အာဏာသိမ်း ဒိုင်ယာရီ

ဧပြီ ၁၃၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

သင်္ကြန်ကျလာပြန်ပြီပေါ့။ဒီနေ့ဟာသင်္ကြန်အကြိုနေ့။မြန်မာပြည်သူတွေအတွက်တော့သင်္ကြန်ကိုလွတ်လွတ်လပ်လပ်မပျော်ရတာသုံးနှစ်ဆက်တိုက်ရှိနေပြီ။၂၀၂၀က Covid၊ ၂၀၂၁က Coup၊ အခု၂၀၂၂မှာတော့တနိုင်ငံလုံး Civil War ဖြစ်နေတယ်။ ကိုယ့်အတွက်လဲဒီနှစ်သင်္ကြန်မှာဘာအစီအစဉ်ှမရှိဘူး။တချို့တွေကဒီရုံးပိတ်ရက်တွေကိုခရီးတွေထွက်ကြပေမယ့်အပျော်တွေလုပ်ဖို့စိတ်မလုံဘူး။နယ်ဘက်တွေမှာ၊တောထဲမှာပြည်သူတွေအသက်အိုးအိမ်စည်းစိမ်တွေနေ့စဉ်နဲ့အမျှဆုံးရှုံးနေတယ်။အပျော်တွေလုပ်မယ့်အစားသူတို့ကိုသာတတ်နိုင်သမျှကူညီပေးလိုက်ချင်တယ်။ဒီသင်္ကြန်လေးရက်တော့အိမ်မှာပဲနေဖြစ်လိမ့်မယ်။

Read moreDetails

ဧပြီ ၁၂၊ ၂၀၂၂။ (အင်္ဂါ)

အခုဧပြီလအစမှာတော်လှန်ရေးအဖွဲ့တွေရဲ့စစ်ရေးလှုပ်ရှားမှုတွေသိသိသာသာများလာတယ်။ကယား၊ကရင်၊စစ်ကိုင်း၊မကွေး၊မြိုပြတွေအပါအဝင်တနိုင်ငံလုံးနေရာအစုံပဲ။ပိုပြီးအားရစရာကောင်းတာကအရင်လိုမိုင်းထောင်ပစ်ပြေးမဟုတ်တော့ပဲစစ်ကောင်စီတပ်စခန်းတွေကိုထိထိရောက်ရောက်ဝင်ရောက်တိုက်ခိုက်လာနိုင်တယ်။ပင်လည်ဘူးမှာဆိုမြို့ကိုသိမ်းနိုင်တဲ့အဆင့်ဖြစ်လာပြီးလေကြောင်းပစ်ကူဒဏ်ကြောင့်သာပြန်လည်ဆုတ်ခွာပေးလိုက်ရတာ။ကန့်ဘလူမှာလဲရဲစခန်းတစ်ခုကိုဝင်ရောက်သိမ်းပိုက်နိုင်သေးတယ်။ပြီးတော့ဒီလထဲဖြစ်ပွားတဲ့တိုက်ပွဲတော်တော်များများမှာစစ်သူပုန်တွေဘက်ကလက်နက်ခဲယမ်းတွေပါသိမ်းဆည်းလိုက်နိုင်တယ်။လက်နက်ခဲယမ်းချို့တဲ့နေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေအတွက်တော့ဒါဟာအားဖြစ်စေတယ်။အရင်ကလှုပ်ရှားမှုသိပ်မရှိခဲ့တဲ့ပဲခူးတိုင်းထဲမှာလဲပျောက်ကြားတိုက်ခိုက်မှုတွေခပ်စိပ်စိပ်ဖြစ်ပေါ်လာတယ်။မြို့ကြီးတွေပေါ်မှာလဲတအုံးအုံး၊တဂျိန်းဂျိန်းပဲ။တနိုင်ငံလုံးစစ်ရေးလှုပ်ရှားမှုမရှိတဲ့နေရာမကျန်သလောက်ပဲ။သကြန်ပြီးရင်ဒီထက်ပိုပြီးအရှိန်ကောင်းလာမယ်ထင်တယ်။

Read moreDetails

ဧပြီ ၁၁၊ ၂၀၂၂။ (တနင်္လာ)

မကွေးတိုင်း၊ပေါက်မြို့နယ်မှာပြီးခဲ့တဲ့အပတ်ကစစ်ကောင်စီလက်နက်ထုတ်လုပ်ရေးစက်ရုံကိုပို့မယ့်လက်နက်ကုန်ကြမ်းတွေတင်ဆောင်လာတဲ့တွဲကားသုံးစီးကိုPDFတွေကဖမ်းဆီးလိုက်နိုင်တယ်။တွဲကားတွေနဲ့အတူပါလာတဲ့စစ်သူပုန်၇ယောက်ကိုလဲအရှင်ရလိုက်တယ်။ထိုကိစ္စဟာစစ်ကောင်စီအတွက်ကြီးစွာသောအရှက်ရမှုကိုဖြစ်စေပြီးစစ်တပ်ဟာပါသွားတဲ့ပစ္စည်းတွေနဲ့လူတွေကိုပြန်ရဖို့ချက်ချင်းတောနင်းရှာဖွေတယ်။ထုံးစံအတိုင်းထိုဒေသတဝိုက်ကမဆိုင်တဲ့ရွာတွေကိုမီးရှို့ဖျက်စီးနေတာအခုဆိုရင်ရွာပေါင်းဆယ်ရွာခန့်မီးရှို့ခံလိုက်ရတယ်။တချို့ရွာတွေမှာဆိုရွာသားတွေပါအရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရတယ်။ဒေသခံ PDFတွေကလဲအစွမ်းကုန်ခုခံကာကွယ်နေတယ်။တွဲကားတွေပေါ်ကလက်နက်ကုန်ကြမ်းတွေကိုတော့PDF တွေကအစဖျောက်လိုက်ပြီ။ ရန်ကုန်မှာဗဟိုဘဏ်ဒုဥက္ကဌလုပ်ကြံခံလိုက်ရတဲ့ပျံလွှားအောင်စစ်ဆင်ရေးအဆုံးသတ်အပြီးမှာနောက်တဆင့်ဖြစ်တဲ့နန်းထိုက်အောင်စစ်ဆင်ရေးကိုစတင်လိုက်တယ်။အစမှာပဲလမ်းမတော်မြို့နယ်ကစစ်ဘက်ဆိုင်ရာအရာရှိဗိုလ်မှူးတယောက်စျေးဦးပေါက်သွားပြီ။မြို့တော်ခန်းမရှေ့ကစစ်ကောင်စီရဲ့ရေကစားမဏ္ဌပ်လဲဖောက်ခွဲခံလိုက်ရတယ်။နန်းထိုက်အောင်စစ်ဆင်ရေးဟာမြန်မာပြည်အောက်ပိုင်းတစ်ခုလုံးကမြို့ပြပျောက်ကြားစစ်ဆင်ရေးလို့ NUG ကကြေငြာထားတယ်။

Read moreDetails

ဧပြီ ၁၀၊ ၂၀၂၂။ (တနင်္ဂနွေ)

ကရင်ပြည်နယ်၊လေးကေကော်မှာဒီနေ့တနေကုန်တိုက်ပွဲတွေပြင်းထန်နေတယ်။စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေကိုKNUနဲ့ပူးပေါင်းအဖွဲ့တွေခုခံတိုက်ခိုက်ရာမှာစစ်ကြောင်းတစ်ခုလုံးပြုတ်ပြီးတပ်ရင်းမှုးအပါအဝင်စစ်သူပုန်လေးဆယ်ကျော်သေဆုံးသွားတယ်။ဒုတပ်ရင်းမှုးတစ်ဦးကိုအရှင်ဖမ်းမိပြီးလက်နက်ခဲယမ်းများစွာရလိုက်တယ်။ ဒါတောင်ဒီနေ့တနေကုန်စစ်တပ်ဖက်ကလေကြောင်းတိုက်ခိုက်မှုအကြိမ်နှစ်ဆယ်ကျော်နဲ့တိုက်ခိုက်ခဲ့တာပါ။ကြဲချလိုက်တဲ့ဗုံးတွေထဲမှာဓာတုဗုံးတွေပါလာတယ်။မြေပြင်ကပူးပေါင်းတပ်ဖွဲ့ဝင်တချို့ကအဝါရောင်အငွေ့တွေရှူမိပြီးမူးဝေအော့အန်ကုန်တယ်။စစ်ကောင်စီဟာဓာတုလက်နက်တွေသုံးနေပြီလား။ အတည်မပြုနိုင်တဲ့သတင်းတွေအရတော့ပိတ်မိနေတဲ့စစ်ကြောင်းတစ်ခုလုံးလက်နက်ချအလင်းဝင်သွားမှာစိုးလို့ကိုယ့်တပ်ကိုကိုယ်ဗုံးကြဲသွားတယ်လို့လဲကြားတယ်။  စစ်ကောင်စီတပ်တွေဟာEAO တွေနဲ့ရင်ဆိုင်တိုက်ပွဲဖြစ်တိုင်းမရှုမလှရှုံးနိမ့်လျက်ရှိတယ်။  

Read moreDetails

ဧပြီ ၀၉၊ ၂၀၂၂။ (စနေ)

ရန်ကုန်မြို့အထွက်အဝေးပြေးလမ်းမကြီးတွေပေါ်မှာယာဥ်ကြောပိတ်ဆို့မှုတွေဆိုးရွားစွာဖြစ်ပေါ်နေတယ်။သကြန်ရုံးပိတ်တွေစပြီမို့တချို့တွေကနေရပ်ပြန်ကြပြီးတချို့တွေကတော့အပျော်ခရီးထွက်ကြတယ်။တောထဲမှာလူငယ်လေးတွေအသက်ပေးပြီးတော်လှန်ရေးအတွက်တိုက်ပွဲဝင်နေကြပေမယ့်တချို့မြို့နေလူတန်းစားတစ်စုကယခုအချိန်ထိကိုယ်နဲ့မဆိုင်သလိုနေထိုင်ကြဆဲပဲ။ဒီရက်တွေဆိုကမ်းခြေတွေကဟိုတယ်တွေမှာဘိုကင်တွေပြည့်နေပြီ။ရန်ကုန်နဲ့မန္တလေးကနာမည်ကြီးဘားတွေကလပ်တွေမှာလဲပျော်ပါးသောင်းကျန်းနေကြတဲ့သူတွေများလာလို့တော်လှန်ရေးအဖွဲ့တွေကဒီရက်ပိုင်းဆက်တိုက်ဖောက်ခွဲသတိပေးနေရတယ်။ထိုလူတန်းစားတွေအနေနဲ့အပျော်အပါးနည်းနည်းလျော့ပြီးတော်လှန်ရေးကိုသာထောက်ပံပေးမယ်ဆိုရင်အခုထပ်အများကြီးခရီးရောက်နေပြီ။စစ်အာဏာသိမ်းမှုမှာလွတ်မြောက်ကျန်ခဲ့မယ့်သူမရှိဘူးဆိုတာဒီအချိန်မှာသိဖို့ကောင်းနေပြီ။

Read moreDetails

ဧပြီ ၀၈၊ ၂၀၂၂။ (သောကြာ)

လေယာဉ်၊ရဟတ်ယာဉ်၊တင့်ကားတွေအပါအဝင်စစ်ဘက်သုံးအရေးကြီးယာဉ်တနဲ့CDMလုပ်ရင်၊ဒါမှမဟုတ်ထိုယာဉ်တွေကိုပျက်စီးအောင်လုပ်နိုင်ရင်ဒေါ်လာငါးသိန်းအထိဆုငွေချီးမြှင့်မယ့်အစီအစဉ်ကိုNUGကထုတ်ပြန်ကြေငြာလိုက်တယ်။ဒါဟာစစ်တပ်ဘက်CDMလုပ်ချင်တဲ့သူတွေအတွက်သတင်းကောင်းပဲ။မက်လောက်စရာဆုငွေတွေရမယ့်အပြင်သြစတေးလျနိုင်ငံမှာသာသာယာယာခိုလှုံခွင့်ရသွားမယ်။စစ်တပ်ဘက်ကသူရဲကောင်းတွေဘယ်အချိန်ပေါ်လာမလဲစောင့်ကြည့်ရမယ်။ ဒီနေ့ပဲဗဟိုဘဏ်ဒုဥက္ကဌတစ်ယောက်ရန်ကုန်ကသူ့နေအိမ်မှာလုပ်ကြံခံလိုက်ရတယ်။စစ်ကောင်စီဘက်ကအကြီးတန်းအဖွဲ့အဝင်တစ်ယောက်ပထမဆုံးအကြိမ်လုပ်ကြံခံရခြင်းပဲ။အောက်ခြေစစ်သားတွေကိုတိုက်ခိုက်နေတာထက်ဒီလိုပုဂ္ဂိုလ်တွေမျိုးကိုမှတ်သားလောက်အောင်လုပ်ပြနိုင်ခြင်းဟာစစ်ကောင်စီအဖွဲ့ဝင်တွေကိုပိုမိုခြောက်ခြားစေလိမ့်မယ်။

Read moreDetails

ဧပြီ ၀၇၊ ၂၀၂၂။ (ကြာသပတေး)

မသွားကြာပြီဖြစ်တဲ့ရုံးချုပ်ကိုဒီနေ့သွားရတယ်။Work from Home ဖြစ်တဲ့အတွက်ရုံးပုံမှန်မသွားဖြစ်တာလဲတော်တော်ကြာနေပြီပေါ့။အိမ်မှာကားရှိပေမယ့်လက်ရှိအချိန်မှာကိုယ့်ကားလေးမောင်းပြီးမသွားနိုင်တော့ဘူး။အသွားအပြန်ကိုကားဆီဖိုးကတစ်သောင်းလောက်ကုန်ပြီးကားပါကင်ကြေးကငါးထောင်လောက်ကျလိမ့်မယ်။ဒီကာလအကုန်အကျတွေများလို့ရုံးသွားဖို့တစ်ခုထဲအတွက်နဲ့အဲ့ဒီလောက်မသုံးနိုင်တော့ဘူး။အဲ့ဒီတော့ကားရှိပြီးလိုင်းကားနဲ့ရုံးသွားရတဲ့ဘဝပြန်ရောက်သွားတယ်။ ဒါဟာရန်ကုန်ကလူလတ်တန်းစားတစ်ယောက်ရဲ့အခြေအနေပဲ။အထက်တန်းလွှာတွေလဲသက်သာမယ်မထင်နဲ့။စစ်ကောင်စီရဲ့ဒေါ်လာထိန်းချုပ်ရေးအမိန့်ကြောင့်နေရင်းထိုင်ရင်းကိုယ့်လက်ထဲကငွေတွေခိုးယူခံလိုက်ရတယ်။ ကြပ်တည်းနေတဲ့ခေတ်ကြီးမှာလူတိုင်းရဲ့နေ့စဥ်လူနေမှုဘဝဟာဖရိုဖရဲဖြစ်နေတယ်။  

Read moreDetails

ဧပြီ ၀၆၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

USကထောက်ပံတဲ့ဒေါ်လာသန်း၁၃၀ကျော်ကိုလက်ခံယူဖို့NUGကိုယ်စားလှယ်အဖွဲ့အမေရိကန်ကိုရောက်ရှိနေပြီ။ထိုငွေတွေကိုစစ်ရေးအတွက်အသုံးပြုလို့မရဘူးဆိုပေမယ့်လူသားချင်းစာနာမှုအကူအညီတွေမှာကောင်းကောင်းသုံးနိုင်မယ်ဆိုရင်တော့မဆိုးပါဘူး။ပြည်တွင်းမှာစစ်ပြေးဒုက္ခသည်တွေကလဲနည်းတာမဟုတ်ဘူးလေ။ထိုပြည်သူတွေကိုထောက်ပံနိုင်ရင်တော့NUGအတွက်အတိုင်းအတာတစ်ခုအထိဖိအားတွေလျော့သွားနိုင်တယ်။ စစ်ကောင်စီရဲ့လေကြောင်းရန်ကိုပြန်လည်တိုက်ခိုက်နိုင်ဖို့အလှူငွေကောက်ခံနေတဲ့ Dragon Fly Projectကတော့ရက်တိုတိုအတွင်းလျာထားချက်ကိုကျော်လွန်ပြီးဒေါ်လာတစ်သန်းခန့်ရရှိနေပြီ။လေယာဉ်ပစ်တွေများများဝယ်နိုင်ရင်စစ်ရေးမှာပြည်သူတွေဖက်ကတဖြည်းဖြည်းနဲ့ချိန်ခွင်သာလာလိမ့်မယ်။

Read moreDetails

ဧပြီ ၀၅၊ ၂၀၂၂။ (အင်္ဂါ)

ကရင်ပြည်နယ်၊KNUတပ်မဟာ၆နယ်မြေကော့ကရိတ်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်။KNUဘက်ကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုတစ်ခုပီးတစ်ခုတိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကလဲအင်အားအလုံးအရင်းဖြည့်တင်းနေတယ်။အကျိုးဆက်အဖြစ်ထိုဒေသကအာရှလမ်းမကြီးကတော့ပိတ်လျက်ရှိနေဆဲပဲ။လမ်းမကြီးပေါ်ဿားတစ်ချို့လဲနေ့တိုင်းနီးပါးဖျက်စီးခံနေရတယ်။KNUဘက်ကထိုလမ်းကိုမသုံးဖို့စာထုတ်ထားပေမယ့်အရဲစွန့်ပြီးသွားတဲ့သူကသွားနေတုန်းပဲ။ ထိုလမ်းကိုပိတ်ထားတဲ့အတွက်ထိုင်းနိုင်ငံနဲ့ကုန်သွယ်မှုကရပ်တန့်သလောက်ဖြစ်နေတယ်။တရုတ်နယ်စပ်ကကုန်သွယ်မှုဟာလဲအခုထိကောင်းကောင်းမပွင့်သေးတဲ့အတွက်ရေရှည်မှာကုန်ပစ္စည်းရှားပါးမှုတွေဖြစ်ပေါ်လာနိုင်တယ်။

Read moreDetails

ဧပြီ ၀၄၊ ၂၀၂၂။ (တနင်္လာ)

စစ်ကောင်စီကဒေါ်လာအပါအဝင်နိုင်ငံခြားငွေကိုင်ထားသူတွေအားလုံးကိုတစ်ရက်အတွင်းမြန်မာကျပ်ငွေနဲ့လဲလှယ်ကြဖို့အမိန့်ထုတ်လိုက်တယ်။ဒါဟာစစ်ကောင်စီဆီမှာနိုင်ငံခြားငွေလက်ကျန်သိပ်မရှိတော့ဘူးဆိုတာပြသလိုက်တာပဲ။ထိုအမိန့်ကြောင့်ပြည်တွင်းမှာစီးပွားရေးလုပ်ငန်းတွေအပေါ်သက်ရောက်မှုတွေရှိလာတယ်။အထူးသဖြင့်ပို့ကုန်သွင်းကုန်သမားတွေအပေါ်မှာပေါ့။ VISA card Master Card တွေသုံးလို့မရတော့တာကတော့လူလတ်တန်းစားတွေအပေါ်မှာထိခိုက်စေတယ်။Digital Marketing လုပ်ငန်းတွေကတော့ရပ်ဆိုင်းလုနီးပါးဖြစ်သွားပြီ။စစ်ကောင်စီဟာနိုင်ငံကိုတဖြည်းဖြည်းနဲ့အမှောင်ချနေတယ်။

Read moreDetails
Page 134 of 178 1 133 134 135 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist