အရှေ့တောင်အာရှမှာအဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ကုန်းတွင်းပိတ်လာအိုနိုင်ငံကိုမြန်မာတွေသွားပြီးအလုပ်လုပ်နေရပါပြီ။လာအိုမှာလုပ်ခလစာအဖြစ်ဒေါ်လာ၂၀၀ခန့်သာရရှိပါတယ်။ဒေါ်လာ၂၀၀ဆိုတာမဖြစ်စလောက်လစာလေးပါပဲ။အာဏာမသိမ်းခင်ကငွေလဲနှုန်းနဲ့ဆိုရင်မြန်မာငွေနှစ်သိန်းကျော်သာရှိပါတယ်။အခုတော့ဒေါ်လာ၂၀၀ကမြန်မာငွေဆယ်သိန်းနားကပ်သွားပါပြီ။စီးပွားရေးချွတ်ခြုံကျနေတဲ့မြန်မာပြည်မှာဘယ်အခြေခံအလုပ်သမားမှဆယ်သိန်းလောက်မရပါဘူး။အဲ့ဒီတော့မြန်မာလူငယ်လေးတွေဟာဒေါ်လာ၂၀၀လောက်နဲ့လာအိုထိသွားအလုပ်လုပ်နေရတယ်။အာဏာသာမသိမ်းခဲ့ရင်မြန်မာပြည်ရဲ့အခြေခံလုပ်အားခဟာဒေါ်လာ၂၀၀မကရှိနေမှာပါ။အရင်ကလာအိုတို့၊ကမ္ဘောဒီးယားတို့ဟာအရှေ့တောင်အာရှမှာအဆင်းရဲဆုံးနိုင်ငံတွေပါ။အခုတော့မြန်မာပြည်ဟာသူတို့အောက်ရောက်သွားပါပြီ။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


