ပြည်ပမှာရောက်ရှိနေတဲ့မော်ဒယ်အလှမယ်ဟန်လေးကိုစစ်ကောင်စီကထိုင်းနိုင်ငံလေဆိပ်အထိလိုက်လံဖမ်းဆီးဖို့ကြိုးစားခဲ့တယ်။ဟန်လေးဟာ၂၀၂၁နှစ်ကနိုင်ငံတကာမယ်ရွှေးပွဲတစ်ခုမှာစစ်အာဏာသိမ်းမှုအကြောင်းကမ္ဘာကသိအောင်ဖော်ထုတ်ခဲ့သူတစ်ဦးဖြစ်တယ်။ထိုအချိန်ကတည်းကသူမဟာမြန်မာပြည်ကိုပြန်မလာခဲ့ဘူး။ဒါကြောင့်စစ်ကောင်စီကအငြိုးထားပြီးနိုင်ငံပြင်ပအထိလိုက်လံဖမ်းဆီးဖို့ကြိုးစားနေတာပါ။
အလှမယ်ဟန်လေးဟာဘန်ကောက်လေဆိပ်ကတဆင့်ကိုရီးယားကိုသွားမယ့်ခရီးစဉ်မှာထိုင်းလေဆိပ်ရဲတွေကထိန်းသိမ်းလိုက်ပြီးဗီယမ်နမ်ကိုပို့ဖို့ကြိုးစားတယ်။ဗီယမ်နမ်ကမှတဆင့်မြန်မာပြည်ကိုပြန်ခေါ်ဖို့စစစ်ကောင်စီကစီစဉ်ထားတာပါ။ဟန်လေးကဒါကိုလက်မခံပဲဘန်ကောက်လေဆိပ်မှာပဲUNHCRကိုအကူအညီတောင်းခံခဲ့တယ်။UNHCRကလဲချက်ချင်းကူညီပေးပြီးထိုင်းအာဏာပိုင်တွေကတဆင့်သူမကိုလွှဲပြောင်းယူခဲ့တယ်။ထိုင်းနိုင်ငံမှာလဲသူမဟာပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိတဲ့အတွက်အဆင်ပြေသွားတယ်။အခုတော့ကနေဒါနိုင်ငံမှာနိုင်ငံရေးခိုလှုံခွင့်ရသွားပါပြီ။
UNHCRကဒီနေရာမှာတော့အားကိုးရပါတယ်။ရှေ့မှာလဲမြန်မာပြည်မှာဆက်နေလို့အဆင်မပြေတော့တဲ့နိုင်ငံရေးသမားတွေကိုတတိယနိုင်ငံပို့ဆောင်ပေးခဲ့တယ်။ဒါပေမယ့်ထိုင်းမြန်မာနယ်စပ်မှာနိုင်ငံရေးခိုလှုံခွင့်တောင်းထားသူတွေအများကြီးကျန်သေးတယ်လို့သိရတယ်။စစ်ကောင်စီကတော့သူတို့လက်လှမ်းမှီသလောက်တော်လှန်ရေးသမားတွေကိုဖမ်းဆီးဖို့ကြိုးစားနေတယ်။