စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန်ဒေါင့်ရွာရဲစခန်းကို တော်လှန်ရေးစုပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်လိုက်ပါပြီ။ထိုစခန်းကိုဒီလ ၂ရက်နေ့ ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၂ပတ်ကျော်ကြာမှ သိမ်းပိုက်နိုင်လိုက်တယ်။ဒီကြားထဲမှာလဲ စခန်းသိမ်းတိုက်ပွဲဆင်နွဲရင်းစစ်ကောင်စီရဲ့ တိုက်လေယာဥ်တစ်စင်းပျက်ကျခဲ့သေးတယ်။ ကန်ဒေါင့်ရဲစခန်းဟာစစ်ကိုင်းတိုင်း အနောက်ပိုင်းကို သွားတဲ့လမ်းပေါ်မှာတည်ရှိနေပြီးဘေးမှာလဲ ပျူစောထီးရွာနှစ်ရွာနဲ့ဝိုင်းရံထားသေးတယ်။ထိုရွာတွေကနေစစ်ကူပို့ဖို့ကြိုးစားပေမယ့်တော်လှန်ရေးအဖွဲ့တွေက ပိတ်ဆို့ထားနိုင်ခဲ့တယ်။အခုထိုရဲစခန်းကိုရပီးနောက် ပုလဲနယ်မှာပျူစောထီးရွာနှစ်ခုအပြင် ပုလဲမြို့ပေါ်မှာသာ စစ်ကောင်စီတပ်တွေကျန်ရှိတော့တယ်။
Read moreDetailsရွှေစျေးဒေါ်လာစျေးတွေ တက်လာပြီဆိုလို့ သတိထားမိတာတစ်ခုရှိတယ်။အခုစျေးတွေတက်လာတာဟာ ကမ္ဘာနိုင်ငံရေးစစ်ရေးကြောင့်ဖြစ်ပြီး ပြည်တွင်းရေးနဲ့ ဘာမှမဆိုင်ပါဘူး။ဒါပေမယ့်ပြီးခဲ့တဲ့ရက်တွေက စစ်ကောင်စီကိုILOကပိတ်ဆို့အရေးယူမှုတွေ လုပ်မယ်လို့ကြေညာတယ်။အရင်ကဆိုဒီလိုအရေးယူမှုမျိုးတွေရှိလာရင် စျေးတွေတက်နေကျပဲ။ဒါပေမယ့်ဒီတစ်ခေါက်မှာတော့ ငြိမ်ချက်သားကောင်းနေတယ်။စျေးတွေတက်ရင် စစ်ကောင်စီကကုန်သည်တွေကိုဖမ်းတယ်ဆိုပေမယ့်လဲ ဒါဟာအဖြေမဟုတ်သေးပါဘူး။စျေးတွေတက်မလာတော့ စစ်ကောင်စီလက်ထဲမှာနိုင်ငံငွေဒေါ်လာအလုံအလောက်ရှိနေပြီလား၊အရင်ဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး ပြင်ဆင်ထားနိုင်ပြီလား။ ဘယ်လောက်ပိတ်ဆို့မှုတွေရှိလာပါစေ စစ်ကောင်စီက ခံနိုင်ရည်ရှိနေပြီလားထင်မိတယ်။
Read moreDetailsကမ္ဘာ့နိုင်ငံရေး အခြေအနေပြောင်းလဲလာမှုတွေကြောင့် ပြည်တွင်းရွှေစျေးနဲ့ဒေါ်လာစျေးတွေတက်ရိပ်ပြလာပါတယ်။အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးနဲ့အီရန်တို့အပြန်အလှန်ဒုံးကျည်တွေနဲ့ပစ်နေတာကြောင့် စစ်ဖြစ်မှာစိုးရိမ်ပြီး ကမ္ဘာ့ရွှေစျေးတက်လာတယ်။ဒါ့ကြောင့်မြန်မာ့ရွှေစျေးဟာလဲ တစ်ကျပ်သားကို သိန်း၈၀ကျော်ရှိလာပါပြီ။ရွှေစျေးဟာသိန်း၆၀ ကျော်မှာကာလ အတန်ကြာငြိမ်နေခဲ့ရာမှ အခု သိန်းနှစ်ဆယ်ကျော်တက်သွားတယ်။ဒေါ်လာစျေးတွေကတော့ တက်ရိပ်ပြလာပေမယ့် ရွှေစျေးလောက်တော့မတက်ပါဘူး။ရွှေစျေး၊ဒေါ်လာစျေးတွေတက်လာရင် ကုန်စျေးပါလိုက်တက်လာတာကြောင့် စောင့်ကြည့်နေရတယ်။
Read moreDetailsကချင်ပြည်နယ်၊ ဖားကန့်ကိုရောက်ရှိသွားတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်နေတယ်။ ထိုစစ်ကောင်စီစစ်ကြောင်းက လမ်းသွားလမ်းလာအရပ်သားများကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစစ်ကြောင်းထွက်ခွာသွားပြီးနောက် သေဆုံးနေသည့် အရပ်သား ၁၀ဦး ကျော်အထိရှိလာပါပြီ။ အချို့ကိုပစ်သတ်ပြီး ရေတွင်းထဲပစ်ချသွားတယ်။ အချို့ကိုတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းများဖြတ်တောက်ပြီး ဆာလာအိတ်အတွင်းထည့်ထားတယ်။ ...
Read moreDetailsပြည်ပထွက်အလုပ်လုပ်ခွင့်ကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက မူဝါဒတွေ ပြောင်းလဲ ပြီး စိစစ်ခွင့်ပြုမှုတွေ ကြန့်ကြာတာကြောင့် ပြည်ပထွက်ဖို့ လုပ်ဆောင်ထားတဲ့ အလုပ်သမားတွေဟာ အတိုးငွေ ပိကာနစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေကြပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ကုန်ပိုင်းက စပြီး အလုပ်သမားတွေအတွက်...
Read moreDetailsလားရှိုးမြို့ကိုတရုတ်အကူအညီနဲ့စစ်ကောင်စီက ပြန်လည်ရရှိသွားပြီးနောက်မြို့ထဲကိုစစ်အင်အားတွေ အဆက်မပျက်ဖြည့်တင်းနေပါတယ်။မြို့ထဲကို အင်အားဖြည့်မယ်ဆိုရင်MNDAAနဲ့ညှိနှိုင်းရမယ်လို့သိတာပေမယ့် ဒီအချက်ဟာအသက်ဝင်ပုံမပေါ်ပါဘူး။ဒေသခံတွေကတော့ လားရှိုးမြို့ကိုအင်အားဖြည့်တင်းပြီးရင် အနီးအနားကဒေသတွေကိုပြန်လည်တိုက်ခိုက်မှာ စိုးရိမ်နေကြတယ်။ ဒါ့အပြင်မြို့ပေါ်ကို စစ်ကောင်စီရောက်လာပြီးနောက်ရာဇဝတ်မှုတွေ ပေါများလာပါတယ်။စစ်ကောင်စီဟာ စစ်ရေးလောက်သာစိတ်ဝင်စားပြီး မြို့တည်ငြိမ်ရေးမဲ့အုပ်ချုပ်ရေးပိုင်းကို ပစ်ထားတဲ့အတွက်ဒုစရိုက်မှုတွေ ပေါများလာတယ်။ရန်ကုန်၊မန္တလေးလိုမြို့ကြီးတွေမှာ တောင်ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့စိတ်မဝင်စားတာကြောင့် လားရှိုးမြို့ကပြည်သူတွေဟာ မလုံခြုံမှုတွေခံစားနေရတယ်။
Read moreDetailsအေအေနဲ့ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းပဲခူးတိုင်းဧရာဝတီတိုင်းအစပ်က ဒေသတွေမှာလဲ ဆက်လက်ရှိနေပါတယ်။ ထိုဒေသတွေကို ဧပြီလလောက်ကတည်းက ထိုးစစ်ဆင်ခဲ့ပေမယ့် အခြေအနေတွေက သိသာစွာတိုးတက်လာခြင်းမရှိပါဘူး။ အဓိကအချက်ကတော့ စစ်ကောင်စီဘက်က လူအင်အားတွေအဆက်မပျက် ဖြည့်တင်းနိုင်နေလို့ပါပဲ။ စစ်ကောင်စီက တရုတ် ရုရှားတို့ဆီကနေ စစ်လက်နက်ရင်းမြစ်လောက်မဟုတ်ပဲ နည်းပညာပိုင်းရော...
Read moreDetailsရခိုင်ပြည်နယ်က တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ရင်းနှီးမြုပ်နှံမှုများတည်ရှိရာ ကျောက်ဖြူမြို့ကို အေအေတပ်တော်က တဖြည်းဖြည်းတိုက်ယူနေပါတယ်။အေအေဟာကျောက်ဖြူထိုးစစ်ကိုဖေဖော်ဝါရီလကတည်းကစခဲ့တာဖြစ်ပြီး မြို့နဲ့လက်တကမ်းအကွာအထိရောက်လာပါပြီ။စစ်ကောင်စီကလဲ ကျောက်ဖြူမြို့ကိုမဆုံးရှုံးရရေးအတွက် စစ်ကူတွေအကြိမ်ကြိမ်ပို့ဆောင်နေတာ အင်အားတစ်ထောင်ကျော်ရှိနေပါပြီ။ဒါပေမယ့်အေအေရဲ့ထိုးစစ်မှာ သေဆုံးသူတွေထွက်ပြေးသူတွေများနေလို့ အင်အားပို့မလောက်ဖြစ်နေတယ်။တရုတ်စီမံကိန်းတွေရှိတဲ့အတွက် မြို့ကိုသိမ်းနိုင်ဖို့အချိန်ယူနေရပုံပဲ။
Read moreDetailsမနေ့ကပျက်ကျခဲ့တဲ့လေယာဥ်ကို ဒေသခံတော်လှန်ရေးအဖွဲ့တွေက သူတို့ပစ်ချခဲ့တာဖြစ်ကြောင်း အပြိုင်အဆိုင်သတင်းထုတ်ပြန်နေကြတယ်။တကယ်တမ်းတော့ ထိုလေယာဥ်ဟာပစ်ချခံလိုက်ရတာမဟုတ်ပဲ စက်ချွတ်ယွင်းပြီးပျက်ကျတာမျိုး ပိုဖြစ်နိုင်ပါတယ်။ ပျက်ကျသွားတဲ့လေယာဥ်ဟာသက်တမ်းလွန်နေပြီဖြစ်တဲ့ တရုတ်ထုတ်F7လေယာဥ်အမျိုးအစားအတည်ပြုနိုင်ခဲ့တယ်။ထိုလေယာဥ်တွေကို စစ်တပ်က၁၉၉၀ခုနှစ်လောက်ထဲကတရုတ်နိုင်ငံက ဝယ်ယူအသုံးပြုနေတာဖြစ်လို့ အခုဆိုရင်သက်တမ်း၃၅နှစ်ကျော်နေပါပြီ။မပစ်ချလဲသူ့ဘာသာသူပျက်ကျဖို့ ရာခိုင်နှုန်းများနေပြီ။ဒါ့အပြင်စစ်ကိုင်းတိုင်းလို ဒေသမျိုးမှာလေယာဥ်ပစ်လက်နက် ကောင်းကောင်းမရှိပါဘူး။ပြီးခဲ့တဲ့ရက်တွေကဝယ်လိုရပီလို့ ပြောထားခဲ့တဲ့လေယာဥ်ပစ်လက်နက်တွေကလဲ ဒီလောက်မြန်မြန်ရောက်မလာနိုင်သေးဘူးလေ။ဒီနေရာမှာပစ်ချသည်ဖြစ်စေ ၊ပျက်ကျသည်ဖြစ်စေစစ်ကောင်စီရဲ့ လေယာဥ်တစ်စီးပျက်စီးသွားဖို့က အရေးကြီးဆုံးပဲမဟုတ်လား။
Read moreDetailsစစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ဂျက်ဖိုက်တာလေယာဥ် တစ်စီးဒီနေ့ပျက်ကျခဲ့ပါတယ်။ထိုလေယာဥ်ဟာ ရွာတစ်ရွာထဲပျက်ကျခဲ့တာဖြစ်ပြီးအပျက်အစီးတွေကြားထဲမှာ လေယာဥ်မှုးအလောင်းလို့ ယူဆရတဲ့အရာတွေကို တွေ့ရှိထားတယ်။ပျက်ကျသွားတဲ့လေယာဥ်အမျိုးအစားကိုတော့ မသိရသေးပါဘူး။ထိုဒေသကတော်လှန်ရေးအဖွဲ့တွေကတော့ သူတို့ပစ်ချလိုက်တာလို့ ပြောကြတယ်။ ပုလဲမြို့နယ်မှာဇွန်လ၂ရက်နေ့ကတည်းက ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။စစ်ကောင်စီက နေ့စဥ်ဗုံးကြဲခုခံနေရင်း ဒီနေ့ဂျက်လေယာဥ်တစ်စီးပျက်ကျခဲ့တာပါ။
Read moreDetailsYou can copy without credits to our site. We Need Freedom.