ပြည်တွင်းမှာSKDစနစ်နဲ့မော်တော်ကားတွေထုတ်လုပ်နေတဲ့ဆူဇူးကီးနဲ့ဟွန်ဒိုင်းအပါအဝင်ကားစက်ရုံအတော်များများထုတ်လုပ်မှုကိုရပ်တန့်လိုက်ပြီ။စစ်ကောင်စီရဲ့ဒေါ်လာကန့်သတ်ချက်ကြောင့်လိုအပ်တဲ့ပစ္စည်းတွေတင်သွင်းခွင့်မရတာကြောင့်လို့သိရတယ်။ဒါကြောင့်စက်ရုံထုတ်ကားဈေးတွေခုန်တက်ကုန်တယ်။ပြည်ပကကားတင်သွင်းခွင့်ကိုလဲပိတ်ထားတာကြောင့်ကားဈေးကွက်မှာသိန်းရာချီပြီးဈေးတွေတက်ကုန်ပြီ။အရင်တုန်းကလခစားဝန်ထမ်းတွေကားဝယ်စီးဖို့အိပ်မက်မက်နိုင်ပေမယ့်အခုဒီအခြေအနေနဲ့ကဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ကားဝယ်စီးနိုင်လဲလက်ရှိဆီဈေးနဲ့ကဘီးလိမ့်ဖို့တောင်အတော်စဉ်းစားရမယ်။လူလတ်တန်းစားအလွှာတွေကိုအဓိကထိခိုက်သွားတယ်။ပြည်ပကကားတင်သွင်းခွင့်ပြန်ပေးမှကားဈေးတွေပြန်ကျနိုင်မှာဖြစ်ပြီးထိုအချက်ကလဲလက်ရှိစစ်ကောင်စီမှာဒေါ်လာရှားပါးနေတဲ့အတွက်မဖြစ်နိုင်ဘူး။ဒီအတိုင်းဆိုရင်အရင်စစ်အစိုးရခေတ်တုန်းကလိုကားဈေးတွေထောင်ချီမြင့်တက်လာလိမ့်မယ်။
Read moreDetailsစစ်ကောင်စီဟာသူတို့ရဲ့နောက်ဆုံးထွက်ပေါက်အဖြစ်၂၀၂၃မှာရွှေးကောက်ပွဲလုပ်ပြီးအခုမတရားလုယူထားတဲ့တိုင်းပြည်အာဏာကိုတရားဝင်အောင်လုပ်ဖို့ကြိုးစားနေတယ်။သူတို့လုပ်မယ့်ရွှေးကောက်ပွဲဆိုတာကလဲပီအာစနစ်ဖြစ်ပြီးလွတ်တော်မှာအလိုအလျောင်နှစ်ဆယ့်ငါးရာခိုင်နှုန်းရထားတဲ့စစ်တပ်ကတသက်လုံးတိုင်းပြည်ကိုအုပ်ချုပ်လို့ရမယ့်နည်းလမ်းပဲ။ထိုရွှေးကောက်ပွဲပြန်လုပ်ပေးမယ်ဆိုတဲ့ကတိနဲ့အာဆီယံနဲ့နိုင်ငံတကာကိုချွေးသိပ်ထားတယ်။ အခုလက်ရှိအနေအထားအရစစ်ကောင်စီဟာစစ်ရေးရောနိုင်ငံရေးမှာပါထွက်ပေါက်ပိတ်နေတယ်။ဒါကြောင့်ထိုရွှေးကောက်ပွဲနဲ့ထွက်ပေါက်ရှာဖို့ကြိုးစားလျက်ရှိတယ်။ ဒါပေမယ့်၂၀၂၃မှာသူတို့ပြုလုပ်ပေးမယ်ဆိုတဲ့ရွှေးကောက်ပွဲဟာဖြစ်လာနိုင်စရာအကြောင်းမရှိဘူး။ဘာလို့လဲဆိုတော့လက်ရှိအခြေအနေမှာတင်မြို့ကြီးတွေကလွဲလို့တစ်နိုင်ငံလုံးမှာစစ်ဖြစ်နေပြီ။အခြေအနေဟာဒီထက်ပိုဆိုးလာဖို့ပဲရှိမယ်။ဘယ်ဘက်ကနိုင်မယ်ဆိုတာအခုအချိန်ထိပြတ်ပြတ်သားသားမသိသေးပေမယ့်လာမယ့်တနှစ်အတွင်းတော့အရင်လိုငြိမ်းငြိမ်းချမ်းချမ်းပြန်မဖြစ်တော့ဘူးဆိုတာသေချာတယ်။ပြည်သူတစ်ရပ်လုံးကလဲစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအယုံအကြည်ရှိဖို့နေနေသာသာစကားထဲတောင်အရေးလုပ်ပြီးထည့်မပြောကြဘူး။တစ်ခုရှိတာကစစ်အုပ်စုဟာသူတို့လုပ်နေကြအတိုင်းညစ်လုံးတွေ၊မသမာမှုမျိုးစုံတွေသုံးပြီးမရမကလုပ်လာနိုင်တယ်။အချိန်ကတော့ဝေးပါသေးတယ်။လာမယ့်တစ်နှစ်အတွင်းဘာတွေဖြစ်လာမလဲဆိုတာဘယ်သူမှမခန့်မှန်းနိုင်ဘူးလေ။
Read moreDetailsစစ်ကောင်စီဘက်ကငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင်ကြိုတင်သတ်မှတ်ချက်တွေထုတ်ပြောလိုက်တယ်။သူတို့အစိုးရကိုမဖျက်စီးဖို့၊၂၀၀၈အခြေခံဥပဒေအောက်ကသွားဖို့စသဖြင့်ပေါ့။တကယ်ကစစ်ကောင်စီဆိုတာဟာအစိုးရပ်တရပ်မဟုတ်ဘူး။အကြမ်းဖက်အာဏာလုယူထားတဲ့လက်နက်ကိုင်သူပုန်သာသာအဖွဲ့အစည်းသာဖြစ်တယ်။အစိုးရတရပ်ရဲ့တာဝန်နဲ့ဝတ္တရားတွေကိုလဲဘာတစ်ခုမှလုပ်ဆောင်နိုင်ခြင်းမရှိပဲတစ်နိုင်ငံလုံးမှာအကြမ်းဖက်လုပ်ရပ်တွေသာလုပ်ဆောင်လျက်ရှိတယ်။ဒါကိုသူတို့ကိုသူတို့အစိုးရအဖြစ်သတ်မှတ်ပြီးသူတို့ကိုမဖျက်စီးဖို့ပြောနေသေးတယ်။ဘယ်နိုင်ငံမှလဲသူတို့ကိုအသိအမှတ်ပြုတာမဟုတ်ဘူး။တကယ့်ဟာသပဲ။ ၂၀၀၈အခြေခံဥပဒေဆိုတာလဲအာဏာသိမ်းပြီးသူတို့ကိုယ်တိုင်ဖျက်စီးလိုက်ပြီလေ။အခုချိန်ထိမလိမ့်တပတ်နဲ့အဲ့ဒါကြီးကိုဖက်တွယ်ပြီးနိုင်ငံတကာကိုအရူးလုပ်နေတယ်။စစ်ကောင်စီပြောနေတဲ့ငြိမ်းချမ်းရေးနဲ့သူပြောတဲ့ကြိုတင်သတ်မှတ်ချက်တွေကိုNUGအပါအဝင်ဘယ်အတိုက်အခံအဖွဲ့အစည်းမှအရေးလုပ်မယ်မထင်ဘူး။ဒီတော်လှန်ရေးမှာအားလုံးရဲ့ဘုံရည်မှန်းချက်ကစစ်တပ်ကိုအမြစ်ဖြတ်ဖို့ပဲ။
Read moreDetailsသရုပ်ဆောင်သင်ဇာဝင့်ကျော်ဟာရှမ်းပြည်နယ်EAO အဖွဲ့တစ်ခုဖြစ်တဲ့SSA အဖွဲ့ရဲ့အခမ်းအနားတစ်ခုကိုထိုအဖွဲ့ယူနီဖောင်းနဲ့တက်ရောက်ခဲ့တယ်။နောက်တနေ့ရန်ကုန်ကိုအပြန်မှာပဲတရားမဝင်အဖွဲ့အစည်းနဲ့ဆက်သွယ်တယ်ဆိုပြီးစစ်တပ်ကသူမကိုဖမ်းဆီးသွားတယ်။SSAဟာတရားမဝင်အဖွဲ့အစည်းမဟုတ်ဘူး။မင်းအောင်လှိုင်ကိုယ်တိုင်တောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ထားသေးတယ်။အခုတော့ဘာမှမဆိုင်တဲ့ပွဲလာတက်တဲ့သရုပ်ဆောင်တယောက်ကိုဖမ်းဆီးသွားတယ်။ဒါစစ်တပ်ရဲ့သရုပ်မှန်ပဲ။သူတို့ပြောချင်တာပြောပြီးလုပ်ချင်တာလုပ်နေတော့သူတို့ကိုဘယ်သူကယုံမှာလဲ။ အနုပညာရှင်တွေဘဝကလဲဒီကာလမှာထောင်နုတ်ခမ်းလျောက်နေရတယ်။ထောင်ထဲမှာလဲသူတို့ဖမ်းထားတဲ့နာမည်ကြီးအနုပညာရှင်တွေအများကြီးကျန်သေးတယ်။ပိုပို၊ရဲတိုက်စတဲ့သူတွေအခုထိမလွတ်သေးဘူး။လွတ်လာတဲ့အနုပညာရှင်တွေလည်းစစ်အာဏာရှင်လက်အောက်မှာဘာမလုပ်မှဆက်မလုပ်ကြတော့ဘူး။
Read moreDetailsနေ့စဉ်နဲ့အမျှတိုက်ပွဲတွေဖြစ်နေတဲ့ကယားပြည်နယ်၊ဖယ်ခုံမြို့နယ်မှာစစ်ကောင်စီတပ်စခန်းတစ်ခုကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဝင်ရောက်တိုက်ခိုက်တယ်။စစ်ကောင်စီတပ်သားလေးဆယ်ကျော်သေဆုံးပြီးစခန်းကိုရခါနီးမှာစစ်တပ်ကလက်နက်ကြီးတွေနဲ့အဆမတန်ပစ်ခတ်လို့ပြန်ဆုတ်ရတယ်။အဆုတ်လမ်းမှာလက်နက်ကြီးမှန်ပြီးကာကွယ်ရေးအဖွဲ့တွေဖက်က၁၁ဦးခန့်ကျဆုံးသွားတယ်။သိမ်းဆည်းရမိတဲ့လက်နက်တွေကိုလဲပစ်ထားခဲ့ရတယ်။စစ်ကိုင်းတိုင်းဝက်လက်မြို့နယ်ကတိုက်ပွဲတွေမှာလဲလက်နက်အင်အားမမျှလို့PDFတွေဘက်ကိုးယောက်ခန့်ကျဆုံးသွားတယ်။ ဒီလထဲအပါအဝင်အခုနောက်ပိုင်းတိုက်ပွဲတွေမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကအကျအဆုံးတွေများလာပြီ။အဓိကကတော့လက်နက်အင်အားမမျှလို့ပဲ။PDFတွေဘက်မှာမောင်းပြန်သေနတ်တွေလောက်သာအမြင့်ဆုံးကိုင်နိုင်ချိန်မှာစစ်တပ်ကတော့လက်နက်ကြီးတွေရော၊လေကြောင်းပစ်ကူပါအဆမတန်သုံးနေတယ်။ပြီးတော့စစ်ခွေးတွေကတိုက်ပွဲတွေမှာPDFတွေအထာကိုတဖြည်းဖြည်းသိလာပြီ။လက်နက်အင်အား၊ကျည်အင်အားမရှိတာကိုသဘောပေါက်လာပြီ။လက်နက်အင်အားနဲ့ငွေအင်အားကိုအလုံအလောက်မရှာနိုင်ရင်တော့ရှေ့ဆက်ဖို့ကရင်လေးစရာပဲ။
Read moreDetailsမြန်မာကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ရောက်နှင့်နေပြီး အာဆီယံ အထူးသံတမန် ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီး ပရပ်ဆော့ဟွန်းနှင့်တွေ့ဆုံပြီးတရုတ်၏အချက်(၃)ချက်ပါရပ်တည်ချက်ကို ထုတ်ပြန်လိုက်တယ်။အဓိကကတော့စစ်ကောင်စီကိုအတိုက်အခံတွေနဲ့တွေ့ဆုံဆွေးနွေးခိုင်းတာပဲ။ ပီးတော့အချက်သုံးချက်ကိုထုတ်ပြန်တယ်။ထိုအချက်တွေကိုရှင်းရှင်းပြောရရင် လက်ရှိ အနေအထား အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင် ဆွေးနွေးသွားကြရန်၊ စစ်ခေါင်းဆောင်များ၏ ရွေးကောက်ပွဲ လမ်းကြောင်း နှင့်...
Read moreDetailsမဲခေါင်နိုင်ငံတွေနဲ့တရုတ်တို့ပါဝင်တဲ့အစည်းအဝေးဖြစ်တဲ့မဲခေါင်-လန်မန်အစည်းအဝေးကိုပုဂံမှာကျင်းပနေတယ်။ထိုအစည်းအဝေးမှာစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးပါဝင်တက်ရောက်နေလို့ဝေဖန်မှုတွေရှိနေတယ်။အာဆီယံအနေနဲ့စစ်ကောင်စီကိုဘယ်အစည်းအဝေးမှတက်ခွင့်မပြုဘူးလို့သတ်မှတ်ထားသော်လည်းအခုအစည်းအဝေးမှာစစ်ကောင်စီဝန်ကြီးကိုတက်ရောက်ခွင့်ပေးထားတာကြောင့်အာဆီယံရဲ့ရပ်တည်မှုဟာတကယ်တော့အလကားပဲ။အစည်းအဝေးတက်ဖို့တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့အာဆီယံကိုယ်စားလှယ်လဲပုဂံကိုရောက်နေတယ်။အာဆီယံနဲ့တရုတ်ဟာအကြောင်းအမျိုးမျိုးပြပြီးစစ်ကောင်စီကိုလူရာသွင်းဖို့ကြိုးစားလျက်ရှိတယ်။ပြည်တွင်းမှာအပစ်မဲ့ပြည်သူထောင်နဲ့ချီသတ်ဖြတ်လျက်ရှိတာကိုမင်းအောင်လှိုင်ဟာသူတို့နဲ့တွေ့ဆုံချိန်မှာ “လူ့အသက်ထပ်အရေးကြီးတာဘာမှမရှိ” လို့အရှက်ကင်းမဲ့စွာမျက်နှာပြောင်တိုက်ပြောဆိုနေဆဲပဲ။စစ်ကောင်စီကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်အထောက်အထားပေါင်းစုံကိုလဲစုဆောင်းမိနေပြီ။အခုဆိုရင်စစ်ခေါင်းဆောင်တသိုက်ကိုအာဂျင်တီးနားနဲ့တူရကီမှာတရားစွဲဖို့ပြင်ဆင်နေတယ်။
Read moreDetailsဒီနေ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့မွေးနေ့တဲ့။သူ့မွေးနေ့မှာတော့ပြည်သူတွေကသူ့ဓာတ်ပုံတွေကိုအသုံးပြုပြီးအိမ်သာသပိတ်၊ဖိနပ်နဲ့တက်နင်းတဲ့သပိတ်၊မီးရှို့တဲ့သပိတ်တွေပြုလုပ်ကြတယ်။ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲနဲ့သဘောထားပုံကနံ့သာဆီနဲ့ချီးလိုကွာတယ်။ ပြည်တွင်းကိုအာဆီယံကိုယ်စားလှယ်ဒုတိယအကြိမ်အဖြစ်ရောက်ရှိနေပြီးမင်းအောင်လှိုင်အလိုကျအပစ်ရပ်ထားတဲ့အဖွဲ့တွေနဲ့ပဲတွေ့ဆုံခွင့်ရတယ်။အာဆီယံဟာအခုချိန်ထိဘာမှအကြောင်းမထူးသေးပဲစစ်ကောင်စီကိုချော့ပေါင်းနေရဆဲပဲ။
Read moreDetailsကရင်ပြည်နယ်မှာစခန်းသိမ်းတိုက်ပွဲဆင်နွဲနေတုန်းမှာပဲခူးကရင်နယ်စပ်ကျောက်ကြီးမြို့နားကစစ်ကောင်စီစခန်းလေးခုကိုKNUကတစ်ရက်ထဲမှာတိုက်ခိုက်သိမ်းပိုက်ရာစစ်သူပုန်တွေဘက်ကတပ်ရင်းမှုးအပါအဝင်အမြောက်အမြားကျဆုံးထွက်ပြေးကုန်ကြတယ်။စစ်တပ်ဘက်ကစစ်ကူအမြောက်အမြားနဲ့စစ်ကြောင်းထိုးလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်နေလို့ဒေသခံပြည်သူလေးသောင်းကျော်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်။ ဥကရစ်ထတိုက်ပွဲကတော့ဒီနေ့နဲ့ဆိုတပတ်ကျော်ကြာနေပြီ။စစ်ကောင်စီကစခန်းမကျရေးအပြင်းအထန်ခုခံနေလို့ခက်ခဲနေဆဲပဲ။ဒီတိုက်ပွဲကကြာလာရင်ကိုယ့်ဘက်ကအခြေအနေကောင်းမှာမဟုတ်ဘူး။အခုတောင်အကျအဆုံးတွေရှိနေပြီလေ။ဘာပဲဖြစ်ဖြစ်စခန်းကိုမရလဲစစ်သူပုန်အင်အားများစွာကိုငရဲပို့နိုင်လိုက်တာအမြတ်ပဲ။
Read moreDetailsမနေ့ညကရန်ကုန်မြို့ရဲ့လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့လှည်းတန်းပျံကြဈေးကိုစစ်ကောင်စီတပ်သားတွေဝင်ရောက်ဖျက်စီးသွားတယ်။ည၈နာရီလောက်ဖောကားသုံးစီးနဲ့စစ်သူပုန်လေးဆယ်ခန့်ရောက်ချလာပြီးဈေးသည်တွေရဲ့ပစ္စည်းတွေကိုမြင်သမျှဖျက်စီးပြီးမီးရှို့ကြတယ်။ဈေးသည်တွေလဲဝရုန်းသုံးကားဖြစ်ပြီးထွက်ပြေးကြတာပေါ့။မပြေးနိုင်တဲ့ဈေးသည်တွေကိုတော့ထုထောင်းရိုက်နှက်ကြတယ်။မြေညီထပ်တွေကအိမ်ဆိုင်တွေရဲ့တံခါးတွေကိုပါအတင်ဖွင့်ဖို့ကြိုးစားကြတယ်။စစ်သူပုန်တွေဟာအကြောင်းပြချက်မရှိပဲဈေးကိုဖျက်စီးသွားတာပါ။ပြီးခဲ့တဲ့ရက်ကအဲ့ဒီဈေးထဲမှာလူငယ်တွေလျပ်တပြက်သပိတ်တစ်ခုလုပ်သွားပြီးထိုသပိတ်ကိုဈေးသူဈေးသားတွေကလက်သုံးချောင်းထောင်ထောက်ခံကြလို့စစ်တပ်ကအခုဝင်ရောက်ဖျက်စီးတာလို့လဲတချို့တွေကမှတ်ချက်ပေးကြတယ်။ ဥကရစ်ထမှာတော့စစ်ကူလာတဲ့စစ်တပ်ရဲ့အထူးကွန်မန်ဒိုစစ်ကြောင်းကိုKNDOကဖြတ်တိုက်လို့အနည်းဆုံးစစ်သူပုန်နှစ်ဆယ်ခန့်သေဆုံးပြီးလမ်းမှာတင်တပ်ပျက်ထွက်ပြေးကုန်ကြတယ်။လက်နက်ခဲယမ်းအမြောက်အမြားလဲရလိုက်တယ်။NUGနဲ့ပြည်သူတွေတော်လှန်ရေးအဖွဲ့တွေကိုလှူသလိုမျိုးစစ်တပ်ကလဲလက်နက်ခဲယမ်းတွေလာရောက်လှူတန်းသွားတာလားမပြောတတ်ဘူး။
Read moreDetailsYou can copy without credits to our site. We Need Freedom.