ရန်ကုန်ကထိုင်းသံရုံးမှာဗီဇာရဖို့လူအုပ်ကြီးနဲ့တန်းစီစုပြုံထိုးနေစဉ်အတွင်းမှာပဲမန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံး (ပတ်စ်ပို့ရုံး) တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရန် လူထောင်နှင့်ချီ စုပြုံတိုးစဉ် လူအုပ်ပိ၍ အမျိုးသမီးနှစ်ဦး သေဆုံးသွားတယ်။မန္တလေးပတ်စ်ပို့ရုံးတွင် နေ့စဉ် လူဦးရေ ၂၀၀ ဝန်းကျင်ကိုသာ ရုံးအတွင်းဝင်ရောက် လျှောက်လွှာတင်ခွင့် ပြုထားသော်လည်း လူဦးရေ ၅၀၀၀ နီးပါးက ညအိပ်စောင့်ဆိုင်းပြီး ရုံးဖွင့်ချိန်တွင် စုပြုံတိုးရာမှလူနှစ်ဦးသေဆုံးသည်အထိဖြစ်ပေါ်ခဲ့တာပါ။မန္တလေးပတ်စ်ပို့ရုံးတွင်နိုင်ငံကူးလက်မှတ်လုပ်ရန်ညစဉ်စောင့်ဆိုင်းသူထောင်ဂဏန်းခန့်ရှိနေတယ်။ရုံးဖွင့်တဲ့အချိန်ရောက်ရင်လူအုပ်ကြီးကကြောက်စရာကြီးဖြစ်နေပြီ။ လူတွေက ဒုက္ခမျိုးစုံ ပေတေဒဏ်ခံပြီးစောင့်နေရတော့သည်းခံစိတ်လည်းမရှိကြတော့ဘူး၊ တခုခုဆို သွေးဆူနေကြတယ်။တံခါးဖွင့်ကာနီးဆို လူအုပ်ကြီးက တဖြည်းဖြည်းများလာပြီး တိုးဝှေ့နေကြတယ်။ သူတို့အထဲက ဝန်ထမ်းတွေ၊ ရဲတွေကလည်း ဆဲဆိုငေါက်ငမ်းပြီး သေနတ်နဲ့ ခြိမ်းခြောက်လည်းမမှုကြတော့ဘူး။အသက်ကြီးသူတွေ၊နှလုံးရောဂါရှိသူတွေ၊မောပန်းမူးဝေတတ်သူတွေသွားမတန်းစီသင့်တော့ဘူး၊မကြာခဏထိခိုက်ဒဏ်ရာရတာတွေ၊လူအုပ်ပိတာတွေ၊ဖိနပ်ပျက်တာတွေကဖြစ်ရိုးဖြစ်စဉ်လိုဖြစ်နေပြီ။တန်းမစီနိုင်ရင်လဲနေရာဝယ်လို့ရသေးတယ်။နေရာဝယ်တာက ပေါက်ဈေးအစားစားရှိတယ်။ နံပါတ်တစ်ကနေ သုံးဆယ်အတွင်း ခုနှစ်သိန်း ရှစ်သိန်းအထိ ပေါက်ဈေးရှိတယ်။ပြီးရင်အထဲမှာရက်ချိန်းမြန်အောင်ထပ်ပေးရတာတွေလည်းရှိတယ်။လုပ်စားနေကြသူတွေကတော့ပတ်စပို့ရုံးကဝန်ထမ်းတွေနဲ့ရဲတွေပါပဲ။ဒီလိုအခြေအနေတွေကြောင့်တချို့တွေဆိုရင်သုံးလေးရက်ဆက်တိုက်အိပ်ပျက်ခံသွားတန်းစီတာကိုမရကြဘူး။တစ်ချို့တော့ ရန်ကုန်ကို သွားလုပ်ကြတယ်။
စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ချက်ချင်းဆိုသလို လူငယ်အများအပြားက ပြည်ပထွက်ခွာရန် စီစဉ်လာကြရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးများတွင် စုပြုံတိုးသည့် အခြေအနေ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။
ဇန်နဝါရီ ၂၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက်...