အကြမ်းဖက်စစ်ခေါင်းဆောင်တွေနေထိုင်တဲ့နေပြည်တော်ကိုလုံခြုံရေးသိသိသာသာတိုးမြှင့်လိုက်တယ်။NUGရဲ့လမ်းအားလုံးနေပြည်တော်သို့စီမံချက်ထွက်ပေါ်လာပြီးနောက်လုံခြုံရေးအင်အားတွေတိုးမြှင့်ချထားလိုက်တာဖြစ်တယ်။နေပြည်တော်အဝင်လမ်းအားလုံးကိုလုံခြုံရေးတင်းကျပ်ထားပြီးတချို့လမ်းတွေကိုဖျက်စီးခိုင်းထားတယ်လို့အတွင်းသတင်းတွေအရသိရတယ်။နေပြည်တော်နဲ့အနီးဆုံးဖြစ်တဲ့ကရင်နီပြည်နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်နေတာလဲပါမှာပေါ့။အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာနေပြည်တော်ကိုခံစစ်စပြင်နေပြီဆိုပါတော့။ ဒါ့အပြင်စစ်ကောင်စီဟာအင်အားမလုံလောက်မှုကြောင့်မြို့ကြီးတွေမှာလုံခြုံရေးယူထားတဲ့တပ်တွေကိုထုတ်နုတ်ပြီးစစ်မြေပြင်တွေကိုပို့ဆောင်နေတယ်။အလစ်တိုက်ခိုက်ခံရမှာကိုစိုးရိမ်တာကြောင့်အဝေးပြေးလမ်းတွေပေါ်ကစစ်ဆးရေးဂိတ်တွေကိုလဲလျော့ချလိုက်တယ်။မြို့ပေါ်မှာတော့စစ်မှုထမ်းဟောင်းတွေ၊အခပေးစစ်သားတွေနဲ့အိုနာကျိုးကန်းတွေသာကျန်တော့တယ်။မြို့ပြပျောက်ကျားတွေအားနည်းသွားတဲ့အတွက်ဒီအခွင့်အရေးကိုတော်လှန်ရေးအဖွဲ့တွေအသုံးချနိုင်မယ်မထင်ဘူး။
Read moreDetailsမြန်မာပြည်မြောက်ပိုင်းကEAOအဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေဒီလထဲမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်။ဇွန်လဆန်းကတရုတ်ရဲ့ကြားဝင်ပေးမှုအရတွေ့ဆုံခဲ့ရတဲ့စစ်ကောင်စီနဲ့မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့တို့ရဲ့ဆွေးနွေးပွဲပျက်သွားပြီးနောက်စစ်ကောင်စီရဲ့ထိုးစစ်တွေထိုဒေသမှာပြန်လည်စတင်လာတာတွေ့ရတယ်။တိုက်ပွဲတွေဟာTLNAနယ်မြေမှာရောMDAAနယ်မြေတွေမှာပါကြိုကြားကြိုကြားဖြစ်ပေါ်နေပြီးတိုက်ပွဲကြီးတွေတော့မတွေ့ရသေးပါဘူး။ဒါပေမယ့်စစ်တပ်ကဆက်လက်ထိုးစစ်ဆင်နေမယ်ဆိုရင်တိုက်ပွဲကြီးတွေဖြစ်လာမယ့်သဘောမှာရှိတယ်။မြောက်ပိုင်းမှာကချင်KIAအဖွဲ့ကလွဲလို့ကျန်တဲ့အဖွဲ့တွေဟာတရုတ်ရဲ့ဖိအားပေးမှုတွေကြောင့်စစ်ကောင်စီကိုစတင်တိုက်ခိုက်တာမျိုးမတွေ့ရပဲယခုမှစစ်ကောင်စီတပ်တွေဘက်ကပြန်လည်တိုက်ခိုက်လာတာဖြစ်တယ်။ ကချင်ပြည်နယ်မှာလဲလိုင်ဇာပတ်ဝန်းကျင်ကိုနယ်မြေစိုးမိုးမှုရယူနိုင်ဖို့ကြိုးစားနေတဲ့စစ်တပ်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုးအပါအဝင်ထိပ်ပိုင်းအရာရှိအချို့နေပြည်တော်မှာဖမ်းဆီးစစ်ဆေးခြင်းခံနေရတယ်။KIAနဲ့ပတ်သက်နေတယ်ဆိုပြီးခေါ်ယူစစ်ဆေးနေတာပါ။ဒါကြောင့်ကချင်ပြည်နယ်ထဲမှာစစ်တပ်ရဲ့ထိုးစစ်ကြီးတွေမစတင်နိုင်သေးတာလားတော့မသိဘူး။KIAကိုဒီအချိန်မှာထိုးစစ်ပြုရင်လဲစစ်တပ်ဟာကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်နေမှာပဲ။
Read moreDetailsအွန်လိုင်းစနစ်နဲ့ရောင်းချတဲ့လုပ်ငန်းတွေကိုစစ်ကောင်စီကထိန်းချုပ်တော့မယ်လို့ထုတ်ပြန်လိုက်တယ်။အွန်လိုင်းရှော့ပင်းလုပ်ငန်းတွေကိုမှတ်ပုံတင်ခိုင်းပြီးအခွန်ကောက်မှာပါ။မလိုက်နာရင်ထောင်ဒဏ်သုံးနှစ်အထိချမှတ်မယ်လို့လဲပါတယ်။အွန်လိုင်းရှော့ပင်းလုပ်ငန်းဟာပြည်သူတွေတနိုင်တပိုင်လုပ်ကိုင်နေကြတဲ့လုပ်ငန်းတစ်ခုပါ။စီးပွားရေးကြပ်တည်းနေချိန်မှာထိုလုပ်ငန်းတွေကိုပါကြပ်မတ်ဖို့လုပ်ဆောင်လာခြင်းဟာပြည်သူတွေကိုတမင်ငတ်သေအာင်လုပ်နေသလိုပဲ။အခုချိန်ထိတော့အမိန့်တစ်ခုအနေနဲ့ပဲရှိနေသေးတယ်။တကယ်အရေးယူလာခဲ့ရင်တော့အခြေခံလူတန်းစားတွေအတွက်အကြပ်အတည်းတွေပိုဖြစ်လာလိမ့်မယ်။
Read moreDetailsထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီတွေ့ဆုံခွင့်ပေးတဲ့အကြောင်းဆက်ပြောရရင်အရင်ကတည်းကပြောခဲ့သလို့စစ်ကောင်စီဟာသူတို့ထွက်ပေါက်ပိတ်နေချိန်မှာဒေါ်အောင်ဆန်းစုကြည်ကိုထုတ်သုံးတဲ့သဘောပဲ။သူတို့ဟာဒေါ်အောင်ဆန်းစုကြည်ကိုNUGနဲ့PDFကိုမထောက်ခံပါဘူးလို့ပြောစေချင်တယ်။ဒါမှလဲတော်လှန်ရေးကိုသွေးခွဲလို့ရမှာကိုး။အခုလဲဒေါ်အောင်ဆန်းစုကြည်ကNUGနဲ့PDFကိုမထောက်ခံဘူးလို့ဝါဒဖြန့်ချီနေတာတွေ့ရတယ်။ဒါပေမယ့်သူတို့မှာသက်သေခိုင်ခိုင်မာမာမရှိဘူး။ဒေါ်အောင်ဆန်းစုကြည်သာတကယ်ထိုကဲ့သို့ပြောခဲ့ရင်ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံတဲ့အချိန်မှာပြောခဲ့တဲ့မှတ်တမ်းကိုထုတ်ပြနိုင်ရမှာပေါ့။အမေစုကပြင်ပကအခြေအနေအမှန်ကိုမသိပဲဘာမှတ်ချက်မှမပေးမှာသေချာတယ်။စစ်ကောင်စီရဲ့ပြောစကားတွေအားလုံးဟာမိုးလုံးပြည့်မှုသာဝါဒတွေပဲ။
Read moreDetailsထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုဒေါ်အောင်ဆန်းစုကြည်နဲ့နေပြည်တော်မှာတွေ့ဆုံခွင့်ပေးခဲ့တယ်လို့စစ်ကောင်စီကဝန်ခံလိုက်တယ်။စစ်ကောင်စီဟာဒေါ်အောင်ဆန်းစုကြည်ကိုUNကိုယ်စားလှယ်နဲ့ရော၊အာဆီယံကိုယ်စားလှယ်ရော၊တရုတ်နဲ့ရုရှားတို့အပါအဝင်မည်သည့်နိုင်ငံသို့မဟုတ်အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့တောက်လျောက်တွေ့ခွင့်မပေးပဲယခုထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုသာပထမဆုံးကိုယ်စားလှယ်အဖြစ်တွေ့ဆုံခွင့်ပေးခဲ့တယ်။ဒါကိုကြည့်ခြင်းအားဖြင့်စစ်ကောင်စီဟာထိုင်းအစိုးရကိုတရုတ်၊ရုရှားကိုကျော်ပြီးအယုံကြည်ရဆုံးမိတ်ဆွေအဖြစ်သတ်မှတ်လိုက်တာပဲ။ ထိုင်းစစ်တပ်ကျောထောက်နောက်ခံထားတဲ့ထိုင်းအစိုးရဲ့လုပ်ဆောင်ချက်တွေဟာလဲမြန်မာပြည်သူတွေအတွက်ရုပ်ပျက်လွန်းတယ်။စစ်ကောင်စီကိုအကြိမ်ကြိမ်အသိအမှတ်ပြုကူညီပေးခဲ့တယ်။အာဆီယံသဘောတူညီချက်ကိုဆန့်ကျင်ကာစစ်ကောင်စီကိုဖိတ်ကြားပြီးအလွတ်သဘောဆွေးနွေးပွဲဟုခေါင်းစဉ်တပ်ထားတဲ့ပွဲမျိုးနှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့တယ်။အခုလဲထိုင်းရွှေးကောက်ပွဲပြီးနောက်အစိုးရနေရာကဖယ်ပေးရတော့မယ့်အချိန်မတိုင်ခင်လေးမှာစစ်ကောင်စီကိုရသလောက်ကူညီပေးနေတာပဲ။မြန်မာပြည်ဒီမိုကရေစီရသွားမှာသူတို့အရမ်းကြောက်နေတယ်။သူတို့နိုင်ငံမှာလဲမနေ့ကဝန်ကြီးချုပ်ရွှေးပွဲပြုလုပ်တော့ဒီမိုကရေစီအင်အားစုခေါင်းဆောင်ဖိထာကိုမဲမနိုင်အောင်ထိုင်းစစ်တပ်ကခန့်အပ်ထားတဲ့လွတ်တော်အမတ်တွေကဝိုင်းညစ်ခဲ့ကြတယ်။ထိုင်းနိုင်ငံမှာလဲဒီမိုကရေစီအင်အားစုတွေရွေးကောက်ပွဲမှာမဲအပြတ်အသတ်နိုင်ခဲ့ပေးမယ့်ဝန်ကြီးချုပ်တင်မြောက်ပြီးအစိုးရဖွဲ့နိုင်ဖို့ကအခြေအနေမကောင်းသေးပါဘူး။ထိုင်းစစ်တပ်ကကန့်လန့်တိုက်နေတယ်။သူတို့အခြေအနေမကောင်းသမျှမြန်မာ့ဒီမိုကရေစီးအဆင်မပြေနိုင်သေးဘူး။
Read moreDetailsထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့ကနေပြည်တော်ကိုတိတ်တဆိတ်လာရောက်ပြီးမတရားဖမ်းဆီးအကျဉ်းချခံနေရတဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရသွားတယ်လို့ထိုင်းအစိုးရကထုတ်ပြန်လိုက်တယ်။တနာရီကျော်ကြာတွေ့ဆုံခွင့်ရလိုက်ပြီးဘာတွေဆွေးနွေးသွားတယ်ဆိုတာတော့မပြောသေးဘူး။ဒါပေမယ့်ထိုင်းမီဒီယာတစ်ခုကတော့ဒေါ်အောင်ဆန်းစုကြည်ဟာNUGနဲ့PDFကိုမထောက်ခံဘူးလို့ဖော်ပြထားတာတွေ့ရတယ်။ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်တော့ထိုကဲ့သို့ပြောသံမကြားသေးဘူး။ တကယ်ဆိုရင်ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ပြောလဲဒေါ်အောင်ဆန်းစုကြည်အကျဉ်းချခံထားရတဲ့အခြေအနေမှာယုံကြည်ရတဲ့အနေအထားမှာမရှိပဲသူ့ရဲ့တဖက်သတ်ပြောဆိုချက်သာဖြစ်နေမှာပဲ။ထိုသတင်းနဲ့ပတ်သက်ပြီးNUGကတော့ထိုတွေ့ဆုံမှုဟာတရားဝင်ခြင်းမရှိလို့တုန့်ပြန်ထားပြီးစစ်ကောင်စီဖက်ကတော့တစုံတရာမပြောသေးဘူး။
Read moreDetailsကျပ်ငွေတန်ဖိုးကျဆင်းပြီးနိုင်ငံခြားငွေဈေးမြင့်မားနေတာကြောင့်အခြားကုန်ပစ္စည်းပေါင်းများစွာနဲ့အတူအိမ်သုံးဆေးဝါးဈေးနှုန်းတွေလဲဆက်တိုက်မြင့်တက်လာတယ်။လူသုံးများတဲ့အဖျားပျောက်ဆေးတကဒ်ကိုအရင်က၅၀၀ကျပ်သာရှိခဲ့ရာမှအခုဆို၁၂၀၀ကျပ်လောက်ထိဖြစ်နေပြီ။ဒါဟာအိမ်သုံးဆေးဝါးအပိုင်းသာရှိသေးပြီးနာတာရှည်လူနာများအတွက်ဆိုရင်ရေရှည်ဆေးဝါးရရှိဝယ်ယူနိုင်စွမ်းမှာအခက်အခဲတွေဖြစ်လာနိုင်တယ်။မြန်မာ့ဆေးဝါးဈေးကွက်ဟာပြည်ပမှတင်သွင်းတဲ့ဆေးဝါးများကို၈၀ရာခိုင်နှုန်းမှီခိုနေရတာကြောင့်အခုလိုမြင့်တက်လာတာဖြစ်တယ်။ဆေးဝါးဆိုတာကမရှိမဖြစ်ကုန်ပစ္စည်းတစ်ခုဖြစ်တာကြောင်းအခုလိုဈေးတွေဆက်တက်နေမယ်ဆိုရင်ပြည်သူတွေလဲဆေးမကုနိုင်ပဲအသေခံဖို့သာရှိတော့တယ်။
Read moreDetailsကချင်ပြည်နယ်ကေအိုင်ကေဌာနချုပ်လိုင်ဇာမြို့အနီးမှာစစ်ကောင်စီတွေအမြားအပြားထပ်မံရောက်ရှိနေယ်။တပ်ရင်း၁၀ရင်းစာစုစုပေါင်းအင်အား၁၀၀၀ကျော်ခန့်ရှိနေပြီးတချို့တောထဲမှာတပ်ဖျောက်ထားတယ်။ဒါဟာ၂၀၂၁ခုနှစ်ကအလော့ဘွမ်တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ကချင်ပြည်နယ်မှာစစ်တပ်ကအေအိုင်အေနဲ့ဒုတိယအကြိမ်အင်အားထောင်ကျော်နဲ့ထိပ်တိုက်ရင်ဆိုင်ထားတာပဲ။ခုချိန်ထိကချင်ပြည်နယ်တခြားဒေသကအင်းအားတွေဆက်လက်ဝင်ရောက်နေတယ်။တိုက်ပွဲကြီးတွေမဖြစ်သေးပေမယ့်အင်းအားဖြည့်နေတဲ့စစ်ကောင်စီတပ်တွေကိုကြားဖြတ်တိုက်ခိုက်တဲ့တိုက်ပွဲတွေတော့ဖြစ်နေပြီ။ထိုဒေသကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ချင်တာဟာလိုင်ဇာကိုသိမ်းဖို့ထပ်စစ်ကိုင်းတိုင်းနဲ့ကေအိုင်အေကြားကလမ်းကြောင်းကိုဖြတ်တောက်ဖို့ဖြစ်နိုင်တယ်လို့စစ်ရေးကျွမ်းကျင်သူတွေကသုံးသပ်ထားကြတယ်။
Read moreDetailsဒိုက်ဦးအကျဉ်းထောင်မှာအာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသားတွေကို ပြင်ပခေါ်ထုတ်ပြီး နှိပ်စက်သတ်ဖြတ်မှုတွေကျူးလွန်နေတယ်။ နိုင်ငံရေး အကျဉ်းသား လေးဆယ်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ခေါ်ထုတ်သွားပြီးနောက် အဲဒီသူတွေထဲကအများအပြားသတ်ဖြတ်ခံရတယ်လို့ သတင်းတွေပေါ်ထွက်နေတယ်။အတိအကျသိရတော့၅ဦးလောက်ရှိနေပြီ။ သူတို့ကို ဒိုက်ဦးအကျဉ်းထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့စဉ် လမ်းခရီးမှာ မော်တော်ယာဉ် တိမ်းမှောက်မှုကို အခွင့်ယူထွက်ပြေးတဲ့အတွက်...
Read moreDetailsအကြမ်းဖက်စစ်ကောင်စီက စီးပွားရေးပိတ်ဆို့မှုများကြောင့် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသည့်အတွက် သွင်းကုန်တင်သွင်းမှုအများစုကို ပိတ်ပင်မည်ဖြစ်ပြီး စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမှုကိုလည်း အကြီးအကျယ်လျှော့ချမယ်လို့သိရတယ်။အခုနောက်ဆုံး ချမှတ်လိုက်တဲ့ ဘဏ်တွေအပေါ် စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာ အဝင်အထွက် အလွန်ခက်ခဲနေပြီးစစ်ကောင်စီဟာ ဒေါ်လာ ပြတ်လပ်လာတယ်။ဒါကြောင့်အမေရိကန်ဒေါ်လာ မပြတ်လပ်စေဖို့အတွက် သွင်းကုန်သမားတွေေ...
Read moreDetailsYou can copy without credits to our site. We Need Freedom.