စစ်မှုထမ်းဥပဒေနှင့်ပတ်သတ်ပြီး စစ်ကောင်စီအလိုကျလုပ်ဆောင်ခြင်းမပြုရန် တော်လှန်ရေးအဖွဲ့တွေရဲ့ သတိပေးချက်တွေထုတ်ပြန်လာပြီးနောက် မန္တလေးနဲ့မကွေးမှာ စစ်မှုထမ်းရန်နှိုးဆော်နေတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေ ပစ်သတ်ခံလိုက်ရတယ်။ မကွေးတိုင်း စလင်းမြို့နယ်မှာစစ်မှုထမ်းရန် အသံချဲ့စက်နဲ့ လိုက်အော်နေတဲ့ အုပ်ချုပ်ရေးမှုးတစ်ဦးပစ်သတ်ခံလိုက်ရပြီး မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာလဲ အလားတူအုပ်ချုပ်ရေးမှုးတစ်ဦး ပစ်သတ်ခံလိုက်ရတယ်။ ထိုဒေသတွေကတော်လှန်ရေးအဖွဲ့တွေက အခြားကျေးရွာတွေက အုပ်ချုပ်ရေးမှုးတွေကိုလဲ အလားတူလုပ်ဆောင်ခြင်းမပြုဖို့ သတိပေးထားတယ်။
ထိုကဲ့သို့အုပ်ချုပ်ရေးမှုးတွေ အပစ်ခံရပြီးနောက်ပိုင်းမှာ တချို့ဒေသတွေကအုပ်ချုပ်ရေးမှုးတွေလဲ နုတ်ထွက်စာတင်လာကြတယ်။ ရခိုင်ပြည်နယ် သံတွဲမြို့မှာတော့အုပ်ချုပ်ရေးမှုးတွေကို စစ်ကောင်စီကစစ်မှုထမ်းဖို့ လူစုခိုင်းနေတာကြောင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး၂၁ဦးဟာ နုတ်ထွက်စာတင်လိုက်တယ်လို့ သိရတယ်။ တော်လှန်ရေးအဖွဲ့တွေဘက်ကတကယ်လုပ်ရင် လုပ်တဲ့ဒေသတွေမှာ အုပ်ချုပ်ရေးမှုးတွေ ခေါင်းရှောင်ကြမှာတော့သေချာတယ်။ ဘယ်သူ့မှ ကိုယ့်အသက်ကိုရင်းပြီး စစ်ကောင်စီအတွက် အလုပ်လုပ်မပေးနိုင်ကြဘူးလေ။