အာဏာသိမ်း ဒိုင်ယာရီ

မတ် ၃၀၊ ၂၀၂၄။ (စနေ)

ကချင်ပြည်နယ်ကတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့လွယ်ဂျယ်မြို့ကိုKIAကထိန်းချုပ်လိုက်ပါပြီ။ပီးခဲ့တဲ့ရက်တွေမှာဗန်းမော်လွယ်ဂျယ်ကားလမ်းတလျောက်ကစစ်ကောင်စီတပ်စခန်းတွေကိုKIAတစ်ခုပြီးတစ်ခုသိမ်းပိုက်ပြီးနောက်မှာKIAတပ်တွေဟာလွယ်ဂျယ်မြို့နားရောက်လာခဲ့တယ်။ထိုလမ်းပေါ်ကစစ်ကောင်စီစခန်း‌တွေလဲကုန်သလောက်နီးပါးဖြစ်နေပြီးစိန်လုံတောင်ဗျူဟာစခန်းကြီးတစ်ခုသာကျန်တော့တယ်။KIAဟာလွယ်ဂျယ်မြို့ပေါ်ကစစ်ကောင်စီတပ်တွေကိုအလွယ်တကူသိမ်းပိုက်နိုင်ပေမယ့်နယ်စပ်တဖက်ခြမ်းမှာရှိတဲ့တရုတ်ကခွင့်မပြုဘူးလို့ကြားတယ်။တရုတ်ဟာထိုနယ်စပ်ကုန်သွယ်ရေးမြို့ကိုစစ်ကောင်စီလက်ထဲမှာပဲရှိနေစေချင်ပုံရတယ်။ဒါကြောင့်KIAတပ်ဖွဲ့တွေဟာသေနတ်မဖောက်ပဲမြို့ထဲဝင်လာပြီးမြို့ကိုထိန်းချုပ်လိုက်တယ်။မြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့တချက်မှမလှုပ်ရဲကြဘူး။သူတို့ဟာတရုတ်နိုင်ငံထဲခိုလှုံခွင့်‌တောင်းဖို့ကြိုးစားပေမယ့်တရုတ်ဘက်ကခွင့်မပြုဘူးလို့လဲကြားတယ်။ဒီလိုအခြေအနေတွေမှာမြို့ပေါ်ကစစ်ကောင်စီဘက်တော်သားတွေဟာKIAလက်ခုတ်ထဲကရေဖြစ်နေတာကြောင့်မြို့ကိုအလွယ်တကူထိန်းချုပ်နိုင်လိုက်တာပေါ့။

Read moreDetails

မတ် ၂၉၊ ၂၀၂၄။ (သောကြာ)

ကရင်ပြည်နယ်မြောက်ဘက်ရှိဖာပွန်မြို့ကိုKNUကထိန်းချုပ်နိုင်လိုက်ပါပြီ။ဖာပွန်မြို့ဟာKNUတပ်မဟာ၅လှုပ်ရှားဒေသထဲကမြို့နယ်တစ်ခုဖြစ်တယ်။တပ်မဟာ၅ဟာလဲစစ်ကောင်စီကိုစစ်အာဏာသိမ်းကတည်းအစဉ်တစိုက်တိုက်ခိုက်နေတဲ့တပ်မဟာတစ်ခုပါ။ဖာပွန်မြို့ကိုလဲတနိုင်ငံလုံးမှာစစ်ရေးအရှိန်တွေမမြင့်တက်စဉ်ကာလကတည်းကပိတ်ဆို့ထားခဲ့တာပါ၊ဖာပွန်မြို့မှာစစ်ကောင်စီရဲ့ယန္တရားမလည်ပတ်တော့တာကြာပါပြီ။ဒီကာလမှာတော့မြို့ပတ်ဝန်းကျင်ကစစ်တပ်စခန်းတွေကိုတိုက်ခိုက်ပြီးမြို့ကိုထိန်းချုပ်နိုင်လိုက်တယ်။ဒါပေမယ့်တိုက်ပွဲမပြီးသေးပဲဆက်ရှိနေတုန်းပဲ။ဖာပွန်မြို့ပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမြို့ပေါ်ကုဆုတ်ခွာသွားပြီးမြို့တောင်ဘက်ရှိစစ်ဗျုဟာကုန်းမှာသွားရောက်ပူးပေါင်းနေတယ်။ကချင်ပြည်နယ်ကဆွမ်ပရာဘွမ်မြို့လိုပဲဖာပွန်မြို့အနီးရှိစစ်ဗျုဟာကုန်းကိုသိမ်းပိုက်နိုင်မှမြို့ကိုအလုံးစုံထိန်းချုပ်နိုင်လိမ့်မယ်။တောင်ပိုင်းကKNUရဲ့ဗျုဟာဟာမြောက်ပိုင်းEAOတွေလိုအင်အားအလုံးအရင်းနဲ့စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်လေ့မရှိပဲအချိန်တစ်ခုယူပြီးပိတ်ဆို့ဖြတ်တောက်တဲ့ဗျူဟာကိုကျင့်သုံးလျက်ရှိပါတယ်။

Read moreDetails

မတ် ၂၈၊ ၂၀၂၄။ (ကြာသပတေး)

ပြီးခဲ့တဲ့ရက်တွေက အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ Burma Acts ဥပဒေကို လက်မှတ်ထိုးခဲ့တယ်။ ထိုဥပ​ဒေကို အမေရိကန်ဟာ မြန်မာပြည်အတွက်ဆိုပြီး ထုတ်ပြန်ခဲ့တာ၂၀၂၂ ခုနှစ်ထဲကပါ။ ဒါကို အခုမှ သမ္မတကလက်မှတ်ရေးထိုးပြီးအတည်ဖြစ်လာတယ်။ ထိုဥပဒေထဲမှာ စိတ်ဝင်စားဖို့ကောင်းတာကတော့ မြန်မာပြည်စစ်အာဏာရှင်တော်လှန်ရေးအတွက်ပေးမယ့် ဒေါ်လာ ၁၃၇ သန်းပါပဲ။...

Read moreDetails

မတ် ၂၇၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ဒီနေ့ဟာ စစ်တပ်က သူတို့ဘာသာသူတို့သတ်မှတ်ထားတဲ့ တပ်မတော်နေ့ပါ။ အရင်နှစ်တွေအတိုင်း အစဉ်အလာမပြတ် စစ်ရေးပြချီတက်ပွဲကို ဒီနေ့နေပြည်တော်မှာပြုလုပ်ကြတယ်။ ဒါပေမယ့် ဒီနှစ်မှာထူးခြားတာက အရင်နှစ်တွေလို နေ့ဘက်မလုပ်ပဲ ညနေပိုင်းမှာပြုလုပ်သွားတယ်။ စစ်ကောင်စီကတော့ ရာသီဥတုအခြေအနေနဲ့ အရင်နှစ်တွေနဲ့မတူအောင် အပြောင်းအလဲလုပ်တာလို့ အကြောင်းပြတယ်။ တကယ့်အကြောင်းအရင်းအမှန်ကတော ့စစ်ရေးပြပွဲမှာသုံးဖို့‌တောင်မရှိတော့တဲ့...

Read moreDetails

မတ် ၂၆၊ ၂၀၂၄။ (အင်္ဂါ)

ကချင်ပြည်နယ်မှာတော့ KIAက သူ့ရဲ့စစ်ကောင်စီအပေါ်ထိုးစစ်ကို ပုံမှန်ဆင်နွဲလျက်ရှိတယ်။ ဌာနချုပ်လိုင်ဇာအနားမှာ စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားသလို အခုဆိုရင်ဗန်းမော် မြစ်ကြီးနားကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေအားလုံး သိမ်းပိုက်ပြီးသွားပြီ။ ဆက်လက်ပြီး ဗန်းမော်မြို့နဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကားလမ်းပေါ်က စခန်းတွေကို ရှင်းလင်းနေတယ်။ ဒီနေ့တရက်ထဲမှာတင် ထိုလမ်းပေါ်ကစခန်း၃ခုကို သိမ်းပိုက်ရရှိလိုက်တယ်။...

Read moreDetails

မတ် ၂၅၊ ၂၀၂၄။ (တနင်္လာ)

ပီးခဲ့တဲ့လက ထိုင်းနိုင်ငံလွှတ်တော်မှာ ထိုင်းအတိုက်အခံအမတ်တွေ ဦးဆောင်ပီး မြန်မာ့အရေး‌ ဆွေးနွေးကြားနာပွဲတွေပြုလုပ်ခဲ့တယ်။ ထိုပွဲမှာ NUGက ထိပ်ပိုင်းခေါင်းဆောင်တချို့လဲ တက်ရောက်ခွင့်ရခဲ့ကြတယ်။ ယေဘူယျအားဖြင့် မြန်မာပြည်သူတွေကို ကူညီဖို့ဆွေးနွေးခဲ့ကြတယ်။ ထိုပွဲရဲ့နောက်ဆက်တွဲအဖြစ် ဒီရက်ပိုင်းမှာ ထိုင်းနိုင်ငံဟာ နယ်စပ်ကနေတဆင့် မြန်မာပြည်ကို လူသားချင်းစာနာမှုအကူအညီတွေ စတင်ပေးအပ်လာပါတယ်။...

Read moreDetails

မတ် ၂၄၊ ၂၀၂၄။ (တနင်္ဂနွေ)

အကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင် အလုပ်သမားများ နယ်ပြန်ကြခြင်း၊ အလုပ်မှ ထွက်ခွာကြခြင်းများ အကြီးအကျယ် ကြုံတွေ့နေရပြီး အလုပ်သမားပြတ်လပ်မှုကြောင့် စီးပွားရေးကဏ္ဍတစ်ခုလုံး ကြီးမားစွာ သက်ရောက်နေပါပြီ။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်ကောင်စီက...

Read moreDetails

မတ် ၂၃၊ ၂၀၂၄။ (စနေ)

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ဘဏ်စနစ်လည်ပတ်မှု မရှိတော့တာကြောင့် ငွေသားပြတ်လပ်မှုနဲ့ ကြုံနေရတယ်။ရခိုင်ပြည်နယ်မှာ AA က သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ကိုးမြို့အထိရှိပြီး အဲဒီမြို့တွေနဲ့ စစ်ရေးပြင်းထန်နေတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ ဘဏ်တွေနဲ့ ပုဂ္ဂလိက...

Read moreDetails

မတ် ၂၂၊ ၂၀၂၄။ (သောကြာ)

‌ကရင်နီပြည်မှာ ၁၁၁၁ စစ်ဆင်​ရေးစတင်ပြီး​နောက်ပိုင်းပြည်နယ်ထဲရှိ မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲ ၊နန်းဖယ်ခုံ၊ စသော မြို့ ၇ မြို့ကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီစခန်း ၆၅ ခု သိမ်းပိုက်ထားကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ​ကြေညာလိုက်တယ်။ဒါ့အပြင် သံလွင်မြစ် အ​ရှေ့ခြမ်း ၊မယ်စဲ့မြို့နယ်...

Read moreDetails

မတ် ၂၁၊ ၂၀၂၄။ (ကြာသပတေး)

စစ်မှုထမ်းဥပဒေနှင့်ပတ်သတ်ပြီး စစ်ကောင်စီအလိုကျလုပ်ဆောင်ခြင်းမပြုရန် တော်လှန်ရေးအဖွဲ့တွေရဲ့ သတိပေးချက်တွေထုတ်ပြန်လာပြီးနောက် မန္တလေးနဲ့မကွေးမှာ စစ်မှုထမ်းရန်နှိုးဆော်နေတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေ ပစ်သတ်ခံလိုက်ရတယ်။ မကွေးတိုင်း စလင်းမြို့နယ်မှာစစ်မှုထမ်းရန် အသံချဲ့စက်နဲ့ လိုက်အော်နေတဲ့ အုပ်ချုပ်ရေးမှုးတစ်ဦးပစ်သတ်ခံလိုက်ရပြီး မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာလဲ အလားတူအုပ်ချုပ်ရေးမှုးတစ်ဦး ပစ်သတ်ခံလိုက်ရတယ်။ ထိုဒေသတွေကတော်လှန်ရေးအဖွဲ့တွေက အခြားကျေးရွာတွေက...

Read moreDetails
Page 58 of 178 1 57 58 59 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist