အာဏာသိမ်း ဒိုင်ယာရီ

မတ် ၂၇၊ ၂၀၂၁။ (စနေ)

မတ်လ ၂၇ နေ့ကိုမြန်မာပြည်မှာ တပ်မတော်နေ့ အဖြစ်သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတပ်မတော်နေ့ဟာ သတ်မတော်နေ့ဖြစ်သွားခဲ့ပါပြီ။ စစ်ကောင်စီရဲ့အကြမ်းဖက်တပ်တွေဟာ ဒီနေ့မှာတစ်နိုင်ငံလုံးကအပြစ်ပြည်သူ၁၀၀ ကျော်ကိုသတ်ဖြတ်ခဲ့ပါတယ်။ နေပြည်တော်မှာစစ်ရေးပြပွဲကြီးလုပ်ရင်း တစ်ဖက်မှာဆန္ဒပြပြည်သူလူထုကိုနည်းလမ်းပေါင်းစုံနဲ့သတ်​​​ဖြတ်သွားခဲ့တာပါ။ ဒီနေ့မတိုင်ခင်ကတည်းက ပြည်သူအားလုံးဟာ " အားလုံးစုဝေး ဖက်စစ်တော်လှန်ရေး " ဆိုတဲ့ခေါင်းစဥ်အောက်ကနေငြိမ်းချမ်းစွာဆန္ဒပြဖို့ပြင်ဆင်ခဲ့ကြပါတယ်။...

Read moreDetails

မတ် ၂၆၊ ၂၀၂၁။ (သောကြာ)

ရန်ကုန်မြို့ဟာတဖြည်းဖြည်းခြောက်ကပ်လာနေပါပြီ။ လမ်းတွေပေါ်မှာအသွားအလာတွေတော့ရှိပေမယ့်  ဆိုင်အများစုပိတ်ထားကြတယ်။ စစ်သူပုန်တွေရဲ့ရပ်ကွက်အတွင်းထိဝင်ရောက်အကြမ်းဖက်မှုကို ရှောင်ရှားလိုခြင်း၊ စစ်ဖြစ်တော့မဲ့သတင်းတွေထွက်ပေါ်နေခြင်း တို့ကြောင့်တချို့သောမြို့နေ လူထုတွေဟာရန်ကုန်ပြင်ပ နီးစပ်ရာနယ်တွေပြောင်းရွှေ့ကုန်ကြပါပြီ။ စစ်ကောင်စီဟာယခင်စစ်အာဏာမသိမ်းခင်အခြေအနေကိုပြန်ရောက်ဖို့ကြိုးစားနေပေမယ့် သူတို့ပြုတ်မကျသ၍ ပြည်သူတွေရဲ့လူမှုဘဝတွေအရင်အတိုင်းပြန်ဖြစ်ဖို့မလွယ်ကူတော့ပါ။

Read moreDetails

မတ် ၂၅၊ ၂၀၂၁။ (ကြာသပတေး)

ဒီနေ့ဟာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနဲ့ ရန်ကုန် သုဝဏ္ဏတို့ရဲ့ ကံဆိုးမိုးမှောင်ကျတဲ့နေတစ်နေ့ ဖြစ်ခဲ့ပါတယ်။ စစ်သူပုန်တွေဟာ တောင်ကြီးကို အသည်းအသန်ဖြိုခွင်းခဲ့တယ်။ ရပ်ကွက်ထဲအထိဝင်ပြီး လူတွေကို သေ နတ်နဲ့တည့်ပစ်တယ်။ ဖမ်းခေါ်သွားတယ်။ ပစ္စည်းတွေကို ဖျက်ဆီးပစ်ခဲ့တယ်။ သူတို့ရဲ့ယုတ်မာမှုတွေဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ အွန်လိုင်းမီဒီယာတွေပေါ်မှာ...

Read moreDetails

မတ် ၂၄၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

မြန်မာပြည်သူတွေဘယ်လောက်ညီညွှတ်ကြောင်း၊ ဒီမိုကရေစီကိုဘယ်လောက်တောင်အာသီသပြင်းပြနေကြောင်း ပြသလိုက်တဲ့နောက်ထပ်နေ့လေးတစ်နေ့ပါ။ ဒီနေ့မှာ February 22 ၂ ငါးလုံးသပိတ်နေ့လိုမျိုးသပိတ်တစ်ခုဆင်နွဲကြတယ်။ အသံတိတ်သပိတ်ပါ။ ၂ ငါးလုံးနေ့ကပြည်သူတွေအကုန်လမ်းပေါ်ထွက်ဆန္ဒပြကြသလို ဒီနေ့မှာတော့လူတိုင်းလမ်းပေါ်လုံးဝ မထွက်ကြေး ​အသံတိတ်သပိတ်ကိုဆင်နွဲကြပါတယ်။ တစ်နိုင်လုံးက မြို့တိုင်းနယ်တိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြတယ်။ နေမကူးပဲနိုင်ငံတကာမီဒီယာတွေမှာသတင်းတွေတက်လာတဲ့အထိအောင်မြင်ပါတယ်။ စစ်ကောင်စီကသပိတ်ကိုပုံဖျက်ဖို့ဖမ်းထားတဲ့ကလေးတွေကိုလွှတ်ပေးပြီးလူစုလူဝေးဖြစ်အောင်ဖန်တီးရတဲ့အထိအောင်မြင်ပါတယ်။ ပြည်သူတွေစည်းလုံးညီညွှတ်နေတာကိုစစ်ကောင်စီအကြောက်ဆုံးပါ။...

Read moreDetails

မတ် ၂၃၊ ၂၀၂၁။ (အင်္ဂါ)

အာဏာသိမ်းတာရက်ပေါင်း၅၀ ကျော်လာပေမယ့်ပြည်သူလူထုဟာမလျော့သောဇွဲလုံလတွေနဲ့တိုက်ပွဲဝင်နေဆဲပါ။ နေ့စဥ်နှင့်အမျှကျဆုံးမှုတွေရှိနေတဲ့အတွက် အကြမ်းဖက်စစ်သူပုန်တွေကိုရှောင်ရှားဖို့သပိတ်ပုံစံတွေကိုလည်း အလျင်းသင့်သလိုပြောင်းလဲရပါတယ်။ နေ့ဘက်တွေကိုရှောင်ပြီးအရုဏ်ဦးသပိတ်စစ်​ကြောင်းတွေ၊ လူမဲ့သပိတ်၊ ညသပိတ်တွေကိုဖော်ဆောင်လာကြတယ်။ ဒါတောင်တချို့ဒေသတွေကညသပိတ်တွေအဖြိုခွင်းခံရပါသေးတယ်။ ရန်ကုန်မှာတော့စစ်ကောင်စီဟာတချို့မြို့နယ်တွေမှာအုပ်ချုပ်ရေးမှုးရုံးတွေအတင်းအကြပ်ဖွင့်ဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်။ အကျိုးဆက်တွေအဖြစ်ဒေါပုံမြို့နယ်ကအုပ်ချုပ်ရေးမှုးရုံးမီးလောင်ခံရခြင်း၊ ကျောက်တန်းမြို့နယ်ကအုပ်ချုပ်ရေးမှုးဓားထိုးခံရခြင်းတွေဖြစ်ပေါ်နေပါတယ်။ သူတို့ကိုရပ်ကွက်ကျေးရွာအဆင့်အုပ်ချုပ်ရေးယန္တရားကိုဖော်ဆောင်ခွင့်ပေးလိုက်လို့မရဘူး။ နည်းမျိုးစုံသုံးပြီးတားဆီးရပါမယ်။

Read moreDetails

မတ် ၂၂၊ ၂၀၂၁။ ( တနင်္လာ)

ပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့်အနည်းငယ်ငြိမ်သွားတဲ့ ရန်ကုန်ဟာကားသပိတ်နဲ့ အတူပြန်လည်နိုးထလာပါတယ်။ ရန်ကုန်မြို့လမ်းမကြီးတွေပေါ်က ကားများဟာအချိန်တစ်ခု သတ်မှတ်ပြီးဟွန်းတွေတီး၊ လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင်ကိုရရာနည်းလမ်းနဲ့ ဆန့်ကျင်နေကြပါတယ်။ စစ်သူပုန်တွေဟာသူတို့ရဲ့ယန္တရားလည်ပတ်ဖို့အတွက် ပြည်သူလူထုက ပိတ်ဆို့ထားတဲ့ လမ်းတွေကို နည်းမျိုးစုံသုံးပြီးပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ရန်ကုန်ဟာအထိနာလို့ခဏငြိမ်နေပေမယ့်မနေ့က နိုင်ငံတကာကမြို့ကြီးတွေမှာ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ပါတယ်။...

Read moreDetails

မတ် ၂၁၊ ၂၀၂၁။ (တနင်္ဂနွေ)

အောင်ပင်လယ်မှာအောင်ပွဲရခဲ့တယ်။ အောင်ပင်လယ်ဆိုတာရန်ကုန်က လှိုင်သာယာလိုမန္တလေးအရှေ့ဘက်ဆင်ခြေဖုံးမြို့နယ်လေးတစ်ခုပါ။ ဒီတော်လှန်ရေးမှာနေ့စဥ်တက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့နေရာတစ်ခုပေါ့။ ဒါကြောင့်စစ်သူပုန်တွေဟာ အောင်ပင်လယ်ကိုအငြိုးကြီးစွာဖြိုခွင်းဖို့ကြိုးစားခဲ့တယ်။ ဒီနေ့နေ့ခင်းလောက်မှာစစ်သူပုန်တွေဟာအောင်ပင်လယ်လမ်းမတွေပေါ်က အတားအဆီးတွေကိုဖျက် ဆီးဖို့စလုပ်တယ်။ မြို့နေလူထုကလက်မခံတော့ထိတွေ့မှုတွေဖြစ်ပွားလာတယ်။ ရရာလက်နက်စွဲ ကိုင်ပီးညီညီညာညာတွန်းလှန်ကြတဲ့အတွက်တိုက်ပွဲပုံစံဖြစ်လာခဲ့တယ်။ တစ်နေ့လုံးနှစ်ဖက်ထိတွေ့မှု တွေဖြစ်ပွားခဲ့ပြီးညနေပိုင်းမှာစစ်သူပုန်တွေပြန်ဆုတ်ခွာရတယ်။ တိုက်ပွဲဟာမပြီးဆုံးသေးပဲညပိုင်းမှာစစ်သူပုန်တွေဟာအင်အားအလုံးအရင်းနဲ့ထပ်ရောက်လာတယ်။ မြို့ခံတွေကလည်း ပတ်ဝန်းကျင်ကိုအမှောင်ချပြီးနယ်မြေကျွမ်းကျင်မှုကို အသာစီးယူကာပြန်လည် ခုခံကြတယ်။ စစ်သူပုန်တွေဟာ...

Read moreDetails

မတ် ၂၀၊ ၂၀၂၁။ (စနေ)

Federal Army!! ဒီကာလမှာဒီအသုံးအနှုန်းကိုလူပြောများနေကြတယ်။ ဟုတ်ပါတယ်..အကြမ်းဖက်စစ်ကောင်စီကိုစစ်ရေးနည်းလမ်းနဲ့ဖြုတ်ချမှရမယ့်အခြေအနေမှာ ပြည်သူလူထုနဲ့အနီးစပ်ဆုံးကတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဖွဲ့စည်းထားတဲ့ Federal Army ပါ။ CRPH ကလဲဒါကိုသိလို့အမြန်ဆုံးအကောင်အထည်ပေါ်လာအောင်ကြိုးစားနေပါတယ်။ သတင်းထုတ်ပြန်ချက်တွေအရလုပ်ငန်းစဥ်တွေရဲ့၈၀ ရာခိုင်နှုန်းအောင်မြင်နေပြီလို့သိရတယ်။ တိုင်းရင်းသားလက်ကိုင်ပေါင်းစုံကိုအချိန်တိုတိုအတွင်းစည်းရုံးစုစည်းနိုင်ဖို့ဆိုတာတကယ်တော့မလွယ်ပါဘူး။ ဒါပေမယ့် အဲ့ဒါအတွက်အချိန်ယူနေလို့လဲမရပြန်ဘူး။ မြေပြင်ကလူထုဟာပွဲပန်းစပြုလာနေပြီ။ နောက်တချက်က US လေယာဥ်တင်သဘော်အုပ်စုဟာမြန်မာပြည်နားရောက်နေပါပြီ။ သူတို့လုပ်မယ့်စစ်ရေးလေ့ကျင့်မှုကာလအတွင်းမှာ...

Read moreDetails

မတ် ၁၉၊ ၂၀၂၁။ (သောကြာ)

နိုင်ငံတကာရေးရာမှာတော့တိုးတက်မှုတွေရှိလာပါပြီ။ R2P စောင့်ကြည့်ရေးအဖွဲ့ကသူတို့ရဲ့အဆင့်သတ်မှတ်ချက်မှာတခြားနိုင်ငံတွေကျော်ပြီးမြန်မာကိုအဆင့် ၁ နေရာတင်လိုက်ပါတယ်။ အမေရိကန်လေယာဥ်တင်သင်္ဘောအုပ်စုတစ်ခုဟာမြန်မာပြည်ဘက်ကိုရွှေ့လျားလာနေပါပြီ။ အမေရိကန်နဲ့အတူသူတို့ရဲ့မဟာမိတ်အဖွဲ့ဖြစ်တဲ့ QUAD အဖွဲ့ဟာလေးနိုင်ငံပေါင်းစစ်ရေလေ့ကျင့်မှုကိုဘဂ်လားပယ်လယ်အော်မှာလုပ်ဖို့ရှိတယ်လို့ သတင်းဌာနတွေကဆိုပါတယ်။ တခြားရည်ရွယ်ချက်တွေလဲရှိကောင်းရှိနိုင်တယ်ပေါ့။ ပြည်တွင်းမှာတော့စစ်တပ်ရဲ့ပစ်ခတ်မှုတွေကြောင့် ရှမ်းပြည်နယ်၊အောင်ပန်းမြို့မှာတနေ့ထဲအနည်းဆုံး၇ဦးခန့်ကျဆုံးခဲ့ပါတယ်။ အောင်ပန်းလိုအေးချမ်းတဲ့မြို့သေးသေးလေးကိုအဲ့လောက်ထိအင်အားသုံးဖြိုခွင်းတာဘယ်လိုမှလက်ခံနိုင်စရာမရှိပါဘူး။

Read moreDetails

မတ် ၁၈၊ ၂၀၂၁။ (ကြာသပတေး)

ဒီနေ့မှာလည်း စစ်သူပုန်တွေဟာ ရန်ကုန်တစ် မြို့လုံးမှာပိတ်ဆို့ထားတဲ့အတားအဆီးတွေကိုဖယ်ရှားဖို့ အသည်းအသန်ကြိုးစားနေတာကို တွေ့ရပါတယ်။ ဆန္ဒပြပွဲတွေကိုလည်းဖြိုခွင်းနေပေမယ့်လူငယ်တွေကခုခံနေကြလို့အခက်တွေ့နေပုံရပါတယ်။ လူငယ်တွေရဲ့ဆန္ဒပြပုံစံဟာနောက်တစ်ဆင့်တက်လာပေမယ့် စစ်သူပုန်တွေရဲ့အင်အားအလွန်အကျွံသုံးအကြမ်းဖက်မှုတွေကြောင့်ရေရှည်တောင့်ခံနိုင်ဖို့သိပ်မလွယ်ကူပါ။ ဒီအချိန်ဟာလူငယ်လူကြီးမရွေးညီညီညာညာတော်လှန်ခုခံရမယ့်အချိန်ရောက်နေပါပြီ။ တချို့လူကြီးတွေကတော့ခြိမ်းခြောက်မှုမျိုးစုံကြောင့်နောက်တွန့်နေတာကိုတွေ့ရပါတယ်။ နိုင်ငံတဝန်းမှာတော့ဆန္ဒပြပွဲတွေဟာဆက်လက်အားကောင်းနေဆဲပါ။

Read moreDetails
Page 177 of 182 1 176 177 178 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist