အာဏာသိမ်းတာရက်ပေါင်း၅၀ ကျော်လာပေမယ့်ပြည်သူလူထုဟာမလျော့သောဇွဲလုံလတွေနဲ့တိုက်ပွဲဝင်နေဆဲပါ။ နေ့စဥ်နှင့်အမျှကျဆုံးမှုတွေရှိနေတဲ့အတွက် အကြမ်းဖက်စစ်သူပုန်တွေကိုရှောင်ရှားဖို့သပိတ်ပုံစံတွေကိုလည်း အလျင်းသင့်သလိုပြောင်းလဲရပါတယ်။ နေ့ဘက်တွေကိုရှောင်ပြီးအရုဏ်ဦးသပိတ်စစ်ကြောင်းတွေ၊ လူမဲ့သပိတ်၊ ညသပိတ်တွေကိုဖော်ဆောင်လာကြတယ်။ ဒါတောင်တချို့ဒေသတွေကညသပိတ်တွေအဖြိုခွင်းခံရပါသေးတယ်။
ရန်ကုန်မှာတော့စစ်ကောင်စီဟာတချို့မြို့နယ်တွေမှာအုပ်ချုပ်ရေးမှုးရုံးတွေအတင်းအကြပ်ဖွင့်ဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်။ အကျိုးဆက်တွေအဖြစ်ဒေါပုံမြို့နယ်ကအုပ်ချုပ်ရေးမှုးရုံးမီးလောင်ခံရခြင်း၊ ကျောက်တန်းမြို့နယ်ကအုပ်ချုပ်ရေးမှုးဓားထိုးခံရခြင်းတွေဖြစ်ပေါ်နေပါတယ်။ သူတို့ကိုရပ်ကွက်ကျေးရွာအဆင့်အုပ်ချုပ်ရေးယန္တရားကိုဖော်ဆောင်ခွင့်ပေးလိုက်လို့မရဘူး။ နည်းမျိုးစုံသုံးပြီးတားဆီးရပါမယ်။