ရန်ကုန်မြို့အင်းလျားကန်စောင်းမှာရှိတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံအမှတ်၅၄ကိုစစ်ကောင်စီကကြမ်းခင်းဈေးအမေရိကန်ဒေါ်လာသန်းကိုးဆယ်ခန့်နဲ့လေလံတင်ရောင်းချမယ်လို့ကြေညာလိုက်တယ်။ထိုအိမ်ကိဒေါ်အောင်ဆန်းစုကြည်ရဲ့အကိုနဲ့တရားဆိုင်ထားတာကြာပါပြီ။အရင်အစိုးရလက်ထက်ကဒေါ်အောင်ဆန်းစုကြည်ကိုအနိုင်ပေးပြီးအိမ်ကိုလွှဲပေးခဲ့ပေမယ့်အခုစစ်ကောင်စီလက်ထက်မှာအမှုကိုပြန်ဖော်ပြီးလေလံတင်ဖို့ဆုံးဖြတ်ခဲ့တာပါ။ထိုခြံအမှတ်၅၄နေအိမ်ကိုယဉ်ကျေးမှုအမွေအနှစ်အဖြစ်NUGကသတ်မှတ်ထားပြီးအများပြည်သူနဲ့ဆိုင်တဲ့နေရာတစ်ခုဖြစ်သောကြောင့်တစ်ဦးတည်းပိုင်ဆိုင်ခွင့်မရှိကြောင်းကြေညာထားတယ်။ထိုကြေညာချက်အတိုင်မြန်မာပြည်သူတရပ်လုံးလက်ခံထားကြတယ်။ဒါ့ကြောင့်ဒီရောင်းချမှုဟာတရားမဝင်သလိုဝယ်ယူမှုဟာလဲတရားဝင်မှာမဟုတ်ပါဘူး။ဒါပေမယ့်လေလံဝင်ဆွဲမယ့်သူရှိမရှိကတော့စောင့်ကြည့်ရမှာဖြစ်ပြီးနောက်ဆက်တွဲဘာတွေဆက်ဖြစ်လာမလဲတော့မခန့်မှန်းနိုင်သေးဘူး။စစ်ကောင်စီရဲ့ဒီဆုံးဖြတ်ချက်ဟာဒေါ်အောင်ဆန်းစုကြည်အပေါ်အောက်လုံးသုံးပြီးနိုင်ငံရေးအရလက်စားချေတာပဲ။ထိုနေအိမ်ဟာ၂၀၁၂ခုနှစ်ကဒေါ်အောင်ဆန်းစုကြည်ကိုအမေရိကန်သမ္မတအိုဘားမား၊နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်တို့လာရောက်တွေ့ဆုံခဲ့တဲ့နေအိမ်ဖြစ်တာကြောင့်မြန်မာပြည်သူတွေအတွက်တော့နိုင်ငံရေးအရတကယ့်ကိုသမိုင်းဝင်နေရာတစ်ခုဖြစ်တယ်။
နိုဝင်ဘာ ၁၄၊ ၂၀၂၄။ (ကြာသပတေး)
မနေ့ညပိုင်းက မိုးကုတ်မြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်အပြီး ဒီနေ့မှာလဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊...