စစ်တပ်ဟာတနိုင်ငံလုံးစစ်မျက်နှာပေါင်းများစွာရင်ဆိုင်နေရချိန်မှာကယားပြည်နယ်နဲ့ချင်းပြည်နယ်ကိုကြီးမားတဲ့စစ်ဆင်ရေးတွေလုပ်နိုင်တဲ့အကြောင်းရင်းတွေတော့ရှိလိမ့်မယ်။အကြမ်းဖက်စစ်တပ်ဟာနယ်မြေတစ်ခုကိုအင်အားထောင်ချီသုံးပြီးစစ်ဆင်ရေးတွေမလုပ်နိုင်တာအတော်ကြာခဲ့ပြီ။သူတို့ဟာစစ်မျက်နှာတိုင်းလိုလိုမှာခံစစ်ပုံစံသာရင်ဆိုင်နေခဲ့တာပါ။ ဒါပေမယ့်ဒီနှစ်ဆန်းပိုင်းမှာတရုတ်ကိုယ်စားလှယ်အသစ်မြန်မာပြည်ကိုရောက်လာတယ်။စစ်ကောင်စီနဲ့တွေ့တဲ့အပြင်တရုတ်ဩဇာခံမြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လဲလွန်းပြန်ထိုးပြီးတွေ့ဆုံခဲ့တယ်။ထိုတွေ့ဆုံမှုတွေကနေစစ်ကောင်စီနဲ့မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာသဘောတူညီချက်တစ်ချို့ရခဲ့တယ်။အဲ့ဒါကတွေထဲကတစ်ခုကတရုတ်နယ်စပ်မှာတိုက်ပွဲတွေမဖော်ဆောင်ရဘူးဆိုတာပဲ။တရုတ်နယ်စပ်မှာအလွတ်သဘောငြိမ်းချမ်းရေးယူလိုက်သလိုဖြစ်တဲ့အတွက်အင်အားလိုအပ်နေတဲ့စစ်တပ်အတွက်အသက်ရှုပေါက်ရသွားတယ်။နယ်စပ်ကတပ်တချို့ကိုထုတ်နုတ်ပြီးစစ်တပ်ကိုအကြီးအကျယ်ခြိမ်းခြောက်နေတဲ့နယ်မြေတွေကိုစစ်ဆင်ရေးကြီးတွေပြန်လုပ်ဖို့ပြင်ဆင်တော့တာပဲ။အခုဆိုရင်ချင်းပြည်နယ်နဲ့ကယားပြည်နယ်ဖက်ကိုအင်အားအလုံးအရင်းနဲ့နယ်မြေရှင်းလင်းဖို့လုပ်နေပြီ။တခြားဘယ်ဒေသတွေပါလာဦးမလဲဆိုတာတော့မသိသေးဘူး။ဘာပဲဖြစ်ဖြစ်ဒေသခံလက်နက်ကိုင်အဖွဲ့တွေကလဲငြိမ်နေမှာမဟုတ်တဲ့အတွက်ဒီနှစ်နွေရာသီမှာတိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တယ်။
Read moreDetailsစစ်တပ်ဟာကယားပြည်နယ်သာမကချင်းပြည်နယ်ကိုလဲအခုရက်ထဲမှာကြီးမားတဲ့စစ်ဆင်ရေးတွေလုပ်ဖို့ပြင်ဆင်နေတယ်လို့သိရတယ်။ချင်းပြည်နယ်ကိုစစ်အင်အားဖြည့်ဖို့အတွက်မကွေးတိုင်းပခုက္ကူမြို့ထဲမှာစစ်အင်အားများစွာစုစည်းနေပြီးချင်းတောင်ဖက်ကိုစစ်ကား၁၀၀စီးခန့်တက်လာလိမ့်မယ်လို့ခန့်မှန်းရတယ်။စစ်တပ်ဟာချင်းပြည်နယ်ဖက်ကိုစစ်ယာဉ်တန်းတွေနဲ့အင်အားမဖြည့်နိုင်တော့တာအတော်ကြာခဲ့ပြီ။ဒါကြောင့်ချင်းပြည်နယ်ဖက်မှာသူတို့ဟာမြို့တွေပေါ်မှာလောက်သာနယ်မြေစိုးမိုးနိုင်တော့ပြီးကျန်နေရာတွေကိုတော်လှန်ရေးအဖွဲ့ကစိုးမိုးနိုင်နေပြီ။ဒါကိုချေဖျက်ဖို့အတွက်ဒီနှစ်ပွင့်လင်းရာသီမှာချင်းပြည်နယ်ကိုအင်အားဖြည့်ဖို့လုပ်ဆောင်နေတာဖြစ်မယ်။ချင်းပြည်နယ်ကိုစစ်ယာဉ်တန်းတွေတက်လာမယ်ဆိုရင်တော့စစ်သူပုန်အတွက်အရင်အခေါက်တွေထပ်များစွာခက်ခဲနိုင်တယ်။တော်လှန်ရေးအဖွဲ့တွေကဧည့်ခံဖို့အဆင်သင့်ပဲလေ။
Read moreDetailsကယားပြည်နယ်မှာစစ်ကောင်စီကပြီးခဲ့တဲ့လကတည်းကစစ်အင်အားဖြည့်တင်းမှုတွေလုပ်နေပါတယ်။ဒီလထဲမှာတော့ကကယားပြည်နယ်တစ်ခုလုံးကိုအင်အား၁၅၀၀လောက်ရှိတဲ့စစ်ကြောင်း၅ကြောင်းခွဲပြီးထိုးစစ်တင်နေပါပြီ။စစ်ကောင်စီဟာမနှစ်ကလဲဖေဖော်ဝါရီလလောက်မှာထိုးစစ်ကြီးတစ်ခုဆင်နွဲခဲ့တယ်။အဲ့တုန်းကတော်လှန်ရေးအဖွဲ့တွေဖက်ကတစ်လခန့်ကြာအောင်ခုခံနိုင်ခဲ့ပေမယ့်နောက်ပိုင်းမှာနန်းမယ်ခုံလိုထိန်းချုပ်ဒေသတချို့ကိုလက်လွှတ်ခဲ့ရတယ်။အခုတစ်နှစ်အကြာမှာနောက်ထပ်ထိုးစစ်ကြီးတစ်ခုကယားပြည်နယ်ကိုစစ်တပ်ကပြုလုပ်လာခဲ့ပြန်ပြီ။ဒါပေမယ့်တော်လှန်ရေးအဖွဲ့တွေဖက်မှာတော့မနှစ်ကထပ်လက်နက်အင်အားပိုတောင့်တင်းလာခဲ့ပြီ။စစ်တပ်ရဲ့စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီးဒေသတွင်းအဖွဲ့တွေအချင်းချင်းဆွေးနွေးသဘောတူညီချက်တွေရပြီးပြီလို့လဲသိရတယ်။ကယားပြည်နယ်ထဲမှာပွဲတွေကတော့ကြည့်ကောင်းဦးမယ်ထင်တယ်။
Read moreDetailsစစ်အာဏာသိမ်းမှုကြောင့်နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံလူဦးရေသုံးပုံတစ်ပုံနီးပါးဟာအကူအညီတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂကပြောလိုက်တယ်။တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်တွေဟာတောထဲတောင်ထဲတွေမှာနေထိုင်ကြရကာအာဏာသိမ်းပြီနောက်စစ်ဘေးရှောင်အရေအတွက်ဟာ၁သန်းခွဲနီးပါအထိရှိလာပါပြီ။ဒီအရေအတွက်မှာအာဏာမသိမ်းခင်ကတည်းကရှိနေခဲ့တဲ့စစ်ဘေးရှောင်တွေမပါသေးဘူး။ထိုစစ်ဘေးရှောင်တွေဟာအကူအညီလုံးဝမရရှိပဲဖြစ်သလိုနေထိုင်နေရတယ်။ကုလသမဂ္ဂကအကူအညီတွေဟာစစ်ကောင်စီကတဆင့်သွားနေရတာဖြစ်တဲ့အတွက်တကယ်လိုအပ်တဲ့နေရာတွေကိုမရောက်ပဲထိုအဖွဲ့အစည်းတွေနဲ့စစ်ကောင်စီရဲ့အိတ်ထဲကိုသာရောက်သွားတယ်။ကုလသမဂ္ဂဆိုတာစစ်ဘေးရှောင်အကူအညီတွေအတွက်တောင်သုံးစားမရပါဘူး။ပြည်သူတွေဟာအချင်းချင်းဖေးမကူညီမှုတွေနဲ့ဆက်လက်ရှင်သန်နေကြရတယ်။
Read moreDetailsအကြမ်းဖက်စစ်တပ်ကပြည်သူတွေကိုခေါင်းဖြတ်သတ်ဖြတ်ခြင်း၊အမျိုးသမီးများကိုမုဒိန်းကျင့်ခြင်း၊အရပ်သားများကိုလက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်းအပါအဝင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုအရှိန်မြင့်လုပ်ဆောင်လာတယ်။မတ်လ၁ရက်နေ့ကတာတိုင်ရွာဖြစ်စဉ်ကအထင်ရှားဆုံးပဲ။စုစုပေါင်းပြည်သူ၁၇ဦးအထိအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံလိုက်ရတယ်။အဆိုပါဖြစ်စဉ်အပြင်တနိုင်ငံလုံးမှာစစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မှုတွေအများကြီးကျန်သေးတယ်။ မနေ့ကတင်တနင်္သာရီတိုင်းလောင်းလုံမြို့နယ်၊အောက်ကျောက်ဝပ်ကျေးရွာကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးပြည်သူ၅ဦးကိုသတ်ဖြတ်ကာနေအိမ်တွေကိုမီးရှို့သွားတယ်။စစ်ကိုင်းတိုင်းရေဦးမြို့မှာလဲကျေးရွာစာသင်ကျောင်းမှာလုံခြုံရေးစောင့်ပေးနေတဲ့LocalPDFငါးဦးကိုဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားတယ်။မြင်းခြံမြို့နယ်လေးရွာဆုံမှာNLDထောက်ခံသူစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ပြည်သူလေးဦးကိုလဲပျူစောထီးတွေနဲ့စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ကာအလောင်းတွေကိုစွန့်ပစ်ခဲ့တယ်။ဒါမျိုးဖြစ်စဉ်တွေတနိုင်ငံလုံးမှာအများအပြားဆက်လက်ဖြစ်ပွားနေတယ်။
Read moreDetailsကမ္ဘာ့ဘဏ်ကခန့်မှန်းတယ်တဲ့။ ၂၀၂၃-၂၄ ဘဏ္ဌာနှစ်မှာ မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဆိုးဆိုးရွား ရွားဆုတ်ယုတ်နိုင်ဖယ်ရှိတယ်လို့ဆိုတယ်။ အာဏာသိမ်းပြီးကတည်းက ကောင်းတာဘာရှိလို့ လဲ။ အခု ဆိုရင် တစ်နိုင်ငံလုံးမှာ မီးပျက်တာလည်းမြင်မကောင်းဘူး။ လူတွေက မီးလာချိန်ကိုမှန်းဆပြီးအလုပ် လုပ်နေကြရတယ်။ စားဝတ်နေရေးအတွက်ကရုန်းရကန်ရ၊ စစ်တပ်ကနှိပ်စက်တာလည်းတစ်ဖက်ကနေ လူးလှိမ့်ပြီးခံနေရသေးတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးတင်မဟုတ်ပါဘူး၊...
Read moreDetailsထန်ထလန်မှာလည်း စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့သိရတယ်။ စစ်တပ် ဟာ မရရတဲ့နည်းနဲ့ သူတို့အာဏာကိုတစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ဖို့ကြိုးပမ်းနေတယ်။ ထုံးစံအတိုင်း မြေပြင်မှာ တိုက်လိုမနိုင်ရင် လေကြောင်းနဲ့ဗုံးကြဲတယ်။ အဲဒီတော့ အရပ်သားတွေပါသေဆုံးကြရတယ်။ ပြည်သူတွေ ရဲ့အသက်ဟာ စစ်တပ်အာဏာအတွက် နေ့စဉ်နဲ့အမျှပေးဆပ်နေကြရတယ်။ ထန်တလန်မှမဟုတ်ပါဘူး။ စစ်ကိုင်းရော ကယားရော...
Read moreDetailsမြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့ရတာအများဆုံးကိစ္စတစ်ခုက စစ်ဘေး ရှောင်လူဦးရေများပြားလာတာပဲ။ မြန်မာတစ်နိုင်ငံလုံးမှာ စစ်ရှောင်သူဦးရေ နေ့စဉ်နဲ့အမျှတိုးလို့နေ တယ်။ စစ်ကိုင်း၊ ကယား၊ ချင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ မရေမတွက်နိုင်တဲ့ စစ်ရှောင်ဦးရေတွေ ဟာ အိုးအိမ်မဲ့ အစာရေစာရှားပါးမှုဒဏ်ကိုအလူးအလှိမ့်ခံနေကြရတယ်။ ဒီနေ့...
Read moreDetailsတာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမှာ လမ်းရှင်းနေတဲ့ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့ မနက် ၁၀ နာရီလောက်က ဗုံးနဲ့ ပစ် တိုက်ခိုက်ခံရတာကြောင် ယာဥ်ထိန်းရဲမေ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သ တင်းတွေမှာဖတ်ရပါတယ်။ ရန်ကုန်မြို့ဟာ လူတွေစည်ကား၊ ပွဲတော်တွေနဲ့အမြဲပြည့်နှက်နေတာကြောင့် ကွက်ပြီး လွတ်လပ်ရေးရနေသလားလို့တောင်...
Read moreDetailsမြန်မာနိုင်ငံတဝန်းစစ်တပ်သိမ်းပြီး၂နှစ်ကျော်ကာလအတွင်းကျမ်းမာရေးဝန်ထမ်းအယောက်၇၀၀လောက်သတ်ဖြတ်ခံထားရတယ်လို့NUGကထုတ်ပြန်လိုက်တယ်။အယောက်၉၀၀လောက်ဖမ်းဆီးခံထားရတယ်။စစ်အုပ်စုဟာကျမ်းမာရေးနဲ့ပတ်သက်တဲ့အဆောက်အုံများစွာကိုလဲဖျက်စီးထားသေးတယ်။ ကျမ်းမာရေးဝန်ထမ်းတွေဟာအာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီကိုအရေအတွက်အများဆုံးနဲ့CDMလုပ်ထားခဲ့တာပါ။အခုဆိုရင်စစ်ကောင်စီရဲ့ကျမ်းမာရေးစနစ်မှာလူအင်အားလုံလောက်မှုရှိမနေဘူး။ဒါကြောင့်စစ်အုပ်စုဟာကျမ်းမာရေးဝန်ထမ်းတွေအပေါ်အငြိုးတကြီးနဲ့တုန့်ပြန်ခဲ့တယ်။CDMလုပ်ထားတဲ့ဆရာဝန်တွေကိုပြည်တွင်းမှာဆေးကုလို့မရအောင်ပိတ်ပင်ခဲ့တယ်။ပြည်ပထွက်ဖို့ကိုလဲပတ်စပို့စ်ပြုလုပ်ခွင့်မပေးဘူး။CDMဆရာဝန်တွေကိုအလုပ်ခန့်ထားပြီးထောက်ပံပေးတဲ့မန္တလေးကပုဂ္ဂလိကဆေးရုံကြီးတွေဆိုဟိုတလောကယာယီပိတ်သိမ်းခံလိုက်ရသေးတယ်။ နယ်တွေမှာလဲစစ်အုပ်စုဟာသူတို့အုပ်ချုပ်မှုအောက်မှာမရှိတဲ့ဆေးရုံဆေးခန်းတွေကိုစစ်ကြောင်းထိုးရင်းဒါမှမဟုတ်လေကြောင်းကဗုံးကြဲပြီးဖျက်စီးနေကြတယ်။မြို့ကြီးတွေမှာလဲစစ်ကောင်စီရဲ့ကျန်းမာရေးစောင့်ရှောက်မှုဟာဟိုးအောက်ဆုံးရောက်နေပြီ။၂၀၂၁ကိုဗစ်တတိယလှိုင်းမှာပြည်သူအများအပြားသေဆုံးခဲ့ကြရတယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.