အခုနှစ် ဖေဖေါ်ဝါရီလမှာ CDM လုပ်ခဲ့တဲ့ ပဲခူးတိုင်း၊ တောင်ငူခရိုင် ကျောက်ကြီး နယ်မြေခံ စခန်းက ဗိုလ်မှူးမျိုးမင်းထွန်း ဟာ စစ်ကောင်စီ ထံပြန်လည် ဝင်ရောက် လာခဲ့ပြီ ဖြစ်ကြောင်း စစ်ကောင်စီက ဒီကနေ့ ကြေညာလိုက် ပါတယ်။ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူး မျိုးမင်းထွန်းဟာ ထိုင်း-မြန်မာနယ်ခြားဒေသ လွတ်မြောက်နယ်မြေတစ်နေရာကို CDM အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ဖို့အတွက်လို့ ပြောဆိုကာ ရောက်ရှိလာခဲ့ပါတယ်။
ဗိုလ်မှူးမျိုးမင်းထွန်းဟာ လွတ်မြောက်နယ်မြေမှာ တခြားသူနဲ့ဘဝတူ CDM စစ်သည်ဟောင်းတချို့နဲ့ အတူနေထိုင်ခဲ့ရာကနေ ပြီးခဲ့တဲ့ ၅ ရက်ခန့်က ပျောက်ဆုံးသွားပါတယ်။ အခုနောက်ဆုံးရသတင်းတွေအရ ပြည်တွင်းကို ပြန်လည်သွားရောက်စဉ်စစ်ကောင်စီထံ ပြန်လည်လက်နက်ချသွားတာဖြစ်တယ်လို့ ကြားသိရတယ်။ ဒါ့အပြင် သူဟာ စစ်ကောင်စီက စေလွှတ်လိုက်တဲ့ သူလျှိုတစ်ဦးဖြစ်နိုင်တယ်ဆိုတဲ့ ဝေဖန်သံတွေလည်းဒီမိုကရေစီအင်အားစုတွေအကြားထွက်ပေါ်နေပါတယ်။စစ်ကောင်စီဘက်လိုက်ရေးသားသူတွေတချို့ကတော့ သူ့ကိုဖမ်းဆီးမိတယ်လို့ ပြောဆိုရေးသားနေကြတာ မြင်ရပါတယ်။
ဒီအဖြစ်အပျက်ဟာ တော်လှန်ရေးသမားတွေအတွက် သတိပေးခေါင်းလောင်းသံပဲ။CDM ဆိုတာဘယ်လို CDM မျိုးလည်းဆိုတာ စိစစ်ရမယ်။ နောင်အခါမှာ ကိုယ့်ဘက်က အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ အသက်တွေနဲ့စစ်ဘက်လုံခြုံရေးကိုထိခိုက်လာနိုင်တယ်။စစ်ကောင်စီလက်အောက်က ထွက်လာပူးပေါင်းသူတွေကို ကြိုဆိုရမှာဖြစ်သလို သတိထားစောင့်ကြည့်ဖို့ လိုအပ်နေတယ်။