကို လာဖတ်ပြသွားသေးတယ်။စေတနာရှိလို့မဟုတ်ပဲ သေတော့မှာသေချာလို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။အခုတော့တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့အာဇာနည်တစ်ဦးကို စစ်ကောင်စီကအနုနည်းနဲ့...

Read moreDetails

အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)

ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။

Read moreDetails

အောက်တိုဘာ ၀၅၊ ၂၀၂၄။ (စနေ)

တရုတ်အစိုးရရဲ့ ရပ်တည်ချက်တွေမှာ အဓိကအချက်တစ်ခု ကျန်ပါသေးတယ်။ အဲ့ဒါကတော့ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံကို ထူထောင်ထားသူဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရသို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက စစ်တပ်ကို အစားထိုးဝင်ရောက်၍ မရနိုင်ကြောင်း၊ စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံများနှင့် နီးစပ်သည့် NUG နှင့်...

Read moreDetails

အောက်တိုဘာ ၀၄၊ ၂၀၂၄။ (သောကြာ)

မြန်မာနောင်းက ဖော်ပြတဲ့သတင်းထဲက အဓိကအချက်အလက်တွေကတော့ တရုတ်ဟာ ဝ(UWSA) ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး၊ MNDAA နှင့် ကိုးကန့်ဒေသကို တရုတ်အစိုးရ၏ အလုံးစုံပိတ်ဆို့အရေးယူမှုတွင် UWSA က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ဖိအားပေး ခဲ့တယ်။ တရုတ်အစိုးရဟာ...

Read moreDetails

အောက်တိုဘာ ၀၃၊ ၂၀၂၄။ (ကြာသပတေး)

တရုတ်ကိုယ်စားလှယ်နဲ့ရှမ်းမြောက်ကEAOအဖွဲ့ တွေ့ဆုံပွဲကသတင်းအချက်အလက်တွေကို မြန်မာနောင်းသတင်းဌာနက ဖွင့်ချလိုက်ပါတယ်။ထိုတွေ့ဆုံပွဲကို MNDAAက လားရှိုးမြို့ကိုသိမ်းပိုက်ပြီးနောက်ပိုင်းမှာ​ ပြုလုပ်ခဲ့တယ်လို့သိရတယ်။စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မတွေ့ဆုံ​ခင်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်ကိုလာရောက်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တယ်။အဲ့ဒီနောက် တရုတ်အထူးကိုယ်စားလှယ်ဟာ တရုတ်မြန်မာနယ်စပ်မျဥ်းပေါ်က EAOတွေဖြစ်တဲ့ ကချင်အဖွဲ့၊ကိုးကန့်အဖွဲ့၊တအောင်းအဖွဲ့၊ဝအဖွဲ့တို့နဲ့ ဆက်တိုက်ဆိုသလို တွေ့ဆုံခဲ့တယ်။အဓီကကတော့ထိုEAOတွေအနေနဲ့စစ်ကောင်စီကို ဆက်လက်မတိုက်ခိုက်ဖို့ ဖိအားပေးခဲ့တာလို့သိရတယ်။ထိုအဖွဲ့တွေထဲမှာမှ...

Read moreDetails
Page 33 of 173 1 32 33 34 173

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist