ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က အင်အား ၁၀၀၀ ကျော်ဖြင့် ပြန်လည်သိမ်းယူနိုင်ရန် အပြင်းအထန်ကြိုးစားနေတယ်။လက်နက်ကြီးတွေအလွန်အကျွံသုံးပြီးနေရာစုံကစစ်ကြောင်းထိုးနေတာပါ။ဒါပေမယ့်အခုချိန်ထိတော့တောင်ခြေကိုတောင်မကပ်နိုင်သေးဘူး။အထိအခိုက်အကျအဆုံးများစွာနဲ့ပြန်ဆုတ်သွားရတယ်။ကော့ကရိတ်မြို့တောင်ဘက်ကကျေးရွာတွေမှာလဲ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတယ်။အဲဒီနှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး လမ်းပိတ်သွားပြီး ကုန်ကားနဲ့ ခရီးသွားယာဉ်တွေ လမ်းပိတ်...
Read moreDetailsစစ်ကိုင်းတိုင်း၊အိန္ဒိယနယ်စပ်၊တမူးခရိုင်းခမ်းပတ်မြို့မှာ လေးရက်ဆက်တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ခမ်းပက်မြို့နှင့်အနီးဝန်းကျင်ကျေးရွာများကို လေကြောင်းပစ်ခတ်တိုက်ခိုက်၊ဗုံးကြဲခဲ့တယ်။ ခမ်းပါတ်မြို့ရှိရဲစခန်းနှင့်စစ်ကောင်စီတပ်ကိုတော်လှန်ရေးအင်အားစုများကဇူလိုင်၂၂ရက်ညတွင်စတင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ကကလေးမြို့မှစစ်သားများကိုဇူလိုင် ၂၃ ရက်တွင်လေကြောင်းမှခမ်းပါတ်မြို့ နှင့်အနည်းငယ်သာဝေးသောနေရာသို့ချ၍ ပို့ပေးခဲ့တယ်။ထိုစစ်ကူတွေကိုတော်လှန်ရေးအဖွဲ့များက ဇူလိုင် ၂၃ ရက်တွင် ကြားဖြတ်တိုက်ခိုက်လို့စစ်ကောင်စီတပ်အထိနာခဲ့တယ်။ဒါကြောင့်တိုက်ပွဲ ၄ ရက်မြောက်နေ့မှာ စစ်တပ်ကလေကြောင်းမှတိုက်ခိုက်တော့တာပဲ။ ခမ်းပါတ်မြို့ပေါ်မှာရပ်ကွက် ၅...
Read moreDetailsနှစ်သောင်းတန်ဂယက်ကတော့စတင်ရိုက်ခတ်နေပါပြီ။စစ်ကောင်စီ ထုတ်ဝေမယ့် ငွေစက္ကူအသစ်မထွက်ခင်မှာ ရွှေဈေးနှုန်း တစ်ကျပ်သားကို သိန်း ၄၀ နီးပါးအထိမြင့်တက်ပြီး၊ ဒေါ်လာငွေလဲနှုန်းမှာတစ်ဒေါ်လာကို၃၅၀၀ကျပ်ဝန်းကျင်ထိမြင့်တက်လာပါတယ်။ဒါပေမယ့်ရွှေလုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက ဖမ်းဆီးနေတာကြောင့် ရန်ကုန်နဲ့ မန္တလေးရှိ ရွှေဈေးကွက် လက်ရှိအချိန်ထိဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူး။ငွေစက္ကူထွက်မယ့် ရက်နီးလာတာရယ်၊ နိုင်ငံရေးအပြောင်းအလဲရှိတယိဆိုတဲ့သတင်းတွေကြောင့် ဈေးကခုန်တက်လာတာဖြစ်တယ်။ရွှေဈေးကတော့ ရွှေလောကမှာ...
Read moreDetailsပဲခူးတိုင်း၊စစ်တောင်းမြစ်အနီးရှိကျောက်တံခါးမြို့နယ်ထဲမှာစစ်ကြောင်းထိုးလာတဲ့စစ်သူပုန်တွေကိုKNUPDFပူးပေါင်းအဖွဲ့တွေဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်။အင်အားလေးရာကျော်အထိပါတဲ့အကြမ်းဖက်စစ်သူပုန်တွေဟာစစ်ကြောင်းနှစ်ကြောင်းခွဲပြီးထိုဒေသကိုဝင်ရောက်လာခဲ့တာပါ။တနာရီကြာခန့်တိုက်ပွဲဖြစ်ခဲ့ပြီးစစ်သူပုန်၄၀ခန့်သေဆုံးသွားပြီး၄၀ခန့်ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့NUGကထုတ်ပြန်တယ်။ပဲခူးတိုင်းအတွင်းမှာတိုက်ပွဲကြီးတွေသိပ်ဖြစ်လေ့မရှိဘူး။ဒီတခေါက်ကတော့ပဲခူးတိုင်းအတွင်းကတိုက်ပွဲတွေမှာသတိထားမိသလောက်စစ်သူပုန်တွေအသေအပျောက်အများဆုံးပဲ။ တော်လှန်ရေးအဖွဲ့တွေဟာပဲခူးတိုင်းအရှေ့ခြမ်းကိုတိုးဝင်စပြုလာပြီ။စစ်တောင်းမြစ်အရှေ့ဘက်အခြမ်းကနေအနောက်ဖက်အခြမ်းကိုကူးပြီးရန်ကုန်-မန္တလေးလမ်းမကြီးကိုထိန်းချုပ်နိုင်ဖို့ကြိုးစားလာကြပြီ။ဒါကိုသိတဲ့စစ်ကောင်စီဟာလဲစစ်တောင်မြစ်ဝှမ်းဒေသတလျောက်မှာခံစစ်ပြင်ထားတယ်။အရင်ကငြိမ်သက်နေခဲ့တဲ့ပဲခူးတိုင်းအတွင်းမှာလဲလှုပ်ရှားမှုတွေပေါ်ပေါက်လာတော့မယ်။
Read moreDetailsစစ်ကောင်စီကနှစ်သောင်းတန်ကိုမိတ်ဆက်လိုက်ချိန်တပြိုင်နက်ထဲမှာပဲNUGကလဲနွေဦးဘဏ်ကိုစတင်လွှင့်တင်လိုက်ပါပြီ။ဒီလဆန်းကတည်းကကြေငြာထားတဲ့နွေဦးဘဏ်ကိုအခုလောလောဆယ်သုံးစွဲသူတစ်ထောင်နဲ့စတင်တည်ထောင်လိုက်တယ်။ဒစ်ဂျစ်တယ်ဘဏ်အမျိုးအစားဖြစ်ပြီးNUGကဒေါ်လာငါးသိန်းကနဦးမတည်ထားတယ်။အမေရိကန်ဒေါ်လာအပါအဝင်နိုင်ငံတကာငွေကြေးငါးမျိုးနဲ့ဝန်ဆောင်မှုပေးမှာဖြစ်တယ်။အသုံးပြုတွေလုံခြုံစိတ်ချစွာအကောင့်တွေဖွင့်နိုင်မှာဖြစ်ပြီးရွှေပါစုနိုင်မယ်လို့ပြောထားတယ်။လောလောဆယ်မှာတော့စမ်းသပ်ကာလတစ်လသတ်မှတ်ထားပြီးတနှစ်အတွင်းဘဏ်ကိုအသုံးပြုသူငါးသိန်းခန့်ရည်မှန်းထားတယ်။ မနှစ်ကဒီလိုအချိန်မှာNUG PAYထွက်ပေါ်လာပြီးနောက်ဒါဟာNUG PAYထပ်အစပေါင်းများစွာကြီးမားတဲ့ခြေလှမ်းတစ်ခုပဲ။နွေဦးဘဏ်ဟာNUGရဲ့ဘဏ္ဏာရေးအပိုင်းမှာအကြီးမားဆုံးလုပ်ဆောင်မှုလို့ပြောလို့ရသလိုအကြီးမားဆုံးစိတ်ခေါ်မှုလို့လဲပြောလို့ရတယ်။သတင်းတွေထွက်နေသလိုနောက်ပိုင်းမှာVISIA,MASTER CARDတွေအထိအသုံးပြုလို့ရရင်တော့တော်တော်အခြေအနေကောင်းသွားမယ်။ဒစ်ဂျစ်တယ်ဘဏ်ဖြစ်နေတဲ့အတွက်လူတွေရဲ့ယုံကြည်စိတ်ချမှုကိုဘယ်လောက်ထိဆွဲဆောင်နိုင်မလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ရမယ်။
Read moreDetailsစစ်ကောင်စီဟာကျပ်နှစ်သောင်းတန်တွေဒီလကုန်မှာထုတ်ဝေတော့မယ်လို့ဆိုင်းမဆင့်ဗုံမဆင့်ကြေငြာလိုက်တယ်။မင်းအောင်လှိုင်တည်ထားတဲ့ဘုရားနဲ့သူမွေးထားတဲ့ဆင်ဖြူတော်တစ်နှစ်ပြည့်အထိမ်းအမှတ်လို့အကြောင်းပြချက်ပေးတယ်။ဘာလိုပဲအကြောင်းပြချက်ပေးပါစေထိုကြေငြာမှုကြောင့်ပြည်တွင်းစီးပွားရေးတစ်ခုလုံးရှော့ရသွားတယ်။ရွှေ၊ဒေါ်လာ၊အိမ်ခြံမြေ၊ကားဈေးကွက်တွေအားလုံးသတင်းထွက်ထွက်ချင်းအရောင်းပိတ်လိုက်ကြပြီ။ဈေးတွေထိုးတက်တော့မယ်လေ။အခုလိုမြန်မာကျပ်ငွေhyper inflationဖြစ်နေချိန်မှာနှစ်သောင်းတန်ထုတ်ဝေလိုက်တာအတွက်စစ်ကောင်စီဟာမိုက်မဲလွန်းတယ်လို့ပြောရမယ်။တကယ်ကအဖက်ဖက်ပိတ်ဆို့မှုတွေကြောင့်စစ်ကောင်စီဟာရွှေးချယ်စရာမရှိတော့ပဲကြုံတွေ့နေရတဲ့ဘဏ္ဏာရေးအကျပ်အတည်းကိုဖြေရှင်းဖို့အခုလိုရူးမိုက်စွာလုပ်ဆောင်လိုက်တာဖြစ်တယ်။နှစ်သောင်းတန်ရဲ့အကျိုးဆက်တွေဟာဒီတရက်နှစ်ရက်အတွင်းသိသာထင်ရှားစွာပေါ်ထွက်လာလိမ့်မယ်။
Read moreDetailsတနေ့ကကရင်ပြည်နယ်လက်ခတ်တောင်တိုက်ပွဲမှာ ဆုတ်မိန့်မရဘဲ တပ်ဆုတ်ခဲ့တဲ့အကြမ်းဖက်စစ်တပ်က တပ်ရင်းမှူးနဲ့ဒုတပ်ရင်းမှူးကိုအာဏာဖီဆန်မှုနဲ့ထောင်ချထားတယ်လို့သိရတယ်။သူတို့တွေဟာလက်အောက်ကတပ်သားတွေပစ်ထားခဲ့ပြီးကိုယ်လွတ်ရုံးပြေးလာခဲ့တာပါ။ဒါ့အပြင်လက်ခတ်တောင်၌ တပ်စွဲထားခဲ့တဲ့ စစ်ကောင်စီတပ်ဟာဒေသတွင်းရှိကျေးရွာများကိုလက်နက်ကြီးဖြင့်ပစ်ခတ်ရန်ပစ်မှတ်ချိန်ထားတာကိုသက်သေနှင့်တကွတွေ့ရှိရတယ်။စစ်သူပုန်တွေဟာအရပ်သားရွာတွေကိုအချိန်မရွေးလက်နက်ကြီးနဲ့ပစ်ခတ်ဖို့ကြံရွယ်ထားတာပဲ။ပြောမပြနိုင်လောက်အောင်ယုတ်မာရိုင်းစိုင်းတဲ့အကောင်တွေပဲ။တခြားသူတို့တပ်စွဲထားတဲ့စခန်းတွေမှာလဲလက်နက်ကြီးတွေနဲ့ရွာတွေကိုချိန်ရွယ်ထားမှာကျိန်းသေတယ်။ မြဝတီမြို့မှာတော့မြို့တွင်း၊ မြို့ပြင်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ ပိုများလာပြီး မြို့မရဲစခန်း ပတ်ပတ်လည်က ဝင်ပေါက်တွေကို လုံးဝ ပိတ်ချထားတဲ့အပြင် လုံခြုံရေးတွေ ပိုမိုတိုးမြှင့် ချထားတယ်။ မြို့တွင်းမှာတော့...
Read moreDetailsမြန်မာရုပ်ရှင်ဇာတ်လမ်းတွဲတွေရိုက်ကူးမယ်ဆိုရင်ဆင်ဆာတင်ရတော့မယ်လို့စစ်ကောင်စီလက်အောက်ခံရုပ်ရှင်အစည်းအရုံးကထုတ်ပြန်လိုက်ပါတယ်။မြန်မာ့ရုပ်ရှင်လောကမှာဆင်ဆာစနစ်ကိုဖျက်သိမ်းထားတာဆယ်စုနှစ်တစ်ခုလောက်ရှိနေပါပြီ။အာဏာသိမ်းပြီးနောက်စစ်ကောင်စီဟာဆင်တာစနစ်ကိုပြန်လည်အသက်သွင်းခဲ့တယ်။အစကတော့ရုပ်ရှင်ကားကြီးတွေသာဆင်ဆာတင်ရပေမယ့်အခုဆိုရင်ဇာတ်လမ်းတွဲတွေပါလာပြီပေါ့။ဇာတ်လမ်းတွဲစထွက်လာကတည်းကဆင်ဆာတင်ရခြင်းမရှိခဲ့ဘူး။အခုစစ်ကောင်စီလက်အောက်ရောက်မှဆင်ဆာတင်ရတော့မယ်လေ။အာဏာသိမ်းပြီးကတည်းကပြည်သူတွေသပိတ်မှောက်ထားတာကြောင်းနလန်မထူနိုင်တဲ့ရုပ်ရှင်လောကဟာအခုတော့ပိုပြီးဆိုးရွားလာဖို့ပဲရှိမယ်။
Read moreDetailsကရင်ပြည်နယ်မြဝတီမြို့အနီးကလက်ခတ်တောင်ပေါ်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကနှစ်ရက်တိုင်တိုင်တိုက်ခိုက်ပြီးတောင်ကြောတစ်ခုလုံးကိုသိမ်းယူလိုက်ပါတယ်။လက်ခတ်တောင်စခန်းဟာစစ်ရေးအရဗျူဟာအချက်အချာအကျဆုံးနေရာတစ်ခုပါ။စစ်ကောင်စီတပ်တွေအင်အားအလုံးအရင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လက်ခတ်တောင်ပေါ်မှာတပ်စွဲထားကြပြီး မြဝတီမြို့နဲ့၇မိုင်ပဲဝေးတာမို့ခံစစ်စည်းအဖြစ်သတ်မှတ်ထားကြတယ်လို့သိရတယ်။တိုက်ပွဲမှာတော်လှန်ရေးတပ်ဖွဲ့တွေကနေ လက်နက်အမြောက်အများရရှိခဲ့ကြတယ်။ စခန်းသိမ်းတဲ့အချိန် စစ်သားတွေက တောင်ပေါ်ကနေလေထီးခုန်သလိုကြောက်အားလန့်အားနဲ့ခုန်ချထွက်ပြေးတယ်။အာဏာသိမ်းခါစကဘယ်ကောင်သေရဲလဲဆိုတဲ့ကောင်တွေခုတော့ခွေးပြေး၊ဝက်ပြေးပြေးနေရတယ်။ပိုပြီးထူးခြားတာကတိုက်ပွဲဖြစ်ချိန်မှာတောင်ပေါ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး က အသေမခံနိုင်လို့ ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။ စစ်တပ်က အရာရှိပိုင်းတွေ ထွက်ပြေးလည်းပြေးချင်စရာပါပဲ၊ စစ်တိုက်ရတာ ပြည်သူရဲ့အားပေးထောက်ခံမှုလည်းမရ၊စားနပ်ရိက္ခာကလည်းမလုံလောက်ဘူး၊လူအင်အားကလည်းအတော်နည်းနေတယ်၊ဒါကိုအတင်းဖိအားပေးတော့ထွက်ပြေးတာပေါ့။အခုနောက်ပိုင်းတိုင်းရင်းသားဒေသတွေကရင်ဆိုင်တိုက်ပွဲတွေမှာစစ်သူပုန်တွေအပြင်းအထန်မခုခံတော့ပဲထွက်ပြေးမှုတွေပိုများလာတာသတိထားမိတယ်။
Read moreDetailsဒီနေ့ဟာအာဇာနည်နေ့ပါ။စစ်အုပ်ဟာအာဇာနည်နေ့အခမ်းအနားကိုလုံခြုံရေးတင်းကျပ်စွာနဲ့ရန်ကုန်မြို့မှာကျင်းပတယ်။ဒေါ်အောင်ဆန်းစုကြည်ကတော့ထိုအခမ်းအနားကိုတက်ရောက်ခွင့်မရပါဘူး။ဒီနေ့ရန်ကု်နမှာစစ်အုပ်စုကလမ်းအတော်များများပိတ်ထားတာကြောင့်ပြည်သူတွေဒုက္ခရောက်တာပဲအဖတ်တင်တယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့စိုးမိုးနယ်မြေတွေမှာတော့အာဇာနည်နေ့အခမ်းအနားကိုသူ့နည်းသူ့ဟန်နဲ့အသီးသီးကျင်းပကြတယ်။ဒီဇူလိုင်လထဲမှာပဲမနှစ်ကကိုဂျင်မီနဲ့ကိုဇေယျာသော်တို့မတရားသေဒဏ်အပေးခံခဲ့ရတယ်။သူတို့ချည်းပဲတော့မဟုတ်ပါဘူး။ဒီကာလကြီးမှာအာဇာနည်တွေရင်နာနာနဲ့ပေါ်ထွက်ခဲ့ကြတယ်။သူတို့တွေစတေးခဲ့တာတွေအချည်းနှီးမဖြစ်ဖို့ဒီတော်လှန်ရေးကြီးအောင်မြင်အောင်ဝိုင်းဝန်းကြိုးစားရမယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.