ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့၊မြို့မရဲစခန်းကိုအေအေကသိမ်းပိုက်နိုင်လိုက်ပါတယ်။ဆက်လက်ပြီးမြို့ထဲမှာရှိနေသေးတဲ့ခလရ၅၅၀ကိုအေအေကတိုက်ခိုက်နေပါတယ်။ထိုတပ်ရင်းကိုရရင်ပုဏ္ဏားကျွန်းမြို့ကိုသိမ်းပိုက်နိုင်ပြီလို့ပြောလို့ရပါပြီ။ပုဏ္ဏားကျွန်းမြို့ဟာမြို့တော်စစ်တွေမြို့အဝင်မှာတည်ရှိပြီးထိုမြို့ကိုအေအေကရလိုက်ရင်စစ်တွေကိုချီတက်ဖို့အတွက်အများကြီးလွယ်ကူသွားမှာဖြစ်ပါတယ်။
ဒါ့အပြင်မင်းပြားမြို့နယ်ထဲမှာလဲစစ်တပ်ရဲ့နောက်ဆုံးကျန်ရှိတဲ့တပ်စခန်းဖြစ်တဲ့အမှတ်၉တိုင်းလေ့ကျင့်ရေးသင်တန်းကျောင်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။မင်းပြားမြို့နယ်ထဲမှာရှိတဲ့တပ်ရင်းသုံးခုကိုသိမ်းပိုက်နိုင်လိုက်ပြီးနောက်မြို့နဲ့၁၀မိုင်အကွာမှာရှိတဲ့လေ့ကျင့်ရေးသင်တန်းကျောင်းကိုဆက်လက်တိုက်ခိုက်နေတာပါ။ရခိုင်ပြည်နယ်မြောက်ပိုင်းမှာအေအေသိမ်းပိုက်စရာကျန်နေတဲ့မြို့ဆိုလို့ဘူးသီးတောင်၊မောင်တော၊ပုဏ္ဏားကျွန်းနဲ့မြို့တော်စစ်တွေသာကျန်ပါတော့တယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


