ဥကရစ်ထစခန်းကိုတိုက်ခိုက်နေတဲ့ပူးပေါင်းအဖွဲ့တွေကိုလာရောက်ဗုံးကြဲတဲ့စစ်ကောင်စီတိုက်လေယာဉ်ဟာနယ်မြေကျော်ပြန်သန်းမိပြီးထိုင်းနိုင်ငံထဲရောက်သွားလို့ထိုင်းဘက်အခြမ်းမှာရုတ်ရုတ်သဲသဲတွေဖြစ်ကုန်တယ်။နယ်စပ်မျဉ်းနားကထိုင်းပြည်သူတွေအလန့်တကြားဖြစ်ကုန်ပြီးမူလတန်းကျောင်းနှစ်ခုအရေးပေါ်ပိတ်လိုက်ရတယ်။ကားတစ်စီးနဲ့လူတချို့လဲထိမှန်သွားတယ်လို့သိရတယ်။ထိုင်းစစ်တပ်ကတိုက်လေယာဉ်နှစ်စင်းလဲအရေးပေါ်ပျံတက်ခဲ့ရတယ်။ အဲ့ဒီအတွက်စစ်ကောင်စီကထိုင်းအစိုးရကိုချက်ချင်းတောင်းပန်လိုက်ရတယ်။ ထိုင်းစစ်တပ်ကလဲသိပ်ကောင်းလှတာမဟုတ်ဘူး။စစ်သူပုန်စခန်းအတွက်စစ်ကူတွေကိုနယ်စပ်မျဉ်းကိုကျော်ပြီးပေးပို့နေတာကိုထိုင်းစစ်တပ်ကခွင့်ပြုပေးထားတယ်လို့လဲသတင်းတွေထွက်နေတယ်။တိုက်ပွဲကကြာနေလို့C2Dအဖွဲ့သုံးဖွဲ့ပေါင်းပြီးရှေ့တန်းကပူးပေါင်းအဖွဲ့တွေကိုဘတ်ငွေတစ်သန်းဒီနေ့ထပ်လှူတယ်။ပြည်ပကဆိုကိုရီးယားကအဖွဲ့တွေနဲ့USကအဖွဲ့တွေလဲလှူဖို့ပြင်ဆင်နေကြတယ်။
Read moreDetailsကရင်ပြည်နယ်၊ထိုင်းနယ်စပ်ကစစ်ကောင်စီရဲ့ဥကရစ်ကခြေကုတ်စခန်းကိုသိမ်းမယ့်တိုက်ပွဲဟာငါးရက်မြောက်နေ့အဖြစ်ဆက်လက်ပြင်းထန်နေတယ်။အရင်သိမ်းခဲ့တဲ့စခန်းတွေလိုမဟုတ်ပဲစစ်တပ်ကလေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူလှိုင်သုံးခုခံနေလို့အခုလောက်ကြာနေတာဖြစ်တယ်။မနေ့ညကစခန်းသိမ်းလိုက်ပြီလို့သတင်းတွေထွက်လာပေမယ့်လက်နက်ကြီးကုန်းနဲ့အခြားဘန်ကာတွေကိုသာရလိုက်တာဖြစ်ပီးအပြီးသတ်သိမ်းနိုင်တာမဟုတ်သေးပဲနောက်ဆုံးကျန်နေတဲ့စနိုက်ပါကုန်းကနေဆက်လက်ခုခံနေတယ်။တိုက်ပွဲကြာလာတာနဲ့အမျှနှစ်ဖက်လုံးမှာအကျအဆုံးတွေရှိလာပြီးKNUပူးပေါင်းအဖွဲ့ဘက်ကလက်ရှိအချိန်ထိ၁၃ယောက်ခန့်ကျဆုံးသွားပြီ။စစ်တပ်ကနေ့ရောညပါလေယာဉ်တွေနဲ့ဗုံးကြဲနေလို့အခုလောက်ကျဆုံးမှုများလာတာပါ။လက်နက်ခဲယမ်းတွေလဲအတော်သုံးထားရတာမို့မနေ့ကတင်NUGကထိုင်းဘတ်ငွေတစ်သန်းခန့်လှူထားသေးတယ်။လက်ရှိအချိန်မှာလေးကေကော်ကနာမည်ကြီးကော်ဘရာစစ်ကြောင်းပါပူးပေါင်းပါဝင်တိုက်ခိုက်နေပြီးနောက်ဆုံးကျန်နေတဲ့စနိုက်ပါကုန်းကိုရရှိဖို့ကြိုးစားနေတယ်။ လက်ရှိတိုက်ပွဲဟာနွေဦးတော်လှန်ရေးကာလKNUနယ်မြေမှာအပြင်းထန်ဆုံးတိုက်ပွဲဖြစ်လာပြီးထိုစခန်းကုန်းဟာနှစ်ဖက်လုံးရဲ့ဂုဏ်သိက္ခာအတွက်အလွန်အရေးပါနေတယ်။
Read moreDetailsတရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးတဝိုက်ဒေသမှာစစ်သူပုန်တွေသောင်းကျန်းနေလို့ဒေသခံကာကွယ်ရေးအဖွဲ့တွေကတန်ပြန်တိုက်ခိုက်မှုတွေပြုလုပ်လာကြတယ်။ဝမ်ပေါင်ကုမ္ပဏီအတွင်းရှိ ကင်းငယ်စခန်းတစ်ခုအား လက်နက်ငယ်၊လက်နက်ကြီးများဖြင့် ဒေသတွင်းPDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးလက်ပံတောင်းတောင် ဝမ်ပေါင်ကြေးနီစီမံကိန်းသို့သွယ်တန်းထားသည့် ပင်မဓာတ်အားလိုင်းကို ဒေသတွင်း PDF အဖွဲ့များကဖောက်ခွဲ ဖြိုချခဲ့တယ်။ အခုကျမှတရုတ်ကုမ္မဏီကဒေသတွင်းအကျပ်အတည်းမှာမပါဝင်လိုကြောင်း၊တိုက်ခိုက်မှုတွေကစီမံကိန်းကိုထိခိုက်ကြောင်းအသံထွက်လာတယ်။စီမံကိန်းအနီးရှိကျေးရွာများကို စစ်ကောင်စီတပ်က လူသတ်ခြင်း၊ဖမ်းဆီးခြင်း၊ပစ္စည်းများလူယုဖျက်ဆီးခြင်း၊နေအိမ်များ မီးရှို့ခြင်း တို့ကိုတော့တလုံးမှထည့်မပြောထားဘူး။ အစောကတည်းကစီမံကိန်းကိုမလည်ပတ်ဖို့သတိပေးထားပေမယ့်စစ်တပ်လုံခြုံရေးယူပြီးလည်ပတ်တယ်။ထိုစီမံကိန်းထဲကစစ်တပ်ကပြည်သူတွေကိုဒုက္ခပေးနေလို့PDFအဖွဲ့တွေကစီမံကိန်းကိုတိုက်ခိုက်ခြင်းဖြစ်တယ်။တရုတ်စီမံကိန်းတွေဟာစစ်တပ်ကိုကူညီ၊စစ်ကောင်စီကိုထောက်ခံပြီးပြည်သူတွေကိုဒုက္ခပေးနေသမျှပစ်မှတ်ထားတိုက်ခိုက်ခံရမှာပဲ။
Read moreDetailsရန်ကုန်ယုဇနဥယျာဉ်မြို့တော်ကတိုက်ခန်းတစ်ခုမှာပေါက်ကွဲမှုတစ်ခုဖြစ်ပွားတယ်။အဲ့ဒီမှာခိုလှုံနေတဲ့မြို့ပြပျောက်ကျားအဖွဲ့ဝင်ကလေးနှစ်ဦးမိုင်းစမ်းရင်းမတော်တဆပေါက်ကွဲခဲ့တာပါ။ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တစ်ယောက်ကတိုက်ခန်းပေါ်ကခုန်ချလို့သေဆုံးသွားတယ်။အပြင်ကိုဒဏ်ရာတွေနဲ့ထွက်ပြေးလာတဲ့တယောက်ကိုရပ်ကွက်ထဲကလူတွေဝိုင်းဖမ်းလို့စစ်ခွေးတွေလက်ထဲပါသွားခဲ့တယ်။မြို့ပြပျောက်ကျားလေးတွေကိုရပ်ကွက်နေပြည်သူတွေကဝိုင်းဖမ်းပေးတယ်ဆိုပြီးထိုရပ်ကွက်ကိုဝေဖန်မှုတွေမြင့်တက်နေတယ်။ဒီနေရာမှာဒလန်တွေရဲ့ပယောဂမကင်းလောက်ဘူး။ထွက်ပြေးလာတဲ့ကလေးကိုသူခိုးဂျပိုးလို့နှပ်ကြောင်းပေးပြီးအော်ဟစ်ဖမ်းခိုင်းလို့ရပ်ကွက်ကအခြေအနေမှန်ကိုမသိပဲဝိုင်းဖမ်းပေးတာဖြစ်လောက်တယ်။ဖမ်းမိသွားတဲ့ကလေးကတော့သနားစရာပဲ။ဒဏ်ရာတွေနဲ့သူ့ကိုသတ်လိုက်ကြပါတော့လို့ပြောသွားသေးတယ်။UGအဖွဲ့တွေကတော့ထိုရပ်ကွက်ကနှပ်ကြောင်းပေးခဲ့တဲ့ဒလန်တွေကိုလက်စားချေမယ်လို့ ပြောထားတယ်။ ကရင်ပြည်နယ်ထိုင်းနယ်စပ်ကစစ်ကောင်စီတပ်စခန်းတစ်ခုကိုKNUပူးပေါင်းတပ်ဖွဲ့တွေဇွန်၂၅ကတည်းက တိုက်ခိုက်နေလို့တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတယ်။အရင်ကစစ်တပ်စခန်းတစ်ခုကိုသိမ်းဖို့တရက်လောက်သာကြာပြီးအခုစခန်းကတော့အသည်းအသန်ပြန်လည်ခုခံနေတယ်။KNUပူးပေါင်းအဖွဲ့တွေကတော့စခန်းကိုရအောင်သိမ်းမယ်လို့ပြောထားတယ်။
Read moreDetailsစစ်ကောင်စီဟာတရုတ်ကြေးနီစီမံကိန်းတွေရှိတဲ့လက်ပတောင်းတောင်ဝန်းကျင်ကကျေးရွာတွေကိုစစ်ကြောင်းထိုးမီးရှို့လျက်ရှိတယ်။ထိုနယ်မြေကပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကစီမံကိန်းကိုဆက်မလုပ်ဖို့ပြောထားပေမယ့်မလိုက်နာပဲတရုတ်ကုမ္မဏီကပြန်လည်ပတ်ဖို့ကြိုးစားနေတယ်။စစ်တပ်ကလဲစီမံကိန်းကိုအကာအကွယ်ပေးတဲ့အနေနဲ့အနီးအနားကကျေးရွာတွေကိုနယ်မြေရှင်းလင်းနေတယ်။ စစ်ကောင်စီတပ်ဟာဆားလင်းကြီးမြို့နယ်မိုးကြိုးပြင်(မြောက်)ကျေးရွာကို ဇွန်လ၂၁ရက်မှစ၍ ဝင်ရောက်စီးနင်းကာ ပြည်သူ၂ ဦးကိုဖမ်းဆီးပြီး လည်လှီးခြင်း၊ ဓါးဖြင်ဝမ်းဗိုက်အားထိုးခြင်း၊ ခြေလက်များကိုခုတ်ထစ်သတ်ဖြတ်ခဲ့တယ်။ မိုးကြိုးပြင်မြောက်ရွာကိုစစ်ကောင်စီတပ်က တစ်နေကုန်အကြမ်းဖက်ခဲ့ပြီးရွာလုံးကျွတ်မီးရှို့ခဲ့တယ်။ အကြမ်းဖက်စစ်ကောင်စီတပ်က ကြေးနီစီမံကိန်းအနီးရှိ ကျေးရွာများကို ဖမ်းဆီးလူသတ်အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်သောကြောင့် ဝမ်ပေါင်ကြေးနီစီမံကိန်းဝန်းကျင်ရှိ ကျေးရွာ ခြောက်ရွာမှဒေသခံပြည်သူသောင်းနှင့်ချီထွက်ပြေးတိမ်းရှောင်နေကြရတယ်။
Read moreDetailsလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီကမဟုတ်တဲ့ပုဒ်မတွေနဲ့မတရားအမှုတွေဆင်ပြီးအမိန့်တွေချမှတ်လျက်ရှိတယ်။အခုဆိုရင်နေအိမ်အကျယ်ချုပ်ကနေနေပြည်တော်အကျဉ်းထောင်ကိုပြောင်းရွှေ့လိုက်တယ်။မင်းအောင်လှိုင်ဟာဒေါ်အောင်ဆန်းစုကြည်အပေါ်အငြိုးတကြီးနဲ့ဒုက္ခပေးလျက်ရှိတယ်။သူ့ဆရာဗိုလ်သန်းရွှေတောင်သူမကိုထောင်ထဲမထည့်ရဲဘူး။သူမကိုထားတဲ့အဆောက်အအုံဟာ၁၅ပေပတ်လည်ခန့်သာကျယ်ပြီးသူမတယောက်ထဲနေထိုင်ရမှာဖြစ်တယ်။အရင်လိုဝေယျာဝစ္စကူညီပေးမယ့်သူလဲမရှိတော့ဘူး။တကယ့်ထောင်အတိုင်းသူမကိုထားမှာဖြစ်တယ်။မင်းအောင်လှိုင်ဟာသူမကိုမသေမချင်းအနုနည်းနဲ့ဒုက္ခပေးမယ့်ပုံပဲ။အာဆီယံကိုယ်စားလှယ်နဲ့နိုင်ငံတကာကသူမကိုပြန်လွတ်ပေးဖို့တောက်လျောက်တောင်းဆိုနေပေမယ့်စစ်အုပ်စုကိုဘာအရေးယူမှုမှမလုပ်တဲ့အတွက်စစ်အုပ်စုကလဲသူတို့ကိုဂရုစိုက်မနေဘူး။မတရားဖမ်းဆီးသတ်ဖြတ်မှုတွေကိုထင်တိုင်းကြဲလုပ်ဆောင်နေတယ်။
Read moreDetailsပီးခဲ့တဲ့လကသန်လျင်မှာဆိုင်ကယ်စီးခွင့်ပိတ်ပင်ပြီးနောက်အခုရန်ကုန်တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့တွံတေး၊ကော့မှုး၊ကွမ်းခြံကုန်းစတဲ့မြို့နယ်တွေမှာပါဆက်တိုက်ဆိုင်ကယ်စီးခွင့်ပိတ်လိုက်ပြီ။ထိုဒေသတွေမှာစစ်ကောင်စီဒေါက်တိုင်တွေဆိုင်ကယ်နဲ့တိုက်ခိုက်ခံနေရလို့ပိတ်ပင်လိုက်တာဖြစ်တယ်။သယ်ယူပို့ဆောင်ရေးအတွက်ဆိုင်ကယ်ကိုသာအဓိကအားပြုနေရတဲ့ဒေသခံတွေအတော်ဒုက္ခရောက်နေကြတယ်။အခုတော့ထိုမြို့နယ်တွေမှာစက်ဘီးလေးတွေကိုယ်စီနဲ့သွားလာနေကြရပြီ။စစ်အာဏာရှင်လက်အောက်မှာအရာအားလုံးဟာနှစ်နှစ်ဆယ်လောက်နောက်ပြန်ဆွဲနေတယ်။ရန်ကုန်ကလှိုင်သာယာ၊ရွှေပြည်သာမြို့နယ်တွေမှာလဲစစ်သားတွေကလမ်းပေါ်တက်သမျှဆိုင်ကယ်တွေကိုနေ့စဉ်ရက်ဆက်မတရားဖမ်းဆီးလျက်ရှိတယ်။
Read moreDetailsရခိုင်မှာအေအေနဲ့စစ်တပ်တို့အပြိုင်အဆိုင်လူဖမ်းပွဲတွေကျင်းပနေကြတယ်။စစ်တပ်ကအရင်ထဲကရခိုင်မှာအစစ်အဆေးတွေတင်းကြပ်ထားတာပါ။အေအေနဲ့သက်ဆိုင်တယ်လို့ထင်တဲ့သူတွေကိုမထင်ရင်မထင်သလိုဖမ်းဆီးလေ့ရှိတယ်။ဒါကိုလက်တုန့်ပြန်တဲ့အနေနဲ့အေအေကလဲစစ်ကောင်စီဖက်တော်သားတွေကိုဆက်တိုက်ဖမ်းဆီးလာတယ်။မောင်တော၊ကျောက်တော်၊စစ်တွေ၊မြောက်ဦးစတဲ့မြို့တွေမှာရဲတွေ၊စစ်သားတွေ၊စရဖတွေ၊အုပ်ချုပ်ရေးမှုးတွေကိုဖမ်းဆီးသွားတာကြောင့်စစ်တပ်ကမဆိုင်တဲ့အရပ်သားတစ်ရာကျော်ကိုနေရာပေါင်းစုံမှာဖမ်းဆီးထားတယ်။ ရခိုင်မှာကစစ်ရေးတင်းမာနေတာကြာပြီ။ဒါပေမယ့်အခုချိန်ထိရင်ဆိုင်တိုက်ခိုက်မှုတွေမလုပ်ပဲလူဖမ်းပွဲတွေပဲလုပ်နေတော့ကြားထဲကပြည်သူတွေကျီးလန့်စာစားနေနေရတယ်။
Read moreDetailsမကွေးတိုင်း၊ပွင့်ဖြူမြို့နယ်မှာPDFတွေပါလာတဲ့ကားတစ်စီးကိုစစ်သူပုန်တွေခြုံခိုတိုက်ခိုက်လို့ကားပေါ်ပါသူ၁၂ယောက်ခန့်ကျဆုံးသွားပြီးလက်နက်တွေပါဆုံးရှုံးသွားတယ်။စစ်သူပုန်တွေကကားရှေ့တည့်တည့်ကလက်နက်ကြီးနဲ့ပစ်လို့ထိုမျှအကျအဆုံးများကုန်တာပဲ။ဒီကာလမှာPDFတွေဘက်ကတကြိမ်ထဲအကျအဆုံးအများဆုံးကဒီတခေါက်ဖြစ်မယ်ထင်တယ်။ထိုနယ်မြေဟာPDFစိုးမိုးနယ်မြေဖြစ်ပြီးစစ်သူပုန်တွေကအလစ်အငိုက်ချောင်းတိုက်တာဆိုတော့သတင်းပေါက်ကြားသွားတာလို့ယူဆရတယ်။ကိုယ့်လူတွေဖက်ကပေါ့ဆတာလဲပါတာပေါ့လေ။ တစ်ခုဖြေသာသွားတာကနေ့မကူးပဲစစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာစစ်သူပုန်အုပ်စုကိုPDFကအလစ်ချောင်းတိုက်လို့ရဲမှုးအပါအဝင်စစ်အုပ်စုဖက်က၁၃ယောက်ခန့်သေဆုံးသွားတယ်။လက်နက်တွေလဲရလိုက်တယ်။တိုက်ဆိုင်မှုလို့ဆိုပေမယ့်ကိုယ်တွေဘက်နစ်နာမှုပိုများတယ်။
Read moreDetailsNUGကသတင်းစာရှင်းလင်းပွဲလုပ်တယ်။သူတို့ပြောသွားတာကတော့မကြာမှီမှာတော်လှန်ရေးကိုအရှိန်မြင့်မယ်တဲ့။အရှိန်မြင့်မယ်လို့ပြောနေတာတကယ်တော့ကြာနေပြီ။လက်တွေ့မှာအခုထိဖြစ်မလာသေးဘူး။စစ်ရေးအရှိန်မြင့်ပြီးခုခံစစ်ကနေတိုက်စစ်ပြောင်းမယ်ဆိုရင်တလကိုဒေါ်လာဆယ်သန်းခန့်လိုတယ်လို့ပြောသွားသေးတယ်။အခုလောလောဆယ်တော့ဘွန်းနဲ့မင်းအောင်လှိုင်အိမ်ရောင်းရငွေကနေ၄၅သန်းလောက်ရနေပြီ။သန်း၅၀တောင်မပြည့်သေးတဲ့ဒီပမာဏဟာစစ်ရေးမှာသုံးမယ်ဆိုရင်ဘာမှမပြောပလောက်ဘူး။ဒါကြောင့်လက်ရှိအချိန်မှာအဓိကကငွေပဲ။ NUGကနည်းလမ်းပေါင်းစုံနဲ့ရှာဖွေနေတယ်ဆိုပေမယ့်အဖျားရှူးရှူးသွားတယ်။ရံပုံငွေရှာဖွေရေးပရောဂျက်တစ်ခုလုပ်ပြီဆိုရင်အစပိုင်းမှာတက်ကြွပေမယ့်နောက်ပိုင်းမှာသွေးအေးသွားတယ်။အခုရပ်တန့်ထားရတဲ့နွေဦးထီကသက်သေပဲ။NUG PAY ဟာလဲဘယ်လောက်ထိဖြစ်လာမလဲမပြောတတ်သေးဘူး။အခုချိန်ထိလဲနိုင်ငံတကာကဘာစစ်ရေးအကူအညီမှမရသေးဘူး။ငွေအလုံအလောက်မရှိရင်တော့တော်လှန်ရေးဟာကြာလိမ့်ဦးမယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.