အာဏာသိမ်း ဒိုင်ယာရီ

ဩဂုတ် ၂၇၊ ၂၀၂၃။ (တနင်္ဂနွေ)

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ အရှေ့တီမော အစိုးရက အတိအလင်း စစ်ကောင်သီကိုဆန့်ကျင် ရပ်တည်ပြခဲ့တဲ့နောက် မြန်မာ စစ်ခေါင်းဆောင်တွေက တီမော သံအမတ်နဲ့ သံအရာရှိတွေကိုနိုင်ငံကနေနှင်ထုတ်လိုက်ပါတယ်။အရှေ့တီမောဟာစစ်ကောင်စီကမြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ် ဖြိုခွင်းနေတဲ့ လုပ်ရပ်တွေအပေါ် အတိအလင်း...

Read moreDetails

ဩဂုတ် ၂၆၊ ၂၀၂၃။ (စနေ)

မန္တလေးမြို့မှာ မျက်စိအထူးကု ဆရာဝန်ကြီး နဲ့မိသားစုဝင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပြီး နေအိမ်နဲ့ ဆေးခန်းကိုပါချိတ်ပိတ်လိုက်တယ်လို့သိရပါတယ်။ဆရာဝန်ကြီးရဲ့ ဇနီးဟာ အဝေးသင်တက္ကသိုလ် တွဲဖက်ပါမောက္ခဖြစ်ပြီးCDMပြုလုပ်ထားပါ။စစ်တပ်ကိုထောက်ခံအားပေးရေးသားနေတဲ့လူမှုကွန်ရက်စာမျက်နှာအချို့မှာတော့ ဆရာဝန်ကြီး မိသားစု ဟာ PDF ကိုထောက်ပံ့အားပေးလို့ဖမ်းဆီးတာလို့ စွပ်စွဲထားပါတယ်။ပီးခဲ့တဲ့ရက်တွေကလဲမန္တလေးမြို့စာရေးကိရိယာအရောင်းဆိုင်တစ်ခုကဆိုင်ပိုင်ရှင်ညီအမတွေကိုစစ်ကောင်စီတပ်တွေကဖမ်းဆီးသွားပြီးနေအိမ်ကိုပါချိတ်ပိတ်သွားပါသေးတယ်။သူတို့ကိုတော့လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာစစ်ကောင်စီကိုဆန့်ကျင်တဲ့စာတွေရေးသားမှုကြောင့်ဆိုပြီးဖမ်းဆီးသွားတာပါ။ဒါတွေဟာလဲခန့်မှန်းပြောဆိုချက်တွေသာဖြစ်ပြီးဖမ်းဆီးခံရတဲ့အဖြစ်မှန်ကိုဘယ်သူမှမသိကြပါဘူး။တနိုင်ငံလုံးမှာထိုဖြစ်စဉ်မျိုးအများအပြားရှိနေပါသေးတယ်။စစ်ကောင်စီဟာငြိမ်းချမ်းစွာနေထိုင်နေကြတဲ့ပြည်သူတွေကိုမထင်ရင်မထင်သလိုအကြောင်းပြချက်မရှိဖမ်းဆီးနေကျပါ။

Read moreDetails

ဩဂုတ် ၂၅၊ ၂၀၂၃။ (သောကြာ)

စစ်ကောင်စီလေတပ်အတွက်လေယာဉ်ဆီတွေကိုပိတ်ဆို့လိုက်ချိန်မှာပဲNUGMODကတိုင်းနှင့်ပြည်နယ်အသီးသီးကို ဒရုန်းအစင်းရေ ၄၀၀ကျော် ဖြန့်ကျက် ပို့ဆောင်ထားကြောင်းထုတ်ပြန်လိုက်တယ်။ ပြည်သူလူထုကြီး၏ တော်လှန်ရေးရန်ပုံငွေများကို စုစည်းကာထောက်ပံပေးထားတာဖြစ်ပြီးထိုဒရုန်းများသည် ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး၊တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချီရေးတာဝန်များကို ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ကြောင်း အသိပေးထားတယ်။ဒါ့အပြင်တော်လှန်ရေးအဖွဲ့အစည်းများက သီးခြားအစီအစဉ်ဖြင့် အကောင်အထည်ဖော်နေတဲ့ဒရုန်းတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး...

Read moreDetails

ဩဂုတ် ၂၄၊ ၂၀၂၃။ (ကြာသပတေး)

အမေရိကန်က လေယာဉ်ဆီကို မြန်မာပြည်ကို မရောင်းရေး ပိတ်ဆို့မှုဟာ မကြာခင် လေယာဉ်ဆီ ကုန်လာတော့မယ့်အချိန်ရောက်ရင်အတော်သိသာလာလိမ့်မယ်။အခုဆိုရင်နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့PUMA ကနေ လက်လွှဲယူထားတဲ့ ခရိုနီ ၂ ယောက်ကို နာမည်တပ် အရေးယူရုံမက သူတို့ရဲ့ ကုမ္ပဏီ ၃ ခုကိုလည်း ပိတ်လိုက်တယ်။...

Read moreDetails

ဩဂုတ် ၂၃၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

စစ်ကောင်စီတပ်ရဲ့လေယာဉ်ဆီတင်သွင်းမှုလမ်းကြောင်းတွေကိုအမေရိကန်ပစ်မှတ်ထားအရေးယူဒဏ်ခတ်လို့အသိပေးလိုက်ပြီ။တော်လှန်ရေးအဖွဲ့တွေဆက်တိုက်တောင်းဆိုလာတဲ့ကိစ္စတစ်ခုကတော့တစိတ်တပိုင်းအကောင်အထည်ပေါ်လာပြီပေါ့။အခုလေယာဉ်ဆီ တင်သွင်းမှု အရေးယူ ပိတ်ဆို့မှုဟာ တော်လှန်ရေး အင်အားစုတွေကို ရင်ဆိုင်ဖို့အတွက် လေကြောင်း တိုက်ခိုက်မှု အင်အားကို အသည်းအသန် မှီခိုနေရတဲ့ မြန်မာစစ်တပ်အတွက် ကြီးမားတဲ့ အကျပ်အတည်းတွေ ဖြစ်ပေါ်လာမှာပါ။ အမေရိကန်ရဲ့ ထုတ်ပြန်ချက်အရ  စစ်ကောင်စီကို  လောင်စာဆီတွေ...

Read moreDetails

ဩဂုတ် ၂၂၊ ၂၀၂၃။ (အင်္ဂါ)

မြဝတီမြို့အနီးလက်ခက်တောင်ကိုKNUကတိုက်ခိုက်သိမ်းပိုက်ထားတာတစ်လပြည့်သွားပါပြီ။ဒီတလအတွင်းမှာထိုနေရာကိုပြန်ရဖို့စစ်ကောင်စီတပ်တွေ၁၀ကြိမ်ထက်မနည်းထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့်တောင်ခြေနားတောင်မကပ်နိုင်သေးပါဘူး။စစ်ကောင်စီတပ်တွေရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့်တောင်ပေါ်ကသာသနိကအဆောက်အအုံအတော်များများလဲပျက်စီးသွားပြီ။စစ်တပ်လော်ဘီရပ်ကွက်မှာတော့လက်ခက်တောင်ကိုဒီနေ့ရမယ်၊မနက်ဖြန်ရမယ်ဆိုပြီးပြောဆိုနေကြပေမယ့်လက်တွေ့မြေပြင်မှာတော့စစ်တပ်ဖက်သာအကျအဆုံးများလျက်ရှိတယ်။ စစ်တပ်ထဲကလာတဲ့သတင်းအရင်းအမြစ်တစ်ခုအရကရင်နီနဲ့ကရင်ပြည်နယ်ကစစ်ဆင်ရေးတွေကိုနေပြည်တော်ကမင်းအောင်လှိုင်လူယုံဗိုလ်ချုပ်ကြီးတစ်ဦးကတိုက်ရိုက်ကိုင်တွယ်နေတယ်လို့သိရတယ်။ဒါကြောင့်အခုနောက်ပိုင်းမှာလက်နက်အင်အားနဲ့လေကြောင်းပစ်ကူကိုအဆမတန်သုံးလာတာတွေ့ရတယ်။ဒီလိုအခြေအနေမျိုးမှာလက်ခက်တောင်ကိုတလကျော်ထိန်းထားနိုင်တာဂုဏ်ယူစရာတစ်ခုပဲ။

Read moreDetails

ဩဂုတ် ၂၁၊ ၂၀၂၃။ (တနင်္လာ)

ကရင်နီပြည်နယ်ထဲမှာဒီလထဲတိုက်ပွဲတွေမှာစစ်ခွေး၇၀ကောင်ခန့်သေဆုံးသွားတယ်လို့ကရင်နီတော်လှန်ရေးအင်အားစုတွေကသတင်းထုတ်ပြန်လိုက်တယ်။ကရင်နီပြည်နယ်ထဲမှာတော့တိုက်ပွဲတွေနေ့စဉ်မပြတ်ရှိနေပြီးစစ်တပ်ကပြည်နယ်တွင်းလမ်းမကြီးတွေကိုထိန်းချုပ်ဖို့ကြိုးစားနေဆဲပဲ။တိုက်ပွဲတွေမှာစစ်သူပုန်တွေဘက်ကကျဆုံးမှုများတဲ့အပြင်လက်နက်ခဲယမ်းတွေလဲအများအပြားသိမ်းဆည်းရမိထားတယ်။တိုက်ပွဲတစ်ခုကိုသိန်းထောင်ကျော်ဖိုးခန့်အထိသိမ်းဆည်းရမှုတွေရှိနေတာကြောင့်ကရင်နီတော်လှန်ရေးအဖွဲ့တွေကိုလက်နက်ထောက်ပံတာပြည်သူတွေမဟုတ်ပဲစစ်ခွေးတွေလို့ပြောလို့ရတဲ့အထိပဲ။စစ်ကောင်စီအနေနဲ့ဘယ်လိုပဲကြိုးစားပါစေကရင်နီပြည်နယ်ကိုပြန်ရဖို့မဖြစ်နိုင်တော့ပါဘူး။

Read moreDetails

ဩဂုတ် ၂၀၊ ၂၀၂၃။ (တနင်္ဂနွေ)

စစ်ကောင်စီကတော့ဒေါ်လာအမှန်တကယ်ပြတ်လပ်နေပြီထင်တယ်။မနေ့ကကျင်းပတဲ့ကုန်သည်ကြီးများတွေ့ဆုံပွဲမှာပြည်သူတွေလက်ထဲမှာတရားမဝင်ဒေါ်လာကိုင်ထားရင်ထောင်ချမယ်လို့ခြိမ်းခြောက်လိုက်တယ်။ဒါအပြင်လုပ်ငန်းတွေကိုလဲပို့ကုန်ရငွေဒေါ်လာတွေကိုအပြည့်အဝပြန်အပ်ဖို့နဲ့မအပ်ရင်တရားစွဲမယ်လို့ခြိမ်းခြောက်သေးတယ်။ကုန်သည်တွေလက်ထဲမှာဒေါ်လာ၂ဘီလီယံလောက်ပြန်အပ်ဖို့ရှိသေးတယ်လို့လဲစွပ်စွဲလိုက်တယ်။ပြည်သူတွေလက်ထဲမှာဒေါ်လာတွေရှိနေသေးတာသိတဲ့စစ်ကောင်စီဟာထိုငွေတွေသူတို့ဆီဝင်လာအောင်မရမကညစ်ထုတ်နေတာပဲ။သူတို့ဘယ်လိုပဲခြိမ်းခြောက်ပါစေသိပ်တော့ထူးမယ်မထင်ဘူး။ဒီလိုဖြစ်နေရတာလဲနိုင်ငံတကာကတရစ်ချင်းဆီသူတို့လည်ပင်းကိုညစ်လာလို့ပဲ။ဒါကြောင့်အရူးမီးဝိုင်းပြီးကြံမိကြံရာကြံနေတယ်။ စစ်ကောင်စီကဒေါ်လာကိုင်ထားရင်ထောင်ချမယ်လို့ခြိမ်းခြောက်နေချိန်မှာNUGနွေဦးဘဏ်ကသူတို့ဆီမှာလုံခြုံစိတ်ချစွာအပ်နှံနိုင်ကြောင်းကြေငြာလိုက်တယ်။NUGကအခွင့်အရေးကိုအမိအရဆုပ်ကိုင်နိုင်ဖို့ကြိုးစားနေပေမယ့်သူတို့ဘက်မှာလဲအဆင်သင့်မဖြစ်သေးဘူး။နွေဦးဘဏ်ဟာအခုမှအစပဲရှိသေးတယ်။လူတိုင်းကိုအကောင့်မဖွင့်ပေးနိုင်သေးဘူး။ဒီလကုန်မှအမှန်တကယ်စပြီးလည်ပတ်မယ်လို့သိရတယ်။

Read moreDetails

ဩဂုတ် ၁၉၊ ၂၀၂၃။ (စနေ)

နေပြည်တော်တွင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်စကျင်ကျောက်ထိုင်တော်မူရုပ်ပွားတော်ဘုရားတစ်ဆူတည်ထားကိုးကွယ်ထားတယ်။သူမပြုတ်ခင်သူတည်ခဲ့တဲ့ဘုရားဆိုပြီးအမှတ်တရပုံစံပေါ့။ခက်တာကသူတည်ထားတဲ့မာရဝိဇယဗုဒ္ဓရုပ်ပွား တော်ကို ၀င်ရောက်ဖူးမျှော်ရန် သတ်မှတ်၀င်ကြေးကောက်ခံနေတယ်။ အဆိုပါရုပ်ပွားတော်ကို ဩဂုတ်လ ၂၀ ရက်မှစတင်ပြီး သတ်မှတ်၀င် ကြေးနှုန်းထားများ အတိုင်း ကောက် ယူသွားမည်ဟု စစ်ကောင်စီကကြေငြာတယ်။ဝင်ကြေးကလူကြီးကလေးတစ်ဦးလျှင်၁၀၀၀ကျပ်၊နိုင်ငံခြားသားတစ်ဦးလျှင်၁၀ဒေါ်လာတဲ့။ဒါ့အပြင်တခြားအခွန်တွေလဲကောက်သေးတယ်။ဖုန်းကင်မရာတစ်လုံးကို၅၀၀၀၊ကားဝင်ခွင့်က၂၀၀၀၀တဲ့။ဗုဒ္ဓဘာသာဝင်တွေငွေကြေးမတတ်နိုင်သူတွေကုသိုလ်လိုချင်ရင်အိမ်ကဘုရားဖူးဒီမှာလာမဖူးနဲ့လို့ဆိုသလိုပဲ။ စစ်ခေါင်းဆောင်ဟာစီးပွားဖြစ်ဘုရားတည်ထားသလိုပဲ။မျောက်ပြဆန်တောင်းဆိုတာပဲကြားဖူးတယ်။အခုကြတော့ဘုရားပြပိုက်ဆံတောင်း” ဆိုတာကို သူ လုပ်လိုက်တာပဲ။ ပိုက်ဆံမတတ်နိုင်သူတွေတစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေ၊လက်ထဲမှာအပိုဝင်ငွေမရှိတဲ့လက်လုပ်လက်စားတွေမလာနဲ့ပေါ့။နဂိုကတည်းကပြည်သူကိုဗဟိုမပြုတဲ့စစ်ခေါင်းဆောင်ဟာသူတည်တဲ့ဘုရားကိုလည်းပြည်သူအပေါ်ဗဟိုမပြုခိုင်းဘူးဆိုတာပေါ်လွင်စေတယ်။ရွှေတိဂုံလိုတန်ခိုးအရာကြီးမားပါတယ်ဆိုတဲ့ဘုရားတောင်ပြည်သူဆီကပိုက်ဆံမတောင်းပါဘူး။စစ်ခေါင်းဆောင်တည်ထားတဲ့ဘုရားဟာမြန်မာပြည်မှာပထမဆုံးဝင်ကြေးကောက်တဲ့ဘုရားအဖြစ်မှတ်တမ်းဝင်သွားပါပြီ။

Read moreDetails

ဩဂုတ် ၁၈၊ ၂၀၂၃။ (သောကြာ)

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့ မှာမူးရူးသောက်သားထားတဲ့ စစ်အုပ်စုက အကြမ်းဖက် ပစ်ခတ်စီးနင်း ဝင်မွှေရာ အသက်သုံးနှစ်အရွယ် အမွှာပူး ကလေးငယ်တစ်ဦး သေနတ်မှန် သေဆုံးပြီးနောက် ကျန်ရစ်တဲ့ ကလေးငယ်နဲ့ မိခင်ဖြစ်သူကိုဖမ်းခေါ်သွားကာလက်နက်တွေနဲ့အတူဖမ်းမိတယ်လို့စစ်အုပ်စုကလုပ်ကြံသတင်းဖြန့်ထားပါတယ်။ အမွှာပူးကလေးနှစ်ယောက်မှာအကြီးလေး သေတာဖြစ်ပြီး အလောင်းရော သယ်သွားပြီး အငယ်လေးကိုလည်း စစ်တပ်က...

Read moreDetails
Page 61 of 159 1 60 61 62 159

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist