ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/ KNLA) နဲ့မဟာမိတ်တွေရဲ့ စစ်ရေးထိုးစစ်ကြောင့် အာဏာသိမ်းချိန်ကစတင်ပြီး ၂၀၂၃ နှစ်လယ်ပိုင်းအထိ အာဏာသိမ်းစစ်ကောင်စီဟာ တပ်စခန်း ၆၂ ခု ဆုံးရှုံးထားတယ်လို့ KNUကထုတ်ပြန်လိုက်တယ်။စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ စခန်းတွေဟာ သထုံခရိုင်မှာ ၁၇ ခု ၊ တောင်ငူမှာ ၆ ခု ၊ ညောင်လေးပင်မှာ ၁၃ ခု ၊ တနင်္သာရီမှာ ၁ ခု ၊ဖာပွန်မှာ ၂၁ ခု ၊ ကြာအင်းဆိပ်ကြီးမှာ ၅ ခုတို့ဖြစ်တယ်။သံလွင်မြစ်ကမ်းတလျောက်ကအဓိကစစ်စခန်းတွေကိုစစ်ကောင်စီတပ်ဟာဆုံးရှုံးထားတယ်။ဒါဟာသံလွင်မြစ်ကမ်းတလျှောက်မှာKNUကအပြည့်အဝကိုထိန်းချုပ်ထားနိုင်တဲ့သဘောပဲ။ဒါ့အပြင်ထိုစခန်းတွေကိုသိမ်းပိုက်နိုင်တာကြောင့်KNUဟာထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့နယ်နိမိတ်တွေကိုထိန်းချုပ်မှုပိုရလာပါတယ်။ပြီးခဲ့တဲ့တပတ်ကတင်ထိုင်းနယ်စပ်ကရေတလျှောက်စခန်းကိုKNUနဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်ထားခဲ့ပါသေးတယ်။စစ်ကောင်စီဟာ ဆုံးရှုံးလိုက်ရတဲ့နယ်မြေတွေကို ပြန်မရပေမယ့်သူတို့ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် KNU နယ်မြေမှာ စစ်ရှောင် အရေအတွက် ၆ သိန်းကျော် ရှိလာတယ်လို့ သိရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


