လေကြောင်းရန် ကာကွယ်နိုင်သည့် လက်နက်များ ပိုင်ဆိုင်ထားပြီဟု NUG က ကြေညာပြီး ၂၄ နာရီ မပြည့်မီတွင်စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်မှာရဟတ်ယာဉ်၆စီး၊တိုက်လေယာဉ်၂စီးဖြင့်စစ်ဆင်ခံရတယ်။ဝက်လက်မြို့နယ်ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ဒေသကာကွယ်ရေး သင်တန်းကျောင်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ခဲ့ရာ PDF ၃ ဦး၊ ပြည်သူ ၃ ဦး သေဆုံးပြီး လက်နက်အချို့ ဆုံးရှုံးသွားသည်။
နာရီဝက်ခန့် လေကြောင်းမှ ပစ်ခတ်ပြီး ပို့ဆောင်ရေး ရဟတ်ယာဉ် (Mi 17) ၄ စီးဖြင့် လေးနေရာခွဲ၍ ဆင်းသက်ကာ စစ်သား ၁၀၀ နီးပါးကို မြေပြင်သို့ ချ၍ စခန်းကို ၂ နာရီကြာ ထိုးစစ်ဆင်ခဲ့တယ်။ သင်တန်းပေးနေရင်း တန်းလန်းလာပစ်သွားတာပါ။ သင်တန်းကွင်းကို အဓိကပစ်တယ်၊လူချတဲ့အချိန်မှာဘေးရွာတွေကိုပစ်တယ်။ သင်တန်းကျောင်းဖြစ်တဲ့အတွက် လက်နက်အများကြီးပေးမထားတော့PDFတွေကကာပစ်လောက်ပဲလုပ်နိုင်တယ်။ စာသင်ကျောင်းကတော့ တော်တော်ထိခိုက်သွားတယ်”
စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုများအတွင်း သင်တန်းနေရာနှင့် သုံးမိုင်ခန့်အကွာ သစ်ဆိမ့်ကုန်းကျေးရွာပါ ထိမှန်ခဲ့၍ ရွာခံအားလုံး ထွက်ပြေးခဲ့ရတယ်။ ဝက်လက်မြို့နယ်အတွင်း လေကြောင်းမှ တိုက်ခိုက်သည့် တစ်ရက်တည်းတွင်ပင် မြောက်ဘက် မူးမြစ်အရှေ့ဘက်ကမ်းရှိ တန့်ဆည်မြို့နယ်တွင်လည်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ခဲ့ရာ PDF ဘက်မှ ၇ ဦးကျဆုံးခဲ့ရတယ်။