စစ်ကောင်စီရဲ့မတရားဖမ်းဆီးခြင်းခံထားရတဲ့ ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဆုတောင်းဗီဒီယိုဖိုင် ရှစ်သောင်းစုဆောင်းနေတာ ပြည့်သွားပါပြီ။ဒီလ၁၉ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက် စုဆောင်းနေတာပါ။ဗီဒီယိုဖိုင်ရှစ်သောင်းပြည့်ရင် ဂရင်းနစ်စံချိန်တင်နိုင်ဖို့ လုပ်ဆောင်ကြမှာပါ။တပြည်လုံးအတိုင်းအတာနဲ့ဆိုရင် ဗီဒီယိုဖိုင်ရှစ်သောင်းဆိုတာ နည်းပါးလွန်းတဲ့ ပမာဏပါ။ဒါပေမယ့်ဒီအချိန်မှာ စစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆိုတဲ့ အသံကြားတာနဲ့တွေ့သမျှကို လိုက်ဖမ်းနေတယ်။အဖမ်းအဆီးကြမ်းနေတဲ့ကြားကပဲ နှစ်တိုင်းဆိုသလို သူမရဲ့မွေးနေ့အတွက် တစ်ခုမဟုတ်တစ်ခုစီစဥ်ကြတယ်။အခုလိုဂရင်းနစ်စံချိန်တင်နိုင်ရင် အမေ့လျော့ခံဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကပြန်ပြီး အမှတ်ရလာစေမှာပါ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...


