Federal Army!!
ဒီကာလမှာဒီအသုံးအနှုန်းကိုလူပြောများနေကြတယ်။ ဟုတ်ပါတယ်..အကြမ်းဖက်စစ်ကောင်စီကိုစစ်ရေးနည်းလမ်းနဲ့ဖြုတ်ချမှရမယ့်အခြေအနေမှာ ပြည်သူလူထုနဲ့အနီးစပ်ဆုံးကတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဖွဲ့စည်းထားတဲ့ Federal Army ပါ။ CRPH ကလဲဒါကိုသိလို့အမြန်ဆုံးအကောင်အထည်ပေါ်လာအောင်ကြိုးစားနေပါတယ်။ သတင်းထုတ်ပြန်ချက်တွေအရလုပ်ငန်းစဥ်တွေရဲ့၈၀ ရာခိုင်နှုန်းအောင်မြင်နေပြီလို့သိရတယ်။
တိုင်းရင်းသားလက်ကိုင်ပေါင်းစုံကိုအချိန်တိုတိုအတွင်းစည်းရုံးစုစည်းနိုင်ဖို့ဆိုတာတကယ်တော့မလွယ်ပါဘူး။ ဒါပေမယ့် အဲ့ဒါအတွက်အချိန်ယူနေလို့လဲမရပြန်ဘူး။ မြေပြင်ကလူထုဟာပွဲပန်းစပြုလာနေပြီ။
နောက်တချက်က US လေယာဥ်တင်သဘော်အုပ်စုဟာမြန်မာပြည်နားရောက်နေပါပြီ။ သူတို့လုပ်မယ့်စစ်ရေးလေ့ကျင့်မှုကာလအတွင်းမှာ CRPH အနေနဲ့အချိန်ကိုက်အကောင်ထည်ဖော်ဖို့လိုပါတယ်။ ခန့်မှန်းခြေဒီလကုန်လောက်မှာတစ်ခုခုထူးခြားလာလိမ့်မယ်လို့ထင်ပါတယ်။