ဒီရက်ပိုင်းကြားရတဲ့သတင်းတွေက အရေးတော်ပုံအတွက်အားရစရာဘာတစ်ခုမှမရှိဘူး။ စစ်ကောင်စီက ဧည့်စာရင်းတွေတိုင်ခိုင်းလာတယ်။ ရပ်ကျေးအုပ်ချုပ်ရေးကို အကောင်အထည်ဖော်လာပြီဆိုတဲ့သဘော။ လူတွေကကြောက်ပြီးဧည့်စာရင်းသွားတိုင်ကြတယ်။ ဖမ်းစရာရှိရင်ဆိုင်ဆိုင်မဆိုင်ဆိုင်အဲ့ဒီအိမ်တွေလူတွေကိုပဲဖမ်းသွားတယ်။ တချို့အုပ်ချုပ်ရေးမှူးရုံးတွေလဲလက်သည်မပေါ်ပဲမီးလောင်ပြာကျကုန်တယ်။ အဖမ်းအဆီးတွေကတော့နေတိုင်းရှိနေတယ်။ မြို့လယ်ကောင်မှာတောင် ATM စက်မှာငွေလာထုတ်တဲ့သူတွေကိုအကြောင်းပြချက်မရှိဖမ်းသွားတယ်။ ဘာဥပဒေမှမရှိဘဲလုပ်ချင်တိုင်းလုပ်နေကြတယ်။
Read moreDetailsရန်ကုန်နဲ့မိုင်၅၀ ခန့်သာ ဝေးတဲ့ပဲခူးမြို့မှာ သပိတ်ခံတပ်ဖြိုခွဲခံရတယ်။ ထုံးစံအတိုင်းအင်အားသုံးပြီး ပစ်တယ်။ နောက်ဆုံးရရှိတဲ့သတင်းအရမြို့နေပြည်သူ ၈၀ ခန့်ကျဆုံးသွားပြီ။ အလောင်းတွေကို စစ်တပ်ကပုံထားပြီးထုတ်ယူခွင့်မပေးဘူး။ ကျဆုံးသူတွေထဲမှာ ဆေးကုသခွင့်မပေးလို့သွေးထွက်လွန်ပြီးသေဆုံးသွားသူတွေအတော်များများရှိတယ်။ တစ်မြို့လုံးနေရာအနှံ့ပစ်ခတ်နေလို့ ကိုယ့်အိမ်မှာကိုယ်မနေရဲတော့ဘဲ အတော်များများဟာလယ်ကွင်းတွေဘက်ကိုတိမ်းရှောင်နေရတယ်။ ဒီအဖြစ်အပျက်တွေဟာနေ့စဥ်နဲ့အမျှမုံရွာလို၊ ပဲခူးလိုမြို့ကြီးပြကြီးတွေမှာဖြစ်နေတာပါ။ တစ်နိုင်ငံလုံးမှာကျဆုံးသူအရေအတွက်၇၀၀ နားကပ်နေပြီ။...
Read moreDetailsလန်ဒန်မြို့လယ်ကမြန်မာသံရုံးလည်း အာဏာသိမ်းခြင်းခံလိုက်ရပါတယ်။ သံအမတ်ကြီးမရှိတဲ့အချိန်မှာ စစ်သံမှုးနဲ့ ဒုသံမှုးတို့ပူးပေါင်းပြီးသံရုံးကိုထိန်းချုပ်လိုက်တာပါ။ ဒါပေမဲ့ သံအမတ်ကြီးဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ပြည်သူ့ဘက်တော်သားတယောက်တော့မဟုတ်ပါဘူး။ ခြံစည်းရိုးခွထိုင်နေတဲ့လူတစ်ယောက်ပါ။ ဘာပဲဖြစ်ဖြစ်စစ်ကောင်စီရဲ့ဒီလုပ်ရပ်ဟာ နိုင်ငံတကာမှာအရုပ်ဆိုးအကျည်းတန်လွန်းလှပါတယ်။ ပြည်တွင်းမှာလည်း အရေးတော်ပုံမှာပါဝင်လှုပ်ရှားနေတဲ့နိုင်ငံကျော်အနုပညာရှင်တွေ၊ Celebrities တွေ၊ Social Influencer တွေကို ပုဒ်မ...
Read moreDetailsဒီနေ့လည်း ကလေးမြို့က တာဟန်းသပိတ်စခန်းဖြိုခွဲခံရလို့ပြည်သူ၁၀ဦးထပ်မနည်းကျဆုံးသွားပါတယ်။ စစ်သူပုန်တွေကအင်အားအလွန်အကျွံသုံးပြီးလက်နက်ကြီးတွေနဲ့ပါပစ်ခတ်ခဲ့လို့သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်ပါတယ်။ မြေပြင်အခြေအနေတွေကတော့ ဆက်လက်ဆိုးရွားနေဆဲပါ။ ဧပြီလပထမအပတ်ထဲမှာ အစိုးရသစ် ဖွဲ့မယ်လို့ကြေငြာထားတဲ့ CRPH ကတော့ခုရက်ပိုင်းငြိမ်ချက်သားကောင်းနေပါတယ်။ ဒီနေ့ထိ အစိုးရသစ်ကို ဖွဲ့စည်းနိုင်ခြင်းမရှိသေးပါဘူး။ CRPH အနေနဲ့အခက်အခဲတွေအများကြီးရှိနေမယ်ဆိုတာသိပေမယ့်လည်း ဒီထက် ပိုပြီးမြန်မြန်ဆန်ဆန်လှုပ်ရှားစေချင်တယ်။ မဟုတ်ရင်တော့...
Read moreDetailsစစ်ကောင်စီတပ်တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနေ့စဥ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ KIA နဲ့ KNU တို့ရှိတဲ့ကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာအဓိကဖြစ်ပွားနေတာပါ။ စစ်တပ်ကအာဏာသိမ်းကတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတော်များများက သဘောမတူ ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ မတ်လလယ်လောက်ကစပြီး ထိုနယ်မြေတွေမှာတိုက်ပွဲတွေ ပြန်ဖြစ်လာရာ ကနေ ခုဆိုရင်နေ့တိုင်းလိုလိုစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေကြပါပြီ။ စစ်သူပုန်တွေဟာ လက်နက်မဲ့ ပြည်သူကိုအနိုင်ကျင့်လို့ရနေပေမယ့်ထိုတိုက်ပွဲတွေမှာတော့အကျအဆုံးများနေပီးအထိနာနေပါတယ်။ လေကြောင်းပစ်ကူတွေပါယူနေရတဲ့အခြေအနေပါ။ စစ်သူပုန်တွေရဲ့မဆင်မခြင်ဗုံးကျဲတိုက်ခိုက်မှုကြောင့်...
Read moreDetailsပြည်တွင်းမှာရောက်နေတဲ့ CNN သတင်းထောက်ချုပ်ရဲ့ သတင်းတင်ဆက်မှုတက်လာပါတယ်။ ပြည်သူတွေရဲ့သဘောထားကိုထင်ဟပ်မှုရှိတဲ့အတွက်အားလုံးကကျေနပ်အားရနေကြတယ်။ သူပြောသွားတာကလွတ်လပ်စွာသတင်းယူခွင့်ကိုအာမခံလို့ရောက်လာခဲ့ကြောင်း၊ ဒီရောက်တော့ဟိုတယ်မှာတောင်တည်းခွင့်မပေးဘဲစစ်တပ်ကစီစဥ်ပေးတဲ့နေရာမှာတည်းရကြောင်း၊ သွားလေရာစစ်ကား ၆ စီးနဲ့လိုက်ပို့ကြောင်း၊ သူအင်တာဗျူးတဲ့ပြည်သူတွေကိုလည်း ချက်ချင်းဖမ်းဆီးသွားကြောင်း၊ မြန်မာပြည်မှာလူတစ်ယောက်ရဲ့အခြေခံလွတ်လပ်ခွင့်တွေပျောက်ဆုံးနေကြောင်းစသဖြင့်ပြောကြားသွားပါတယ်။ ကျေးဇူးပါ CNN.
Read moreDetailsအမေရိကန်ဦးဆောင်တဲ့ QUAD အဖွဲ့ရဲ့စစ်ရေးလေ့ကျင့်မှုတွေကို ဒီနေ့ဘဂ်လားပင်လယ်အော်မှာစ တင်ပြုလုပ်နေပါပြီ။ မြန်မာ့ရေပိုင်နက်အနီးဝန်းကျင်မှာလုပ်တာ ဆိုတော့စောင့်ကြည့်ဖို့တော့လိုမယ်ထင်တယ်။ တချို့တွေကလည်း မြန်မာပြည်ကို R2P ဝင်ဖို့ကြိုတင်လေ့ကျင့်တာလို့အတည်မပြုနိုင်တဲ့သတင်းတွေထွက်နေတယ်။ တစ်ပြိုင်နက်တး မှာပဲစစ်ကောင်စီဟာသူတို့ရေတပ်လေးနဲ့ကမ်းရိုးတန်းနဲ့မနီးမဝေးမှာပမာမခန့်စွာစစ်ရေးလေ့ကျင့်မှုတွေကိုလုပ်ဆောင်နေပါတယ်။ ပြည်တွင်းမှာတော့ဒီနေ့ကြက်ဥသပိတ်ပြုလုပ်ကြတယ်။ ကြက်ဥပေါ်မှာတော်လှန်ရေးအတွက်စာတွေပုံဖော်ပြီးလုပ်ကြတာပါ။ အကြမ်းဖက်ပစ်ခတ်မှုတွေရှိနေတဲ့အတွက်သပိတ်စစ်ကြောင်းကြီးတွေထွက်လို့မရနိုင်တဲ့အခါ စစ်အာဏာရှင်တော်လှန်ရေးအတွက်သပိတ်မျိုးစုံကိုပုံစံမျိုးစုံနဲ့ပြည်သူလူထုကဆက်လက်ပြုလုပ်နေကြပါတယ်။
Read moreDetailsအိန္ဒိယနယ်စပ်က ကလေးမြို့လေးမှာခုချိန်ထိအခြေအနေတွေတင်းမာနေဆဲပါ။ ကလေးမြို့မှာမတ် ၂၇ ရက်နေ့ကတည်းက အခိုင်အမာသပိတ်စခန်းဖွင့်ပြီးစစ်ကောင်စီကိုတော်လှန်နေတာပါ။ စစ်သူပုန်တွေကနေ့ စဥ်နဲ့အမျှဖြိုခွဲဖို့ကြိုးစားနေပေမယ့် ခုထိမအောင်မြင်သေးပါဘူး။ မြို့နေပြည်သူလူထုက ရရာလက်နက်ကိုင်စွဲပီးတော်လှန်နေကြလို့အခက်တွေ့နေကြပါတယ်။ စစ်ကူတပ်တွေပို့ပီးဖြေရှင်းဖို့ကြိုးစားပေမယ့် လမ်းတလျှောက်မှာရှိတဲ့ရွာတွေက အတားအဆီးတွေလုပ်ပြီး ညီညွှတ်စွာပြန်လည်ခုခံနေကြပါတယ်။ အခုဆိုရင် ထိုခုခံမှုတွေဟာအနီးအနားကမြို့တွေဖြစ်တဲ့ တမူး၊ ကောလင်း၊ ဝန်းသို၊...
Read moreDetailsလုံခြုံရေးကောင်စီအစည်းအဝေးဆုံးဖြတ်ချက်ထွက်လာတယ်။ ထုံးစံအတိုင်းကြေငြာချက်တွေပါပဲ။ အရေးယူမှုတစ်စုံတစ်ရာတောင်မနိုင်ခဲ့ဘူး။ တကယ်တော့ UN ဆိုတာစက္ကူကျားပါ။ စစ်ကောင်စီက wireless internet လိုင်းတွေအကုန်ဒီနေ့ထပ်ပိတ်လိုက်တယ်။ ရုံးသုံးအထိုင် Fiber Internet လိုင်းတွေပဲကျန်တော့တယ်။ အဲ့ဒီလိုင်းတွေကလည်း မြို့ကြီးတွေလောက်ပဲလွှမ်းခြုံနိုင်တာပါ။ မြို့ကြီးတွေမှာတောင်လူတိုင်းမသုံးနိုင်ဘူး။ နယ်မြို့လေးတွေကတော့ဒီနေ့ကစပြီးအင်တာနက်လုံးဝပြတ်တောက်သွားပါပြီ။
Read moreDetailsမနေ့ညမှာ CRPH ကဖက်ဒရယ်အခြေခံဥပဒေမူကြမ်းအပါအဝင် ကြားကာလအုပ်ချုပ်ရေးအတွက် ကြေညာစာတမ်းတစ်ခုထုတ်ပြန်လိုက်တယ်။ ၂၀၀၈ ခြေဥကိုဖျက်သိမ်းကြောင်း တစ်ခါတည်း ကြေငြာသွားတယ်။ ဧပြီပထမအပတ်ထဲမှာပဲအစိုးရသစ်ပြန်ဖွဲ့မယ်လို့လည်းပြောသွားတယ်။ အစိုးရသစ် မှာဘယ်သူတွေပါလာမလဲတော့မသိသေးဘူး။ လုံခြုံရေးကောင်စီအစည်းအဝေးကခုထိ အဖြေထွက်မလာသေးပါ။ တရုတ်ကထုံးစံအတိုင်း ကန့်ကွက် နေတယ်လို့ကြားတယ်။ တာဝန်ရှိသူတွေကတော့တရုတ်နဲ့အကြေအလည်ဆွေးနွေးနေပါတယ်။ တရုတ်ရှိ နေလို့ဘာအဖြေထွက်ထွက်သိပ်ပြီးထူးခြားလာမှာတောမဟုတ်ဘူး။...
Read moreDetailsYou can copy without credits to our site. We Need Freedom.