ရခိုင်ပြည်နယ်မှာအေအေကပလက်ဝပြီးနောက်ဒုတိယမြောက်မြို့အဖြစ်ပေါက်တောမြို့ကိုထပ်မံသိမ်းပိုက်လိုက်ပါတယ်။မနေ့ကတနေကုန်နီးပါးတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားပြီးစစ်ကောင်စီကကြည်းရေလေပူးပေါင်းခုခံခဲ့ပေမယ့်နောက်ဆုံးမှာတော့မြို့ကိုအေအေကသိမ်းပိုက်နိုင်ခဲ့တယ်။နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့်မြို့ခံတွေကိုတော့မြို့ထဲပြန်ဝင်ခွင့်မပြုသေးဘူး။ ရခိုင်ပြည်နယ်မြို့တော်စစ်တွေအရှေ့ဘက်ရေမိုင်၁၆မိုင်ခန့်အကွာတွင်ရှိသောပေါက်တောမြို့ကို၂၀၂၃နိုဝင်ဘာလလယ်လောက်ကတည်းကအေအေကစတင်တိုက်ခိုက်ခဲ့တာပါ။ထိုအချိန်ကအေအေကမြို့မရဲစခန်းကိုစီးနင်းပြီးပြန်ဆုတ်ခွာပြီးနောက်စစ်တပ်ကပေါက်တောမြို့ကိုပြန်လည်ထိန်းချုပ်ကာဒေသခံအများအပြားကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးထားခဲ့တယ်။ဒါကြောင့်မြို့တွင်းတိုက်ပွဲများဖြစ်ခဲ့ပြီးအေအေကဒေသခံတွေကို၃ကြိမ်ထက်မနည်းကယ်ထုတ်ခဲ့ရတယ်။လက်ရှိအချိန်မှာပေါက်တောမြို့ပတ်ဝန်းကျင်မြို့တွေမှာလဲတိုက်ပွဲတွေဖြစ်ပွားနေပြီးမင်းပြားနဲ့ရမ်းဗြဲမြို့တွေမှာဆိုစစ်တပ်ကမြိုပေါ်ရပ်ကွက်တွေကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေလေကြောင်းတွေနဲ့အပြင်းအထန်တိုက်ခိုက်နေလို့ပိတ်မိနေတဲ့ဒေသခံပြည်သူတချို့သေဆုံးမှုတွေရှိနေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


