ICCကမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးမယ့် မြန်မာပြည်ထဲအထိ လာဖမ်းလို့တော့မရပါဘူး။သူပြည်ပခရီးစဥ်တွေသွားတဲ့အချိန်ကျမှ သူသွားရောက်တဲ့နိုင်ငံကဖမ်းပေးမှရမှာပါ။ လက်ရှိမှာလဲမင်းအောင်လှိုင်ကို ရုရှားနဲ့တရုတ်ကလွဲပြီး ဘယ်နိုင်ငံမှလက်မခံပါဘူး။ထိုဖမ်းဝရမ်းဟာ မင်းအောင်လှိုင်ရဲ့နိုင်ငံရေးသိက္ခါကျစေရုံလောက်သာဖြစ်စေလိမ့်မယ်။တော်လှန်ရေးအတွက်တော့ ဘာသက်ရောက်မှုမှရှိမယ်မထင်ဘူး။ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ကြရမှာပါပဲ။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...