ရှမ်းမြောက်မှာညီနောင်သုံးဖွဲ့ရဲ့၁၀၂၇စစ်ဆင်ရေးရပ်တန့်သွားပေမယ့်တိုက်ပွဲတွေကတော့ဆက်လက်ပြင်းထန်လျက်ရှိတယ်။ညီနောင်သုံးဖွဲ့နေရာမှာကချင်EAOတစ်ခုဖြစ်တဲ့KIAကအစာထိုးဝင်ရောက်လာတယ်လေ။KIAဟာ၁၀၂၇စစ်ဆင်ရေးမတိုင်မီကကချင်ပြည်နယ်မှာစစ်ကောင်စီကိုစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့ပေမယ့်၁၀၂၇စစ်ဆင်ရေးကာလအတွင်းမှာတော့ငြိမ်ချက်သားကောင်းနေတယ်။ဒါ့ပေမယ်ရှမ်းမြောက်မှာအပစ်ရပ်ပြီးနောက်နေ့ကစလို့KIAဟာမြန်မာပြည်မြောက်ပိုင်းမှာတိုက်ပွဲတွေဖော်ဆောင်လာတာတွေ့ရတယ်။ရှမ်းပြည်နယ်နမ့်ဖက်ကာဒေသ၊မဘိမ်းနဲ့မိုးမိတ်မြို့တွေကိုတပြိုင်နက်ဆိုသလိုတိုက်ခိုက်လာတာတွေ့ရတယ်။မနေ့တနေ့ကတင်နမ့်ဖက်ကာဒေသမှာစစ်ကောင်စီရဲ့တိုက်လေယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့သေးတယ်လေ။KIAဟာကချင်ပြည်နယ်ထဲမှာလဲစစ်ကောင်စီကိုအနားမပေးပဲကျောက်စိမ်းထွက်ရှိရာဖားကန့်ဒေသစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်လျက်ရှိတယ်။မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ထိုးစစ်တွေတရုတ်ရဲ့ဖိအားကြောင့်ရပ်တန့်လိုက်ရချိန်မှာKIAကသူတို့နေရာဝင်ယူလိုက်တာဟာအားရဖို့ကောင်းတဲ့အချက်တစ်ခုပဲ။မြောက်ပိုင်းကEAOတွေအချင်းချင်းစစ်ရေးမှာအချိတ်အဆက်တွေရှိနေတယ်လို့ခံစားမိတယ်။စစ်ကောင်စီကိုလုံးဝအနားမပေးဘူးဆိုတဲ့ရည်ရွယ်ချက်တစ်ခုနဲ့တိုက်ပွဲဝင်နေကြတယ်လို့ထင်မိတယ်။ဒီတိုင်းဆိုရင်မြန်မာပြည်မြောက်ပိုင်းမှာမြို့သိမ်းတိုက်ပွဲတွေဆက်ရှိနေဦးမယ်။
ဧပြီ ၁၂၊ ၂၀၂၅။ (စနေ)
လားရှိုးမြို့မှာMNDAAက ဆုတ်ခွာပြီးစစ်ကောင်စီက ပြန်ထိန်းချုပ်မယ့်သတင်းကြောင့် မြို့ခံတွေစိုးရိမ်နေကြတယ်။စစ်ကောင်စီအုပ်ချုပ်ရေး ပြန်အသက်ဝင်လာရင်MNDAAနဲ့...