ကရင်ပြည်နယ်၊KNUတပ်မဟာ၆နယ်မြေကော့ကရိတ်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်။KNUဘက်ကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုတစ်ခုပီးတစ်ခုတိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကလဲအင်အားအလုံးအရင်းဖြည့်တင်းနေတယ်။အကျိုးဆက်အဖြစ်ထိုဒေသကအာရှလမ်းမကြီးကတော့ပိတ်လျက်ရှိနေဆဲပဲ။လမ်းမကြီးပေါ်ဿားတစ်ချို့လဲနေ့တိုင်းနီးပါးဖျက်စီးခံနေရတယ်။KNUဘက်ကထိုလမ်းကိုမသုံးဖို့စာထုတ်ထားပေမယ့်အရဲစွန့်ပြီးသွားတဲ့သူကသွားနေတုန်းပဲ။ ထိုလမ်းကိုပိတ်ထားတဲ့အတွက်ထိုင်းနိုင်ငံနဲ့ကုန်သွယ်မှုကရပ်တန့်သလောက်ဖြစ်နေတယ်။တရုတ်နယ်စပ်ကကုန်သွယ်မှုဟာလဲအခုထိကောင်းကောင်းမပွင့်သေးတဲ့အတွက်ရေရှည်မှာကုန်ပစ္စည်းရှားပါးမှုတွေဖြစ်ပေါ်လာနိုင်တယ်။
သြဂုတ် ၁၅၊ ၂၀၂၅။ (သောကြာ)
စစ်ကိုင်းမြို့နယ် စစ်ကိုင်း-ရှိမ္မကား-ကျောက်မြောင်း ဗျူဟာ လမ်းမကြီးပေါ်မှာ ရှိနေတဲ့...