လက်ရှိစစ်ရေးအခြေအနေတွေအရ မဟာဗျူဟာမရှိတဲ့ တိုက်ပွဲတွေ မြို့နယ်တခုလုံး လွှမ်းခြုံနိုင်တဲ့တိုက်ပွဲမဟုတ်ရင် အဲဒီတိုက်ပွဲတွေက တော်လှန်ရေးကိုဝန်ပိစေတာကလွဲပြီး ဘာမှဖြစ်လာမှာမဟုတ်ပဲ စစ်စရိတ်ကုန်ကျမှုသာ များလာမှာဖြစ်တယ်။ အခုနောက်ပိုင်းမှာ ဘယ်တိုက်ပွဲမှာ စစ်သား ဘယ်နှစ်ယောက် သေသွားလဲဆိုတာ စစ်တပ်အတွက် ထွေထူးကြီး သက်ရောက်မှုရှိစေမှာမဟုတ်ပါဘူး။စစ်တပ်က တိုင်းပြည်ထဲ လူငယ် လူရွယ် အကုန်လုံးကို ခြံထဲက ကြက်တွေလို သဘောထားပြီး စစ်တပ်ရဲ့လူစွမ်းအားရင်းမြစ်အတွက် ယူသုံးနေတာဖြစ်တယ်။ နေရာတခု စခန်းတခုကို ရေရှည် ထိန်းသိမ်းထားဖို့ မဖြစ်နိုင်ပဲ လက်နက်လေးစုလိုက် ကျည်လေးစုလိုက် သွားတိုက်လိုက် လုပ်နေတာတွေက တော်လှန်ရေးကို ကုန်ကျစရိတ် များပြီးဝန်ပိစေမှာသာဖြစ်တယ်။ တကယ်တော့ NUG ကိုဖြစ်စေချင်တာက သူ့ရဲ့ပင်မ အင်အားစုက ဘယ်ဒေသကို အခြေပြုမှာလဲ အဲဒီဒေသကနေ တဖြည်းဖြည်း မြို့နယ်တခုခြင်း ဒေသတခုခြင်း တိုက်ပွဲဖော်ဆောင်ပြီး ထိန်းချုပ်နယ်မြေတွေ တိုးယူလာဖို့ အချိန်တန်နေပြီဖြစ်တယ်။ ဒီလိုမှမဟုတ်နေပဲ EROs တွေနဲ့အတူ ပေါင်းတိုက်ရင်း ပြည်မကို မျှခြေတခုမှာထားပြီး EROs ဒေသတွေ အလုံးစုံ သိမ်းပိုက်နိုင်မှပဲ ပြည်မထဲမှာ တိုက်ပွဲကြီး စမယ်ဆိုရင်တော့ တော်လှန်ရေးက အချိန်တွေ အများကြီး ထပ်ယူနေရအုံးမှာသာဖြစ်တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


