မြန်မာပြည်ရဲ့ဒေသအချို့ကပြည်သူတွေဟာစစ်ကောင်စီကိုရရာလက်နက်စွဲကိုင်ကာတော်လှန်နေကြပါပြီ။ အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ်တွေမှာပါ။ ဧပြီလဆန်းလောက်ကတည်းကစစ်ကိုင်းတိုင်းကလေးမြို့ခံတပ်သပိတ်တိုက်ပွဲဟာဒီသဘောတရားကိုစခဲ့တာပါ။ခုဆိုရင်တော်လှန်ရေးတိုက်ပွဲတွေဟာယင်းမာပင်၊ကနီ၊မင်းတပ်၊ဟားခါးစတဲ့နေရာအနှံမှာပြန့်နှံနေပါပြီ။ထိုဒေသတွေကပြည်သူတွေဟာ၁၉ရာစုခေတ်ကအမဲလိုက်တူမီးသေနတ်များကိုသာအသုံးပြုတိုက်ပွဲဝင်နေရရှာတယ်။ စစ်သူပုန်တွေကတော့လက်နက်ကြီးတွေပါအသုံးပြုပြီးရက်စက်စွာအင်အားသုံးနှိပ်ကွပ်နေပါတယ်။တချို့ရွာတွေဆိုရင်ရွာလုံးကျွတ်တောတောင်တွေထဲပြေးပုန်းနေရပါတယ်။ ဒါပေမယ့်ပြည်သူတွေဘက်ကတော့စစ်အာဏာရှင် ပြုတ်ကျဖို့အတွက်လုံးဝအရှုံးမပေးပဲတိုက်ပွဲဝင်သွားတော့မှာပါ။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...