ဒီနေ့ဟာ စစ်တပ်က သူတို့ဘာသာသူတို့သတ်မှတ်ထားတဲ့ တပ်မတော်နေ့ပါ။ အရင်နှစ်တွေအတိုင်း အစဉ်အလာမပြတ် စစ်ရေးပြချီတက်ပွဲကို ဒီနေ့နေပြည်တော်မှာပြုလုပ်ကြတယ်။ ဒါပေမယ့် ဒီနှစ်မှာထူးခြားတာက အရင်နှစ်တွေလို နေ့ဘက်မလုပ်ပဲ ညနေပိုင်းမှာပြုလုပ်သွားတယ်။ စစ်ကောင်စီကတော့ ရာသီဥတုအခြေအနေနဲ့ အရင်နှစ်တွေနဲ့မတူအောင် အပြောင်းအလဲလုပ်တာလို့ အကြောင်းပြတယ်။ တကယ့်အကြောင်းအရင်းအမှန်ကတော ့စစ်ရေးပြပွဲမှာသုံးဖို့တောင်မရှိတော့တဲ့ သူတို့ရဲ့ကျဆင်းလာတဲ့ စစ်အင်အားကိုဖုန််းကွယ်ချင်တာပါ။
ဒီနေ့စစ်ရေးပြပွဲမှာ အင်အား၆၀၀၀ခန့် အသုံးပြုထားတယ်လို့ စစ်ကောင်စီကထုတ်ပြန်ပေမယ့် တကယ်တမ်း သူတို့ရဲ့ရုပ်သံလိုင်းတွေက ထုတ်လွှင့်မှုတွေအရ အင်အား၄၀၀၀လောက်သာရှိတယ်။ ထိုအင်အားထဲမှာမှ အမျိုးသမီးစစ်သည်အင်အားကို တဝက်လောက်ထည့်ထားသေးတယ်။ ဒါ့အပြင် အရင်နှစ်တွေလို တင့်ကားတွေ၊ ဒုံးတင်ကားတွေပါဝင်ပြသနိုင်ခြင်းမရှိဘူး။ ဒါ့ကြောင့် စစ်ကောင်စီဟာ ဒီနှစ်တပ်မတော်နေ့ စစ်ရေးပြပွဲအခမ်းအနားကို အရှက်ပြေ အကျဉ်းချုံးပြုလုပ်သွားတာပဲ။ ညဘက်မှာ ပြုလုပ်တဲ့အတွက် စစ်ရေးပြပွဲမှာ သူတို့ရဲ့အင်အားနည်းပါးလာမှုကို မထင်ရှားစေတော့ဘူးလေ။ ၂၀၂၄ခုနှစ်အစမှာပဲ စစ်ကောင်စီရဲ့အင်အားပြုန်းတီးမှုတွေကို ဒီစစ်ရေးပြပွဲက အထင်အရှား ပြသလိုက်တာပဲ။