ရှမ်းတောင်မှာလဲတိုက်ပွဲတွေဟာတဖြည်းဖြည်းနဲ့ရှမ်းပြည်နယ်မြို့တော်တောင်ကြီးနားကိုရောက်ရှိလာနေပါပြီ။အရင်ကကရင်နီနဲ့ရှမ်းပြည်နယ်စပ်နယ်မြေတွေမှာလောက်သာတိုက်ပွဲတွေဖြစ်ပွားနေခဲ့ရာကနေPLNOအဖွဲ့ကစစ်တပ်ကိုပြန်လည်တိုက်ခိုက်ကာဆီဆိုင်မြို့ကိုသိမ်းလိုက်ပီးနောက်တိုက်ပွဲတွေဟာတဖြည်းဖြည်းနဲ့ရှမ်းတောင်မှာပိုမိုပြန့်နှံလာခဲ့ပါတယ်။စစ်တပ်ဟာဆီဆိုင်မြို့ကိုပြန်လည်ရရှိဖို့နေစဉ်ဆိုသလိုတိုက်ခိုက်နေပေမယ့်လဲမအောင်မြင်တဲ့အပြင်အခုဆိုတောင်ကြီးမြို့အရှေ့ဘက်၁၀မိုင်အကွာကဟိုပုံးမြို့ကိုခြိမ်းခြောက်ခံနေရပါပြီ။ထိုဒေသမှာဒီရက်ပိုင်းတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ကုန်သွယ်ရေးလမ်းမကြီးတစ်ခုဖြစ်တဲ့တောင်ကြီးကျိုင်းတုံလမ်းကိုပိတ်ထားတယ်။ယာဉ်စီးရေရာကျော်လဲထိုလမ်းပေါ်မှာပိတ်မိနေကြတယ်။ရှမ်းမြောက်စစ်မျက်နှာမှာတိုက်ပွဲတွေငြိမ်သက်သွားပြီးနောက်ရှမ်းပြည်နယ်တောင်ပိုင်းမှာစစ်ကောင်စီအတွက်မထင်မှတ်တဲ့စစ်မျက်နှာတစ်ခုဖြစ်လာခဲ့တယ်။ဒါတောင်ရှမ်းတောင်မှာအင်အားကြီးEAOတစ်ခုဖြစ်တဲ့SSPPဟာပေါ်ပေါ်ထင်ထင်စစ်တပ်ကိုမတိုက်ခိုက်သေးပါဘူး။SSPPသာစစ်ကောင်စီကိုစစ်ကြေညာလာရင်ရှမ်းပြည်နယ်မြို့တော်တောင်ကြီးကိုအလွယ်တကူခြိမ်းခြောက်နိုင်လိမ့်မယ်။ဒါ့အပြင်နေပြည်တော်ကိုချီတက်ဖို့လမ်းကြောင်းတချို့လဲထပ်ပွင့်လာနိုင်တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


