မနေ့ကရန်ကုန်၊စမ်းချောင်းမှာရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကိုကားနဲ့လာပစ်သွားတယ်။ ဒီနေ့လဲသုဝဏ္ဏမှာစစ်သူပုန်တွေတပ်စွဲထားတဲ့နေရာကိုလမ်းပေါ်ကနေပစ်ခတ်သွားတယ်။ ပစ်ခတ်မှု၂ခုလုံးမှာစစ်သူပုန်တွေဖက်ကထိခိုက်မှုရှိခဲ့တယ်။
မြို့ပြပျောက်ကျားတော်လှန်ရေးဟာနောက်တဆင့်တက်လာပြီလား။ အရင်လိုလက်လုပ်ဗုံးလောက်နဲ့ပြီးစလွယ်ပစ်သွားတာမျိုးမဟုတ်ပဲရန်ကုန်မြို့လယ်မှာသေနတ်တွေနဲ့ထိထိရောက်ရောက်ပစ်ခတ်မှုတွေဖြစ်ပေါ်လာတာကစစ်ကောင်စီကိုခြောက်ခြားစေပါတယ်။ ဒါမျိုးဖြစ်စဥ်တွေခပ်စိပ်စိပ်ဖြစ်လာဖို့မျှော်လင့်ပါတယ်။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...