အေအေတပ်တော်ရဲ့ အပြင်းအထန်ပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံနေရတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့ကို စစ်ကောင်စီက မကွေးတိုင်းဘက်ကနေ အင်အားထောင်ချီစစ်ကူပေးဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့်လဲ စစ်ကူပေးဖို့ အမ်း နပခ ကို ချီတက်နေသည့် စစ်ကောင်စီစစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ရခိုင်ရိုးမထဲမှာကစဉ့်ကလျား ထွက်ပြေးနေရတယ်။ ထိုစစ်ကြောင်းဟာ စစ်ကား ၂၂ စီးပါပြီး အာရက္ခတပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကားနှစ်စီး မီးလောင်ပျက်စီးသွားတယ်။
စစ်ကူလမ်းကြောင်းများ ပိတ်ဆို့ဖြတ်တောက်ခံရပြီး နပခဌာနချုပ် ဝိုင်းပတ်တိုက်ခိုက်ခံနေရချိန်တွင် စစ်ကောင်စီက မကွေးတိုင်းမှ တပ်အင်အားများကို စုဖွဲ့ကာ အမ်း-ပဒါန်းလမ်းပိုင်းမှ စစ်ကူပို့လာခြင်းဖြစ်တယ်။အခုတော့ ထိုစစ်ကူစစ်ကြောင်းတွေ တပ်ပျက်သွားပါပြီး အဆက်အသွယ်တွေလည်းမရတော့ဘဲ စစ်အင်အား ၅၀၀ လောက်က ရခိုင်ရိုးမထဲထွက်ပြေးနေကြတယ်။
ရခိုင်ပြည်နယ်တောင်ဘက်စွန်း ဂွမြို့တိုက်ပွဲတွေမှာလဲ စစ်ကောင်စီက ဧရာဝတီတိုင်းကတပ်သားသစ်အများအပြားကို အသုံးပြုပြီး စစ်ကူပေးနေပါတယ်။ ထိုစစ်ကြောင်းတွေလဲ ကြားဖြတ်တိုက်ခိုက်ခံနေရပြီး အတင်းအဓ္ဓမပေါ်တာဆွဲလာတဲ့ လူငယ်တပ်သားသစ်အများအပြား သေဆုံးဒါမှမဟုတ်ထွက်ပြေးကုန်တယ်လို့ သိရတယ်။ စစ်ကောင်စီရဲ့စစ်သားစုဆောင်းခြင်းထဲမှာပါသွားတဲ့လူငယ်တွေကတော့ သေလမ်းနဲ့ အတော်နီးသွားပါပြီ။