ကရင်ပြည်နယ်၊လေးကေကော်မှာဒီနေ့တနေကုန်တိုက်ပွဲတွေပြင်းထန်နေတယ်။စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေကိုKNUနဲ့ပူးပေါင်းအဖွဲ့တွေခုခံတိုက်ခိုက်ရာမှာစစ်ကြောင်းတစ်ခုလုံးပြုတ်ပြီးတပ်ရင်းမှုးအပါအဝင်စစ်သူပုန်လေးဆယ်ကျော်သေဆုံးသွားတယ်။ဒုတပ်ရင်းမှုးတစ်ဦးကိုအရှင်ဖမ်းမိပြီးလက်နက်ခဲယမ်းများစွာရလိုက်တယ်။ ဒါတောင်ဒီနေ့တနေကုန်စစ်တပ်ဖက်ကလေကြောင်းတိုက်ခိုက်မှုအကြိမ်နှစ်ဆယ်ကျော်နဲ့တိုက်ခိုက်ခဲ့တာပါ။ကြဲချလိုက်တဲ့ဗုံးတွေထဲမှာဓာတုဗုံးတွေပါလာတယ်။မြေပြင်ကပူးပေါင်းတပ်ဖွဲ့ဝင်တချို့ကအဝါရောင်အငွေ့တွေရှူမိပြီးမူးဝေအော့အန်ကုန်တယ်။စစ်ကောင်စီဟာဓာတုလက်နက်တွေသုံးနေပြီလား။
အတည်မပြုနိုင်တဲ့သတင်းတွေအရတော့ပိတ်မိနေတဲ့စစ်ကြောင်းတစ်ခုလုံးလက်နက်ချအလင်းဝင်သွားမှာစိုးလို့ကိုယ့်တပ်ကိုကိုယ်ဗုံးကြဲသွားတယ်လို့လဲကြားတယ်။ စစ်ကောင်စီတပ်တွေဟာEAO တွေနဲ့ရင်ဆိုင်တိုက်ပွဲဖြစ်တိုင်းမရှုမလှရှုံးနိမ့်လျက်ရှိတယ်။