စစ်ကောင်စီက ဦးစီးကျင်းပမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုနှုန်းများနေတာတွေ့ရတယ်။ ဘယ်သူ တွေတက်မလဲပေါ့။ စစ်ကောင်စီနဲ့ လက်ဝါးချင်းရိုက်ထားတဲ့အဖွဲ့ဆယ်ဖွဲ့လောက်ပဲတက်ကြလိမ့်မယ်ဆို တာအားလုံးက ခန့်မှန်းပြီးသားပါ။ မင်းအောင်လှိုင်ကတော့ မျက်နှာပြောင်တိုက်ပြီး လိုက်ဖိတ်နေလေရဲ့။ နိုင်ငံတကာအသိသက်သေတွေကိုပါခေါ်မယ်လို့လည်းဆိုတယ်။ အခုလို စစ်ကောင်စီရဲ့ NCA စာချုပ် ငြိမ်းချမ်းရေးလမ်းကြောင်း ကြိုးစားမှုတွေဟာ နိုင်ငံတကာမှာ ပုံဖော်ဖို့ အတွက်သာ လုပ်ဆောင်နေတာ မှန်းအားလုံးက သိပြီးသားပါ။
ဧပြီ ၁၆၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
မြန်မာနှစ်သစ်ကူးသင်္ကြန်ချိန်ခါကတော့ ဒီနေ့မှာပြီးဆုံးသွားခဲ့ပါပြီ။ဒီနှစ်သင်္ကြန်ကတော့ အတီးအမှုတ်အကအခုန်တွေမရှိတဲ့အတွက် မြို့ကြီးတွေမှာတောင် ခြောက်ကပ်ကပ်ပါပဲ။သင်္ကြန်မြို့တော်လို့...