တောင်ပိုင်းကKNUကလေလုံးတွေသာကြီးနေပေမယ့်မြောက်ပိုင်းကKIAကတော့တော်လှန်ရေးမှာပုံမှန်လေးဆက်သွားနေတယ်။ဒီရက်ပိုင်းကချင်ပြည်နယ်မှာတိုက်ပွဲတွေခပ်စိတ်စိတ်ဖြစ်ပွားလျက်ရှိတယ်။ကျောက်စိမ်းထွက်ရှိရာဖားကန့်မြို့နယ်ထဲမှာစခန်းတချို့သိမ်းထားနိုင်ပြီးဗန်းမော်မြို့နားကစစ်ကောင်စီရဲ့အရေးပါတဲ့တပ်စခန်းတွေကိုလဲသိမ်းပိုက်လျက်ရှိတယ်။ဒါ့အပြင်မြို့လှမြို့ကိုလဲစစ်ကောင်စီတပ်တွေစွန့်ခွာသွားတာကြောင့်KIAကသိမ်းနိုင်လိုက်တယ်။ဒါ့ကြောင့်ကချင်ပြည်နယ်ထဲမှာမတိုက်ရပဲသိမ်းလိုက်နိုင်တာ၂မြို့ရှိသွားပြီဖြစ်တယ်။
KIAဟာရှမ်းမြောက်မှာတိုက်ပွဲတွေရပ်သွားကတည်းကသူနဲ့သက်ဆိုင်တဲ့နယ်မြေတွေမှာစစ်ကောင်စီကိုဖြေးဖြေးမှန်မှန်ပဲဆက်လက်တိုက်ခိုက်လျက်ရှိတယ်။စစ်ရေးသတင်းတွေကိုလဲတော်ရုံနဲ့ထုတ်ပြန်လေ့မရှိဘူး။စစ်ကိုင်းတိုင်းထဲကPDFတွေကိုလဲလိုအပ်တဲ့အကူအညီတွေပေးနေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


