Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မတ် ၂၃၊ ၂၀၂၄။ (စနေ)

March 23, 2024
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ဘဏ်စနစ်လည်ပတ်မှု မရှိတော့တာကြောင့် ငွေသားပြတ်လပ်မှုနဲ့ ကြုံနေရတယ်။ရခိုင်ပြည်နယ်မှာ AA က သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ကိုးမြို့အထိရှိပြီး အဲဒီမြို့တွေနဲ့ စစ်ရေးပြင်းထန်နေတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ ဘဏ်တွေနဲ့ ပုဂ္ဂလိက ဘဏ်တွေ အားလုံးဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက ရပ်တန့်သွားကြတာ ပါ။ဘဏ်တွေရပ်တန့်နေတာ လေးလနီးပါးရှိလာတော့ ငွေသားပြတ်လပ်မှု ပြဿနာလည်း ကြီးမားလာတယ်။ ဘဏ်တွေ ရပ်တန့်ထားတာကြောင့် ဘဏ်အကောင့်ထဲက ငွေတွေက ထုတ်မရတော့ဘူး။ ငွေလွှဲ ငွေထုတ်လုပ်ငန်း လည်ပတ်ဖို့တောင် ငွေကြေးတတ်နိုင်တဲ့ သူတွေဆီက ငွေသားကို ရာခိုင်နှုန်းပေးပြီး ဝယ်နေကြရတယ်။ရခိုင်မှာ ဘဏ်စနစ်ရပ်တန့်တာကြောင့် ငွေလွှဲ ငွေထုတ် လုပ်ငန်းတွေကို အွန်လိုင်း ငွေကြေးစနစ်ကိုသာ အဓိကထားပြီး လုပ်ကိုင်နေကြရပြီး ငွေသားပြတ်လပ်လာတဲ့အတွက် ငွေထုတ်ခ ၁၀၀,၀၀၀ ကို ရာခိုင်နှုန်းအဖြစ် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ပေးနေကြရတယ်။ရခိုင်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တော် စစ်တွေ အပါအဝင်တောင်ပိုင်းမြို့နယ်တချို့မှာတော့ဘဏ်စနစ်လည်ပတ်မှုရှိသေးတာကြောင့်  မြောက်ပိုင်းမြို့နယ်တွေမှာလောက် ငွေသားပြတ်လပ်မှု မရှိသေးဘူး။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ဆေးဝါးပြတ်တောက်မှုတွေပါဆိုးဆိုးရွားရွားဖြစ်ပေါ်နေတယ်။စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ စစ်ရေးပြင်ထန်နေတာတွေ၊ စစ်ကောင်စီက ဆေးဝါးနဲ့ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ထားတာတွေအပါဝင် လေကြောင်းကနေ ဆေးရုံ၊ ဆေးခန်းတွေကို ဗုံးကြဲတိုက်ခိုက်နေတာတွေကြောင့် ရခိုင်ဒေသခံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ ဆိုးရွာစွာ ထိခိုက်လာနေပြီးရခိုင်ပြည်နယ်က ဆေးရုံတွေ၊ ဆေးခန်းတွေမှာ လုံးဝနီးပါးကိုဆေးဝါး ပြတ်တောက်နေပြီ။ အထူးသဖြင့် အတွင်းလူနာတွေ ရောက်လာပြီးဆိုရင် ကုသဖို့ ဆေးမရှိလို့ အသက်ဆုံးသွားတဲ့ လူနာတွေတောင် ရှိလာကြတယ်။ စစ်ကောင်စီဘက်ကလည်း ဆေးဝါးထောက်ပံ့မှု လုံးဝမရှိတော့သလို ဆေးဝါးသယ်ဆောင်မှုတွေကိုပါ ဖြတ်တောက်ထားတယ်။ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာ ဆေးဝါးသယ်ယူပို့ဆောင်ခွင့်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက စစ်ကောင်စီက ပိတ်ပင်ထားတာဖြစ်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း မြို့နယ်တိုင်းကို ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့လိုက်တာကြောင့် ဆေးဝါးသယ်ယူဖို့ ပိုပြီး ခက်ခဲလာခဲ့တာပါ။

လက်ရှိရခိုင်ပြည်နယ်မှာ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲမြို့နဲ့ တောင်ပြိုလက်ဝဲမြို့တို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို AA က သိမ်းပိုက်ထားပြီး ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တွေမှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။

Related Posts

ဇွန် ၀၂၊ ၂၀၂၅။ (တနင်္လာ)
အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၀၂၊ ၂၀၂၅။ (တနင်္လာ)

June 2, 2025

ရန်ကုန်လူဦးရေရဲ့ တဝက်နီးပါးလောက်ဆင်းရဲနေတယ်ဆိုပေမယ့် အထိနာဆုံးကတော့အခြေခံလူတန်းစားတွေပါပဲ။ လုပ်ခလစာနည်းပါးမှုနဲ့ ဆက်တိုက်မြင့်တက်လာနေသော...

ဇွန် ၀၁၊ ၂၀၂၅။ (တနင်္ဂနွေ)
အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၀၁၊ ၂၀၂၅။ (တနင်္ဂနွေ)

June 1, 2025

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်များဖြစ်တဲ့...

မေ ၃၁၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၃၁၊ ၂၀၂၅။ (စနေ)

May 31, 2025

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး မိုနိုဝါဟူစိန်ကို ဒါကာသို့...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English