နွေဦးတော်လှန်ရေးအရှိန်ကိုအလှည့်အပြောင်းဖြစ်စေတဲ့၁၀၂၇စစ်ဆင်ရေးကြီးဟာဒီနေ့နဲ့ဆိုသုံးလတိတိပြည့်မြောက်ခဲ့ပါပြီ။သုံးလပြည့်လာတဲ့အချိန်တွင်တနိုင်ငံလုံးမှာအနည်းဆုံးမြို့ပေါင်း၃၃မြို့ကိုသိမ်းပိုက်ပြီးခဲ့ပြီ။မြန်မာနိုင်ငံမှာမြို့နယ်ပေါင်း၃၃၀ကျော်ရှိတယ်။၃၃မြို့ကိုသိမ်းနိုင်တယ်ဆိုတော့တနိုင်ငံလုံးရဲ့၁၀ရာခိုင်နှုန်းခန့်ကိုအပြည့်အဝထိန်းချုပ်နိုင်တဲ့သဘောပါပဲ။
၁၀၂၇စစ်ဆင်ရေးဟာတရုတ်ရဲ့ဖိအားတွေကြောင့်ဒီလ၁၂ရက်နေ့တွင်ရှမ်းမြောက်မှာအပစ်ရပ်လိုက်ရတယ်။ဒါပေမယ့်ရခိုင်ပြည်နယ်မှာအေအေကတော့စစ်တပ်နဲ့အပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားနေဆဲပဲ။အပစ်ရပ်လိုက်တဲ့မြောက်ပိုင်းသုံးဖွဲ့ရဲ့နေရာကိုကချင်EAOဖြစ်တဲ့KIAကအတိုင်းအတာတစ်ခုအထိဝင်ရောက်နေရာယူပြီးရှမ်းမြောက်နဲ့ကချင်ပြည်နယ်မှာစစ်ကောင်စီကိုဆက်လက်တိုက်ခိုက်နေတယ်။ဒါ့ကြောင့်အခုအချိန်အထိတော့နေရာအနှံ့မှာတိုက်ပွဲတွေဖြစ်ပွားနေဆဲပါပဲ။
တရုတ်ရဲ့ဖိအားကြောင့်စစ်ကောင်စီနဲ့ယာယီအပစ်ရပ်လိုက်ပေမယ့်စစ်အာဏာရှင်အမြစ်ဖြတ်ရေးအဆုံးထိတိုက်ပွဲဝင်သွားမယ်လို့မြောက်ပိုင်းသုံးဖွဲ့ကအခါခါကတိပြုထားတယ်။ဒါ့ကြောင့်တရုတ်နှစ်သစ်ကူးရာသီအပြီးဖေဖော်ဝါရီလကုန်မတ်လဆန်းလောက်မှာ၁၀၂၇ရဲ့ဒုတိယလှိုင်းတစ်ခုဖြစ်လာလောက်တယ်လို့ထင်မိတယ်။
နိုဝင်ဘာ ၁၄၊ ၂၀၂၄။ (ကြာသပတေး)
မနေ့ညပိုင်းက မိုးကုတ်မြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်အပြီး ဒီနေ့မှာလဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊...