ဒီနေ့အတွက်အဟော့ဆုံးကတော့ CNN သတင်းထောက်သတင်းပဲ။ သူမဟာမနေ့ညကမြန်မာပြည်ရောက်လာပြီး ဒီနေ့ရန်ကုန်မြို့မှာစစ်တပ်အစောင့်အရှောက်တွေနဲ့ လှည့်လည်သတင်းယူတယ်။ သူမ ရောက်လာမယ့်သတင်းကိုပြည်သူတွေကြိုသိထားတဲ့အတွက် တစ်နေကုန်နီးပါး ရန်ကုန်တစ်မြို့လုံးသံပုံးတွေတီး၊ ကားဟွန်းညံတွေဆူညံပြီးဆန္ဒထုတ်ဖော်ကြတယ်။ ဒါကို အသိအမှတ်ပြုတဲ့အနေနဲ့ သူမ ရဲ့ အင်စတာဂရမ် နဲ့ ဖေ့ဘုတ်မှာ ချက်ချင်းတင်ထားတာကို တွေ့ရတယ်။...
Read moreDetailsUN ကသန်ဘက်ခါကိုမြန်မာ့အရေးလုံခြုံရေးကောင်စီအရေးပေါ်တံခါးပိတ်အစည်းအဝေးကျင်းပမယ်လို့ ကြေငြာလိုက်တယ်။ ၂ လ အတွင်းတတိယမြောက်မြန်မာ့အရေးဆွေးနွေးပွဲပေါ့။ ဒီတခေါက်တော့ Statement တွေမဟုတ်ဘဲ Resolution တစ်ခုခုထွက်လာမယ်လို့မျှော်လင့်ရတာပဲ။ ဒီရက်ပိုင်းမှာနိုင်ငံတကာလူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံခေါင်းဆောင်ဟောင်းတွေ၊ EU နိုင်ငံအများစုပါတဲ့ ၁၂ နိုင်ငံက ကာချုပ်တွေ အသီးသီးဟာ မြန်မာကို...
Read moreDetailsဒီနေ့တောင်ဒဂုံမှာစစ်သူပုန်တွေဟာ 72mm ဗုံးပစ်သေနတ်တွေအသုံးပြုနေတဲ့ ဗီဒီယိုဖိုင်တွေတက် လာ ပါတယ်။ စစ်ကောင်စီရဲ့လက်နက်မဲ့ပြည်သူအပေါ်ရက်စက်ယုတ်မာမှုတွေကိုဖော်ပြစရာစကားလုံးတောင်မရှိတော့ပါဘူး။ တောင်ဒဂုံဆိုတာရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးမြို့နယ်လေးတစ်ခုပါ။ မတ် ၂၇ သတ်မတော်နေ့မတိုင်ခင်က တည်းက အခိုင်အမာသပိတ်ခံတပ်တွေလုပ်ပြီးဆန္ဒထုတ်ဖော်ပွဲတွေပြုလုပ်နေတာပါ။ စစ်သူပုန်တွေဟာ သတ်မတော်နေ့ကစပြီးတောင်ဒဂုံကိုဖြိုခွဲဖို့နေ့ရောညပါလုပ်ဆောင်လာခဲ့ပါတယ်။ နောက်ဆုံး လက်ပစ်ဗုံးတွေ၊ စစ်မြေပြင်သုံးလက်နက်တွေနဲ့အင်အားအဆမတန်အသုံးပြုပါတော့တယ်။ ဒီနေ့ညထိ ရပ်ကွက်တွေထဲ၊...
Read moreDetailsစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေဟာတစ်နေ့တစ်ခြားပိုမိုဆိုးရွားလာနေပါပြီ။ ပြည်သူလူထုရဲ့ခုခံမှုကြောင့်သူတို့ဖြိုခွဲဖို့မလွယ်တဲ့နယ်မြေတွေမှာ မီးတင်ရှို့မှုတွေကိုလုပ်ဆောင်လာနေ ပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာ မန္တလေးမြို့အောင်ပင်လယ် နားကရပ်ကွက်တစ်ခုကို စစ်သူပုန် အဖွဲ့တွေမီးလောင်တိုက်သွင်းခဲ့ပါတယ်။ မီးသတ်ကားတွေကိုဝင်ခွင့်မပေးဘူး။ မီးငြိမ်းဖို့လာတဲ့ ရပ်ကွက် နေပြည်သူတွေကိုလည်း ပစ်ခတ်နှောက် ယှက်ပါတယ်။ ထိုနေရာမှာအိမ်ခြေ ၇၀ လောက်ပျက်ဆီး ဆုံးရှုံးခဲ့ပါတယ်။ သပိတ်တွေကိုဖြိုခွဲမှုမှာလည်း...
Read moreDetailsမတ်လ ၂၇ နေ့ကိုမြန်မာပြည်မှာ တပ်မတော်နေ့ အဖြစ်သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတပ်မတော်နေ့ဟာ သတ်မတော်နေ့ဖြစ်သွားခဲ့ပါပြီ။ စစ်ကောင်စီရဲ့အကြမ်းဖက်တပ်တွေဟာ ဒီနေ့မှာတစ်နိုင်ငံလုံးကအပြစ်ပြည်သူ၁၀၀ ကျော်ကိုသတ်ဖြတ်ခဲ့ပါတယ်။ နေပြည်တော်မှာစစ်ရေးပြပွဲကြီးလုပ်ရင်း တစ်ဖက်မှာဆန္ဒပြပြည်သူလူထုကိုနည်းလမ်းပေါင်းစုံနဲ့သတ်ဖြတ်သွားခဲ့တာပါ။ ဒီနေ့မတိုင်ခင်ကတည်းက ပြည်သူအားလုံးဟာ " အားလုံးစုဝေး ဖက်စစ်တော်လှန်ရေး " ဆိုတဲ့ခေါင်းစဥ်အောက်ကနေငြိမ်းချမ်းစွာဆန္ဒပြဖို့ပြင်ဆင်ခဲ့ကြပါတယ်။...
Read moreDetailsရန်ကုန်မြို့ဟာတဖြည်းဖြည်းခြောက်ကပ်လာနေပါပြီ။ လမ်းတွေပေါ်မှာအသွားအလာတွေတော့ရှိပေမယ့် ဆိုင်အများစုပိတ်ထားကြတယ်။ စစ်သူပုန်တွေရဲ့ရပ်ကွက်အတွင်းထိဝင်ရောက်အကြမ်းဖက်မှုကို ရှောင်ရှားလိုခြင်း၊ စစ်ဖြစ်တော့မဲ့သတင်းတွေထွက်ပေါ်နေခြင်း တို့ကြောင့်တချို့သောမြို့နေ လူထုတွေဟာရန်ကုန်ပြင်ပ နီးစပ်ရာနယ်တွေပြောင်းရွှေ့ကုန်ကြပါပြီ။ စစ်ကောင်စီဟာယခင်စစ်အာဏာမသိမ်းခင်အခြေအနေကိုပြန်ရောက်ဖို့ကြိုးစားနေပေမယ့် သူတို့ပြုတ်မကျသ၍ ပြည်သူတွေရဲ့လူမှုဘဝတွေအရင်အတိုင်းပြန်ဖြစ်ဖို့မလွယ်ကူတော့ပါ။
Read moreDetailsဒီနေ့ဟာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနဲ့ ရန်ကုန် သုဝဏ္ဏတို့ရဲ့ ကံဆိုးမိုးမှောင်ကျတဲ့နေတစ်နေ့ ဖြစ်ခဲ့ပါတယ်။ စစ်သူပုန်တွေဟာ တောင်ကြီးကို အသည်းအသန်ဖြိုခွင်းခဲ့တယ်။ ရပ်ကွက်ထဲအထိဝင်ပြီး လူတွေကို သေ နတ်နဲ့တည့်ပစ်တယ်။ ဖမ်းခေါ်သွားတယ်။ ပစ္စည်းတွေကို ဖျက်ဆီးပစ်ခဲ့တယ်။ သူတို့ရဲ့ယုတ်မာမှုတွေဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ အွန်လိုင်းမီဒီယာတွေပေါ်မှာ...
Read moreDetailsမြန်မာပြည်သူတွေဘယ်လောက်ညီညွှတ်ကြောင်း၊ ဒီမိုကရေစီကိုဘယ်လောက်တောင်အာသီသပြင်းပြနေကြောင်း ပြသလိုက်တဲ့နောက်ထပ်နေ့လေးတစ်နေ့ပါ။ ဒီနေ့မှာ February 22 ၂ ငါးလုံးသပိတ်နေ့လိုမျိုးသပိတ်တစ်ခုဆင်နွဲကြတယ်။ အသံတိတ်သပိတ်ပါ။ ၂ ငါးလုံးနေ့ကပြည်သူတွေအကုန်လမ်းပေါ်ထွက်ဆန္ဒပြကြသလို ဒီနေ့မှာတော့လူတိုင်းလမ်းပေါ်လုံးဝ မထွက်ကြေး အသံတိတ်သပိတ်ကိုဆင်နွဲကြပါတယ်။ တစ်နိုင်လုံးက မြို့တိုင်းနယ်တိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြတယ်။ နေမကူးပဲနိုင်ငံတကာမီဒီယာတွေမှာသတင်းတွေတက်လာတဲ့အထိအောင်မြင်ပါတယ်။ စစ်ကောင်စီကသပိတ်ကိုပုံဖျက်ဖို့ဖမ်းထားတဲ့ကလေးတွေကိုလွှတ်ပေးပြီးလူစုလူဝေးဖြစ်အောင်ဖန်တီးရတဲ့အထိအောင်မြင်ပါတယ်။ ပြည်သူတွေစည်းလုံးညီညွှတ်နေတာကိုစစ်ကောင်စီအကြောက်ဆုံးပါ။...
Read moreDetailsအာဏာသိမ်းတာရက်ပေါင်း၅၀ ကျော်လာပေမယ့်ပြည်သူလူထုဟာမလျော့သောဇွဲလုံလတွေနဲ့တိုက်ပွဲဝင်နေဆဲပါ။ နေ့စဥ်နှင့်အမျှကျဆုံးမှုတွေရှိနေတဲ့အတွက် အကြမ်းဖက်စစ်သူပုန်တွေကိုရှောင်ရှားဖို့သပိတ်ပုံစံတွေကိုလည်း အလျင်းသင့်သလိုပြောင်းလဲရပါတယ်။ နေ့ဘက်တွေကိုရှောင်ပြီးအရုဏ်ဦးသပိတ်စစ်ကြောင်းတွေ၊ လူမဲ့သပိတ်၊ ညသပိတ်တွေကိုဖော်ဆောင်လာကြတယ်။ ဒါတောင်တချို့ဒေသတွေကညသပိတ်တွေအဖြိုခွင်းခံရပါသေးတယ်။ ရန်ကုန်မှာတော့စစ်ကောင်စီဟာတချို့မြို့နယ်တွေမှာအုပ်ချုပ်ရေးမှုးရုံးတွေအတင်းအကြပ်ဖွင့်ဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်။ အကျိုးဆက်တွေအဖြစ်ဒေါပုံမြို့နယ်ကအုပ်ချုပ်ရေးမှုးရုံးမီးလောင်ခံရခြင်း၊ ကျောက်တန်းမြို့နယ်ကအုပ်ချုပ်ရေးမှုးဓားထိုးခံရခြင်းတွေဖြစ်ပေါ်နေပါတယ်။ သူတို့ကိုရပ်ကွက်ကျေးရွာအဆင့်အုပ်ချုပ်ရေးယန္တရားကိုဖော်ဆောင်ခွင့်ပေးလိုက်လို့မရဘူး။ နည်းမျိုးစုံသုံးပြီးတားဆီးရပါမယ်။
Read moreDetailsပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့်အနည်းငယ်ငြိမ်သွားတဲ့ ရန်ကုန်ဟာကားသပိတ်နဲ့ အတူပြန်လည်နိုးထလာပါတယ်။ ရန်ကုန်မြို့လမ်းမကြီးတွေပေါ်က ကားများဟာအချိန်တစ်ခု သတ်မှတ်ပြီးဟွန်းတွေတီး၊ လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင်ကိုရရာနည်းလမ်းနဲ့ ဆန့်ကျင်နေကြပါတယ်။ စစ်သူပုန်တွေဟာသူတို့ရဲ့ယန္တရားလည်ပတ်ဖို့အတွက် ပြည်သူလူထုက ပိတ်ဆို့ထားတဲ့ လမ်းတွေကို နည်းမျိုးစုံသုံးပြီးပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ရန်ကုန်ဟာအထိနာလို့ခဏငြိမ်နေပေမယ့်မနေ့က နိုင်ငံတကာကမြို့ကြီးတွေမှာ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ပါတယ်။...
Read moreDetailsYou can copy without credits to our site. We Need Freedom.