အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၂၇၊ ၂၀၂၅။ (ကြာသပတေး)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲ လနဲ့ချီကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စိုက်ပျိုးမြေ ဧက ၃၀,၀၀၀ နီးပါး စပါး မစိုက်နိုင်သေးဘူးလို့ သိရတယ်။ ပုလဲနယ် ကျေးရွာ ၂၀ ကျော်က...

Read moreDetails

ဇွန် ၂၆၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

လက်ရှိစစ်ရေးအခြေအနေတွေအရ မဟာဗျူဟာမရှိတဲ့ တိုက်ပွဲတွေ မြို့နယ်တခုလုံး လွှမ်းခြုံနိုင်တဲ့တိုက်ပွဲမဟုတ်ရင် အဲဒီတိုက်ပွဲတွေက တော်လှန်ရေးကိုဝန်ပိစေတာကလွဲပြီး ဘာမှဖြစ်လာမှာမဟုတ်ပဲ စစ်စရိတ်ကုန်ကျမှုသာ များလာမှာဖြစ်တယ်။ အခုနောက်ပိုင်းမှာ ဘယ်တိုက်ပွဲမှာ စစ်သား ဘယ်နှစ်ယောက် ​သေသွားလဲဆိုတာ စစ်တပ်အတွက် ထွေထူးကြီး သက်ရောက်မှုရှိစေမှာမဟုတ်ပါဘူး။စစ်တပ်က တိုင်းပြည်ထဲ လူငယ်...

Read moreDetails

ဇွန် ၂၅၊ ၂၀၂၅။ (အင်္ဂါ)

ရန်ကုန်မန္တလေးလမ်းဟောင်းက စစ်ကောင်စီစခန်းကိုးခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တပြိုင်နက်တိုက်ခိုက်ခဲ့ကြတယ်။တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားနှစ်ဆယ်ခန့်သေဆုံးပြီး လက်နက်အချို့သိမ်းဆည်းရမိတယ်လို့NUGကသတင်းထုတ်ပြန်တယ်။လွန်ခဲ့တဲ့၂နှစ်လောက်ကဆိုရင်တော့ ဒီသတင်းမျိုးဟာတော်လှန်ရေးအတွက် အားတက်စရာကောင်းလိမ့်မယ်။ရန်ကုန်မန္တလေးလမ်းဟောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်နိုင်တော့မယ်လို့ လော်ဘီတချို့ကပြောပြလိမ့်မယ်။အခုတောင် သတင်းဌာနတချို့က စစ်စခန်းကိုးခုလောက်ကို ဝင်တိုက်ပြီးပြန်ဆုတ်သွားခဲ့ရတာကိုပဲ ရန်ကုန်နဲ့မိုင်၈၀၊၁၀၀ဝင်းကျင်အထိ PDFတွေရောက်လာပြီဆိုပြီး ဖွနေသေးတယ်။လက်ရှိကာလ စစ်ရေးနိုင်ငံရေးအခြေအနေတွေကိုနားလည်နေသူတွေအတွက်တော့ ဒီသတင်းဟာအားတက်စရာသတင်းတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။

Read moreDetails

ဇွန် ၂၄၊ ၂၀၂၅။ (တနင်္လာ)

စစ်ကောင်စီရဲ့ မတရားအမှုဆင်ဖမ်းဆီးခြင်းခံနေရတဲ့ သမ္မတကြီးဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တရားခွင်ကပုံတွေပေါက်ကြားလာပါတယ်။တရားရုံးတစ်ခုမှာလို့ ယူဆရပြီး ဘယ်တရားရုံးမှန်းတော့မသိပါဘူး။တကယ်တော့ ထိုနေရာဟာတရားရုံးမဟုတ်ပါဘူး။မတရားတဲ့ရုံးပါ။သူမကိုတရားခံစစ်စ်နေတဲ့ပုံတွေကို တွေ့ရတော့ အော့နှလုံးနာစရာ၊ခံပြင်းစရာကောင်းလှပါတယ်။ဒါ့အပြင်ဒေါ်ဆောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတဲ့နေရာကိုလဲ ဘယ်သူမှမသိကြပါဘူး။နေပြည်တော်အကျဥ်းထောင်ကနေ အခြားနေရာတစ်ခုကိုပြောင်းရွှေ့ချုပ်နှောင်ထားတယ်လို့ပဲ သိရတယ်။ဒီတော်လှန်ရေးကြီးမအောင်မြင်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ဘဝလက်ကျန်သက်တမ်းတွေကို မတရားအကျဥ်းချခံထားရတဲ့ထောင်ထဲမှာပဲ ကုန်ဆုံးတော့မှာပါ။

Read moreDetails

ဇွန် ၂၃၊ ၂၀၂၅။ (တနင်္လာ)

ရှမ်းမြောက်မှာ MNDAAသိမ်းပိုက်ထားတဲ့လားရှိုးမြို့ကို စစ်ကောင်စီထံပြန်ပေးလိုက်ရပြီးနောက်သိန္ဒီမြို့ကိုပါ ပေးရဦးမယ်လို့ သတင်းတွေထွက်ပေါ်နေတယ်။သေချာပြီမဟုတ်သေးပေမယ့် လားရှိုးတုန်းကလဲမပေးပါဘူးဆိုပြီးပေးခဲ့ရတာပဲလေ။အခုလောလောဆယ်တော့ MNDAAနဲ့ စစ်ကောင်စီတို့ ထပ်မံတွေ့ဆုံမယ်လို့ မကြားမိသေးပါဘူး။တရုတ်ဟာနယ်စပ်ကုန်သွယ်ရေးပြန်ပွင့်ဖို့ လမ်းကြောင်းပေါ်က မြို့တွေကိုအတင်းအကျပ်ဖိအားပေးပြီးစစ်ကောင်စီကို ပြန်ဖို့ တောင်းဆိုပါလိမ့်မယ်။အခုလဲMNDAA ထိန်းချုပ်နယ်မြေတွေထဲကမြို့တွေမှာ တရုတ်နိုင်ငံသားတွေဝင်ရောက်ပြီး စီးပွားရေးလုပ်နေတယ်လို့သိရတယ်။စစ်ကောင်စီကို အမြစ်ပြတ်အောင်မလုပ်နိုင်ဘူးဆိုရင် ထိုနယ်မြေတွေဟာ တရုတ်အပိုင်နီးပါးဖြစ်သွားပါလိမ့်မယ်။

Read moreDetails

ဇွန် ၂၂၊ ၂၀၂၅။ (တနင်္ဂနွေ)

စစ်ကောင်စီကွပ်ကဲနယ်မြေများတွင် ဖမ်းဆီးမှုများ ပြုလုပ်မည်ဆိုပါက ရဲတပ်ဖွဲ့ဝင်များဟာသက်ဆိုင်ရာ စစ်ကောင်စီ တပ်ဖွဲ့ထံ ကြိုတင်အကြောင်းကြားရမည်ဟု ညွှန်ကြားချက် ထွက်ပေါ်လာတယ်။ အကြောင်းမကြားဘဲ ဖမ်းဆီးပါက ရဲတပ်ဖွဲ့ဝင်များပါ အရေးယူခံရမည် ဖြစ်ကြောင်း သိရတယ်။ ထိုသို့ ထုတ်ပြန်ရသည့် အဓိကအကြောင်းအရင်းမှာ စစ်ကောင်စီအရာရှိများ ပိုင်ဆိုင်သည့်...

Read moreDetails

ဇွန် ၂၁၊ ၂၀၂၅။ (စနေ)

စစ်ကောင်စီရဲ့မတရားဖမ်းဆီးခြင်းခံထားရတဲ့ ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဆုတောင်းဗီဒီယိုဖိုင် ရှစ်သောင်းစုဆောင်းနေတာ ပြည့်သွားပါပြီ။ဒီလ၁၉ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက်​ စုဆောင်းနေတာပါ။ဗီဒီယိုဖိုင်ရှစ်သောင်းပြည့်ရင် ဂရင်းနစ်စံချိန်တင်နိုင်ဖို့ လုပ်ဆောင်ကြမှာပါ။တပြည်လုံးအတိုင်းအတာနဲ့ဆိုရင် ဗီဒီယိုဖိုင်ရှစ်သောင်းဆိုတာ နည်းပါးလွန်းတဲ့ ပမာဏပါ။ဒါပေမယ့်ဒီအချိန်မှာ စစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆိုတဲ့ အသံကြားတာနဲ့တွေ့သမျှကို လိုက်ဖမ်းနေတယ်။အဖမ်းအဆီးကြမ်းနေတဲ့ကြားကပဲ နှစ်တိုင်းဆိုသလို သူမရဲ့မွေးနေ့အတွက် တစ်ခုမဟုတ်တစ်ခုစီစဥ်ကြတယ်။အခုလိုဂရင်းနစ်စံချိန်တင်နိုင်ရင် အမေ့လျော့ခံဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို...

Read moreDetails

ဇွန် ၂၀၊ ၂၀၂၅။ (သောကြာ)

ပုလဲမြို့အနောက်ဘက်က ကန့်ဒေါင့်ရဲစခန်းကို သိမ်းပိုက်ပြီးနောက် ပျူစောထီးအား ကောင်းတဲ့ ရွာနှစ်ရွာကို တော်လှန်ရေးတပ်တွေက ဆက်လက် ထိုးစစ်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၁၁ရက်က ဗိုလ်နဂါး ဦးဆောင်တဲ့ တပ်ဟာ ပုလဲမြို့သိမ်းတိုက်ပွဲ စတင်ခဲ့ပါတယ်။ မြို့သိမ်းလုနီးချိန် နိုဝင်ဘာ...

Read moreDetails

ဇွန် ၁၉၊ ၂၀၂၅။ (ကြာသပတေး)

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန်ဒေါင့်ရွာရဲစခန်းကို တော်လှန်ရေးစုပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်လိုက်ပါပြီ။ထိုစခန်းကိုဒီလ ၂ရက်နေ့ ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၂ပတ်ကျော်ကြာမှ သိမ်းပိုက်နိုင်လိုက်တယ်။ဒီကြားထဲမှာလဲ စခန်းသိမ်းတိုက်ပွဲဆင်နွဲရင်းစစ်ကောင်စီရဲ့ တိုက်လေယာဥ်တစ်စင်းပျက်ကျခဲ့သေးတယ်။ ကန်ဒေါင့်ရဲစခန်းဟာစစ်ကိုင်းတိုင်း အနောက်ပိုင်းကို သွားတဲ့လမ်းပေါ်မှာတည်ရှိနေပြီးဘေးမှာလဲ ပျူစောထီးရွာနှစ်ရွာနဲ့ဝိုင်းရံထားသေးတယ်။ထိုရွာတွေကနေစစ်ကူပို့ဖို့ကြိုးစားပေမယ့်တော်လှန်ရေးအဖွဲ့တွေက ပိတ်ဆို့ထားနိုင်ခဲ့တယ်။အခုထိုရဲစခန်းကိုရပီးနောက် ပုလဲနယ်မှာပျူစောထီးရွာနှစ်ခုအပြင် ပုလဲမြို့ပေါ်မှာသာ စစ်ကောင်စီတပ်တွေကျန်ရှိတော့တယ်။

Read moreDetails

ဇွန် ၁၈၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

ရွှေစျေးဒေါ်လာစျေးတွေ တက်လာပြီဆိုလို့ သတိထားမိတာတစ်ခုရှိတယ်။အခုစျေးတွေတက်လာတာဟာ ကမ္ဘာနိုင်ငံရေးစစ်ရေးကြောင့်ဖြစ်ပြီး ပြည်တွင်းရေးနဲ့ ဘာမှမဆိုင်ပါဘူး။ဒါ​ပေမယ့်ပြီးခဲ့တဲ့ရက်တွေက စစ်ကောင်စီကိုILOကပိတ်ဆို့အရေးယူမှုတွေ လုပ်မယ်လို့ကြေညာတယ်။အရင်ကဆိုဒီလိုအရေးယူမှုမျိုးတွေရှိလာရင် စျေးတွေတက်နေကျပဲ။ဒါပေမယ့်ဒီတစ်ခေါက်မှာတော့ ငြိမ်ချက်သားကောင်းနေတယ်။စျေးတွေတက်ရင် စစ်ကောင်စီကကုန်သည်တွေကိုဖမ်းတယ်ဆိုပေမယ့်လဲ ဒါဟာအဖြေမဟုတ်သေးပါဘူး။စျေးတွေတက်မလာတော့ စစ်ကောင်စီလက်ထဲမှာနိုင်ငံငွေဒေါ်လာအလုံအလောက်ရှိနေပြီလား၊အရင်ဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး ပြင်ဆင်ထားနိုင်ပြီလား။ ဘယ်လောက်ပိတ်ဆို့မှုတွေရှိလာပါစေ စစ်ကောင်စီက ခံနိုင်ရည်ရှိနေပြီလားထင်မိတယ်။

Read moreDetails
Page 17 of 182 1 16 17 18 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist