စင်ကာပူနိုင်ငံအခြေစိုက်UOBဘဏ်ကစစ်ဗိုလ်ချုပ်ကြီးများ၊ခရိုနီများ၊ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအပါအဝင်မြန်မာငွေစာရင်းတွေကနိုင်ငံခြားငွေလွှဲလုပ်ငန်းရပ်ဆိုင်းပြီးနောက်ပိုင်းရွှေဈေး၃၆သိန်းကျော်မြင့်တက်လာပြီး အမေရိကန် တစ်ဒေါ်လာဈေး ကျပ် ၃၅၀၀ ကျော်ရောက်ရှိလာတယ်။UOB ဘဏ်ကလာမည့်စက်တင်ဘာ လမှစပြီး မြန်မာဘဏ်များနှင့် လုပ်ငန်းလည်ပတ်မှု လုံးဝရပ်ဆိုင်း မည်ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ကမ္ဘာငွေကြေးဈေးကွက်အတွင်းသို့ဝင်ရောက်ရန်အခက်အခဲတွေဖြစ်ပေါ်နေကြောင့်ဒီလိုဈေးတွေတက်လာတာဖြစ်တယ်။UOBဘဏ်ဆိုတာစစ်ခေါင်းဆောင်ဦးသန်းရွှေလက်ထက်၁၉၉၄ခုနှစ်မှာဘဏ်ကိုယ်စားလှယ်ရုံးခွဲကို မြန်မာနိုင်ငံတွင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်နိုင်ငံခြား ဘဏ်အဖြစ်လုပ်ငန်းလိုင်စင်ရထားတယ်။ နိုင်ငံခြားငွေလဲနှုန်းတွေဟာ ပြီးခဲ့တဲ့...
Read moreDetailsစစ်ကိုင်းတိုင်း၊ပုလဲနယ် အခြေပြု တော်လှန်ရေးသမားတစ်ဦးဖြစ်တဲ့ဗိုလ်နဂါးရဲ့မြန့်မာတော်ဝင်နဂါးတပ်တော် (MRDA) က အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန (MoD)ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ထည့်သွင်းထားတဲ့ တပ်ရင်း လေးရင်းကို NUG က ပြန်လည် ထုတ်ပါယ်လိုက်တယ်လို့...
Read moreDetailsစင်ကာပူဘဏ်တစ်ခုဖြစ်တဲ့UOBဘဏ်ကမြန်မာနိုင်ငံရဲ့ဘဏ်အကောင့်တွေအားလုံးပိတ်သိမ်းတော့မယ်လို့ကြေငြာလိုက်တယ်။ဒါဟာကမ္ဘာ့ငွေကြေးစနစ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝင်ခွင့်ရမှုကို သိသိသာ ကန့်သတ်နိုင်လိုက်တာပဲ။ UOB ဘဏ်ဟာ မြန်မာဗိုလ်ချုပ်ကြီးတွေ၊ ကော်ပိုရေးရှင်းကြီးတွေ၊ ကြွယ်ဝချမ်းသာသူတွေအပြင် နိုင်ငံတ ကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အထူးသဖြင့် စင်ကာပူမှ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင် သူတွေ...
Read moreDetailsပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာစစ်ကောင်စီတပ်တွေနဲ့တော်လှန်ရေးအဖွဲ့တွေထပ်မံတိုက်ပွဲဖြစ်ပွားပြီးစစ်သူပုန်၃၀ခန့်သေဆုံးသွားပြန်တယ်လို့သိရတယ်။စစ်တပ်ကထိုနေရာတွေမှာPDFတွေရှိမယ်လို့ယူဆပြီးနယ်မြေရှင်းလင်းရေးလုပ်ရာမှာတော်လှန်ရေးအဖွဲ့တွေနဲ့ထိပ်တိုက်တွေ့ကာတနေကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့တယ်။ရာသီဥတုမကောင်းလို့လေကြောင်းပစ်ကူလဲမလာနိုင်တဲ့အတွက်သူတို့အကျအဆုံးများသွားတာပေါ့။လက်နက်၂၀ကျော်လဲသိမ်းဆည်းရမိလိုက်တယ်။တိုက်ပွဲတွေကြောင့်ညောင်လေးပင်၊ဖြူး၊ကျောက်တံခါးမြို့နယ်တွေမှာအင်တာနက်အဖြတ်ခံထားရတယ်။ စစ်တပ်ဟာပဲခူးတိုင်းအရှေ့ခြမ်းကိုအင်အားများစွာပို့ဆောင်ထားပြီးတပ်ဖျောက်ထားတယ်လို့သိရတယ်။တော်လှန်ရေးအဖွဲ့တွေကလဲထိုဒေသတစ်လျောက်လုံးကိုနယ်မြေစိုးမိုးနိုင်ဖို့ကြိုးစားနေတာဆိုတော့ထိပ်တိုက်တွေ့ဦးမှာပဲ။အခုချိန်ထိတော့စစ်သူပုန်တွေဟာထိုဒေသကရွာတွေကိုမီးမရှို့သေးဘူး။သူတို့အခြေအနေဒီထပ်ဆိုးလာရင်တော့မပြောတတ်ဘူး။
Read moreDetailsဒီနေ့ဟာရှစ်လေးလုံး အရေးတော်ပုံ (၃၅)နှစ်ပြည့်နေ့ပဲ။အရင်နှစ်တွေကဒီလိုနေ့မျိုးမှာ အထိမ်းအမှတ် ဆန္ဒပြမှုများရန်ကုန်နမှာ ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီဝင်များက လူကူးခုံးကျော်တံတားများပေါ်မှာ ကင်းပုန်းဝပ်ပြီးစစ်ဆေးမှုများ ပြုလုပ်နေတယ်။ ဒီနေ့အပြင်သွားတော့ခုံးကျော်တံတားပေါ် ထောင့်တွေမှာ စစ်သားတွေ ကင်းပုန်းဝပ်ပြီး စစ်နေတာ တွေ့ခဲ့တယ်။ပြည်လမ်း မာလာမှတ်တိုင်နားက ခုံးတံတားမှာဆို တံတားပေါ်က ဖြတ်သွားတဲ့...
Read moreDetailsကချင်ပြည်နယ်ဘက်မှာလဲစစ်ကောင်စီကဇူလိုင်လဆန်းမှာကေအိုင်ကေဌာနချုပ်နယ်မြေနဲ့နီးတဲ့နန့်ဆန်ယန်ဒေသကိုထိုးစစ်ဆင်လာပြီးနောက်ဇူလိုင်လကုန်ပိုင်းမှစပြီးကေအိုင်အေကလည်းစစ်ကောင်စီတပ်စခန်းတွေကိုဆက်တိုက်ဆိုတန်ပြန်ထိုးစစ်နဲ့တိုက်ခိုက်သိမ်းပိုက်နေတယ်။နန့်ဆန်ယန်ဒေသအနီးမြစ်ကြီနား-ဗန်းမော်လမ်းပေါ်ကစစ်ကောင်စီတပ်စခန်းတချို့ကိုကေအိုင်အေကပြီးခဲ့တဲ့ရက်ပိုင်းကသိမ်းပိုက်ထားတယ်။ လတ်တလောမှာဖားကန့်မြို့နယ်ကကသိုင်းတော်စစ်တပ်စခန်းကိုကေအိုင်ကသိမ်းပိုက်လိုက်ပြီ။ကသိုင်းတောင်စစ်စခန်းဟာစစ်တပ်အင်အား၇၀ကျော်နဲ့အခိုင်အမာတပ်စွဲထားတဲ့စခန်းတစ်ခုပါ။အထိအခိုက်အကျအဆုံးတွေကိုတော့ကေအိုင်ကေဖက်ကအရင်ကတည်းကထုတ်ပြန်လေ့မရှိတဲ့အတွက်အသေအချာမသိရဘူး။ ထို့အပြင်ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသမှာလဲတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်။စစ်ကောင်စီအတွက်တော့အိပ်နေတဲ့ကျားကိုသွားနိုးသလိုဖြစ်နေပြီ။
Read moreDetailsကရင်ပြည်နယ်ရဲ့အခြားဒေသတစ်ခုဖြစ်တဲ့မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးရဲ့လမ်းပိုင်းတစ်နေရာဟာမိုးအဆက်မပြက်ရွာသွန်းမှုကြောင့်မြေသားအိဆင်းကာပြတ်ကျသွားပါတယ်။အရင်ရက်တွေကတော့လမ်းပေါ်ရေကျော်တာတွေရှိနေပေမဲ့ခရီးသွားလာလို့ရသေးတဲ့အခြေနေပါ။ အခုကလမ်းပိုင်းကြီး ခါးကကြိုးသလို ဖြစ်တာဆိုတော့ ကားတွေအကုန် ရောက်တဲ့နေရာက ပြန်လှည့်နေကြတယ်။ လက်ရှိမှာ အဆိုပါ လမ်းပိုင်း ပြတ်ထွက်သွားသည့် နေရာတွင် ကားအစီးရေ ရာဂဏန်းခန့်ပိတ်မိနေတယ်။ထိုလမ်းပိုင်းကိုပြန်ပြင်နိုင်ဖို့ကအတော်ကြာနိုင်တယ်။တိုက်ပွဲတွေကြောင့်မကြာခဏပိတ်ထားရတဲ့ထိုအာရှလမ်းမကြီးဟာဒီဖြစ်ရပ်ကြောင့် မြဝတီနယ်စပ်မှ ကုန်စည်စီးဆင်းမှုမှာ ကာလအတန်ကြာ ရပ်ဆိုင်းသွားနိုင်တယ်။ မြန်မာပြည်အောက်ပိုင်းမှာကရင်ပြည်နယ်ထဲသာမကပဲမွန်ပြည်နယ်ထဲကပြည်ထောင်စုလမ်းမကြီးတွေပေါ်မှာလဲမိုးများသောကြောင့်လမ်းပေါ်ရေကျော်မှုတွေဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေလို့ကုန်စည်စီးဆင်းမှုတွေနှေးကွေးလျက်ရှိတယ်။
Read moreDetailsကရင်ပြည်နယ်ဘားအံမြို့ရှိစစ်ကောင်စီတပ်တွေအစစ်ဆေးကြမ်းသည့်သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့တယ်။အဆိုပါဂိတ်ဟာ အဖွဲ့စုံ စစ်ဆေးရေး ဂိတ်ဖြစ်ပြီးစစ်ဆေးရေးဂိတ်မှာ စစ်သားတွေ ၊ ရဲတွေ နဲ့ ထွေအုပ်က ရှာဖွေရေးလုပ်နေတဲ့သူတွေစုနေတဲ့ အချိန်မှာပေါက်ကွဲသွားတာပါ။ အဆောက်အဦးတွေတောင်ရစရာမရှိအောင်ပျက်စီးသွားတာဆိုတော့အသေအပျောက်များနိုင်တယ်။မနက်အစောပိုင်းဖြစ်တာကြောင့်ဖြတ်သွားဖြတ်လာပြည်သူတွေရှိအုံးမှာမဟုတ်သေးပဲစစ်ကောင်စီဘက်ကလူတွေတော့အတော်အထိအခိုက်များနိုင်တယ်။ကားဗုံးနဲ့ဖောက်ခွဲခဲ့တာလို့သိရပြီးဖောက်ခွဲတဲ့အဖွဲ့ကိုတော့ခုထိမသိရသေးဘူး။ကားဗုံးနဲ့စစ်ကောင်စီဘက်ကိုပြင်းပြင်းထန်ထန်ဖောက်ခွဲတာဟာနွေဦးတော်လှန်ရေးကာလမှာမှတ်မိသလောက်ဒါပထမဆုံးပဲ။ကရင်ပြည်နယ်ဘားအံဒေသဟာစစ်ကောင်စီကိုတိုက်ခိုက်မှုတွေမရှိသလောက်ဖြစ်နေတဲ့ဒေသတစ်ခုဖြစ်တယ်။
Read moreDetailsမြန်မာပြည်အောက်ပိုင်းတနင်္သာရီတိုင်းမှဒုတိုင်းမှုးနဲ့နယ်လုံဝန်ကြီးတို့ကိုစစ်ကောင်စီတပ်မှအချင်းချင်းပြန်လည်ဖမ်းဆီးသွားတယ်။ဌာနတွင်းသတင်းပေါက်ကြားမှုတွေနဲ့လာဘ်စားမှုတွေကြောင့်နေပြည်တော်ကအထူးအဖွဲ့ကိုယ်တိုင်လာရောက်ဖမ်းဆီသွားတာဖြစ်တယ်။မကြာသေးခင်ကလဲကချင်ပြည်နယ်ဘက်ကတိုင်းမှုးကိုကေအိုင်အေနဲ့ဆက်သွယ်တယ်ဆိုပြီးအလားတူဖမ်းဆီးသွားသေးတယ်။ အခုနောက်ပိုင်းစစ်ကောင်စီကထိပ်ပိုင်းအရာရှိတွေဖမ်းဆီးခံနေရတာတွေတွေ့နေရပြီ။အရင်တုန်းကတပ်ရင်းမှုးအဆင့်လောက်သာအမိန့်မနာခံမှုကြောင့်အဖမ်းခံရတာမျိုးသာရှိပြီးအခုဆိုရင်တိုင်းမှုးအဆင့်လောက်ထိဖြစ်လာပြီ။သူတို့ဘယ်လိုပဲအကြောင်းပြပါစေဒါဟာစစ်အုပ်စုထဲမှာအချင်းချင်းမယုံကြည်မှုတွေကြီးထွားလာတာကိုပြသနေတာပဲ။တချို့ကတော့ဒီလိုဖြစ်ရပ်တွေကြောင့်တပ်တွင်းပုန်ကန်မှုတွေဖြစ်လာမယ်လို့မျှော်လင့်ကြတယ်။ဒါပေမယ့်ဒါဟာဖြစ်နိုင်ချေနည်းသေးတယ်လို့ယူဆတယ်။တဖက်ကတွေးကြည့်ရင်မင်းအောင်လှိုင်ဟာအခုလိုမထင်ရင်မထင်သလိုအရေးယူနေတာကြောင့်စစ်တပ်ထဲမှာအကြောက်တရားပိုမိုကြီးထွားလာပြီးမင်းအောင်လှိုင်အလိုကျနေမယ့်သူတွေသာများလာနိုင်တယ်။မကြာသေးမှီကပဲစစ်ကောင်စီရဲ့အစိုးရအဖွဲ့ကိုမင်းအောင်လှိုင်ကသူယုံကြည်ရတဲ့သူတွေနဲ့ပဲပြောင်းလဲဖွဲ့စည်းလိုက်တယ်လေ။ဒါကြောင့်တပ်တွင်းပုန်ကန်မှုဖြစ်လာဖို့အလားအလာတော့အခုအချိန်ထိမတွေ့သေးဘူး။
Read moreDetailsရှမ်းပြည်မြောက်ပိုင်းကEAOအဖွဲ့တစ်ခုဖြစ်တဲ့TNLAနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာလို့ဖြစ်ပွားရတာဖြစ်ပြီးတရုတ်နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်တဲ့၁၀၅မိုင်နားမှာလက်နက်ကြီးသံတွေဆက်တိုက်ကြားနေရတယ်။မူဆယ်မြို့ထဲမှာလဲပေါက်ကွဲမှုတွေမကြာခဏဖြစ်ပွားလျက်ရှိတယ်။၁၀၅မိုင်ကုန်သွယ်ရေးစခန်းကတော့တိုက်ပွဲတွေကြောင့်ဖွင့်လိုက်ပိတ်လိုက်ပဲ။ ဒီတိုင်းဆိုရင်တရုတ်နယ်စပ်မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်ဟာလဲထိုင်းနယ်စပ်မြဝတီကုန်သွယ်ရေးဇုန်လိုပဲမရေရာမသေချာမှုတွေရှိလာလိမ့်မယ်။နယ်စပ်ကုန်သွယ်ရေးစခန်းတွေအကုန်ပိတ်သွားရင်စစ်ကောင်စီရောပြည်သူတွေပါပိုမိုခက်ခဲကြပ်တည်းလာလိမ့်မယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.