ချင်းနဲ့ရခိုင်ပြည်နယ်အစပ်ကအရေးပါတဲ့ပလက်ဝမြို့ကိုနောက်ဆုံးမှာတော့အေအေကသိမ်းပိုက်နိုင်လိုက်ပါပြီ။ပလက်ဝမြို့အခြေစိုက်ဗျူဟာကုန်းတွေနဲ့တပ်ရင်းစစ်ဌာနချုပ်တွေကိုဆက်တိုက်ဆိုသလိုသိမ်းပိုက်ပြီးနောက်အခုဆိုရင်မြို့ကိုပါအပြီးသတ်သိမ်းပိုက်လိုက်ပါပြီ။အေအေရဲ့ထုတ်ပြန်ချက်အရသံချပ်ကာကားတွေ၊ဟောင်ဝစ်ဇာအမြောက်တွေအပါအဝင်လက်နက်ခဲယမ်းအမြောက်အမြားကိုပါသိမ်းဆည်းရမိပြီးနောက်စစ်ကောင်စီတပ်သားတွေကင်းစင်တဲ့ဒေသအဖြစ်ကြေညာလိုက်ပါတယ်။ဒါ့ကြောင့်ပလက်ဝမြို့ဟာအေအေပထမဆုံးထိန်းချုပ်နိုင်တဲ့မြို့နယ်ဖြစ်လာတယ်။
ပလက်ဝမြို့ဟာအိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့မြို့တစ်ခုဖြစ်တယ်။အိန္ဒိယရဲ့ကုလားတန်မြစ်ကြောင်းစီမံကိန်းကြီးဖြတ်သန်းသွားရာမြို့လဲဖြစ်တယ်။ထိုဒေသဟာဗျူဟာအရအရေးပါတာကြောင့်အေအေဟာအခြေခံနယ်မြေတစ်ခုရရှိရေးအတွက်အပြင်းအထန်တိုက်ခိုက်ခဲ့တာပါ။နောက်ဆုံးမှာတော့ရခိုင်မြောက်ပိုင်းမှာပထမဆုံးလွတ်မြောက်နယ်မြေတစ်ခုကိုအေအေတို့ရရှိခဲ့ပါပြီ။ဆက်လက်ပြီးလဲရခိုင်မြောက်ပိုင်းကမြို့တွေဖြစ်တဲ့ပေါက်တော၊မင်းပြား၊မြေပုံ၊မြောက်ဦးစတဲ့မြို့တွေကိုရရှိရေးဆက်လက်တိုက်ပွဲဝင်လျက်ရှိပါတယ်။
ဒီဇင်ဘာ ၂၁၊ ၂၀၂၄။ (စနေ)
ချင်းပြည်နယ်မှာလဲမင်းတပ်မြို့ကို တစ်လကျော်ကြာတိုက်ခိုက်ပြီးနောက်ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်ပါပြီ။မင်းတပ်မြို့သိမ်းတိုက်ပွဲမှာလဲလက်နက်ကြီးတွေအပါအဝင် လက်နက်အများအပြားနဲ့စစ်သူပုန်ရာချီပြီးဖမ်းဆီးရမိခဲ့တယ်။မှတ်တမ်းဓာတ်ပုံတွေအရ ချင်းပြည်နယ်ထဲကတိုက်ပွဲတွေမှာ...