စစ်ကောင်စီဟာNLDပါတီကိုမဖျက်သိမ်းခင်ထောင်ထဲရောက်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုဖျောင်းဖျဖို့ကြိုးစားခဲ့တယ်။သူတို့သိမ်းသွင်းထားတဲ့အရင်NLDပါတီအမတ်ဟောင်းဒေါ်စန္ဒာမင်းကိုဒေါ်အောင်ဆန်းစုကြည်နဲ့ပေးတွေ့ခဲ့သေးတယ်။ဒေါ်စန္ဒာမင်းဆိုတာစစ်ကောင်စီဘက်ပြည်သူ့မျက်နှာမထောက်ပူးပေါင်းသွားလို့ပြည်သူ့ချဉ်ဖတ်ဖြစ်သွားတဲ့အမတ်ဟောင်းတစ်ယောက်ပဲ။ဒေါ်အောင်ဆန်းစုကြည်ကိုသူနဲ့ပေးတွေ့ပေးပြီးNLDပါတီရွှေးကောက်ပွဲပြန်ဝင်အောင်ကြိုးစားခဲ့တာပါ။ဒါမှလဲသူတို့လုပ်တဲ့ရွှေးကောက်ပွဲအတုအယောင်ကနိုင်ငံတကာမှတရားဝင်မှုများရလာမလားလို့ပါ။ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်ကအတွေ့မခံပဲပြန်လွှတ်လိုက်တယ်။ဒါဟာပြည်သူတွေဆင်နွဲနေတဲ့တော်လှန်ရေးအပေါ်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားပဲ။သူမဟာပြည်သူတွေနဲ့အတူရှိနေပါတယ်။
Read moreDetailsNLDပါတီအပါအဝင်ပါတီလေးဆယ်ကျော်ကိုရွှေးကောက်ပွဲအတွက်မှတ်ပုံပြန်မတင်လို့စစ်ကောင်စီကဖျက်သိမ်းလိုက်တာနဲ့ပတ်သတ်ပြီးအနောက်နိုင်ငံတွေနဲ့အဖွဲ့အစည်းတွေကဝိုင်းဝန်းပြစ်တင်ကန့်ကွက်ကြတယ်။အထူးသဖြင့်NLDပါတီဖျက်သိမ်းခံလိုက်ရတာကိုပေါ့။ပါတီကိုဖျက်သိမ်းပြီးနောက်ပါတီပိုင်ပစ္စည်းတွေကိုပြည်သူပိုင်သိမ်းမယ်လို့လဲစစ်ကောင်စီကလေသံပစ်ထားတယ်။ဒီကာလမှာတော့ဘာဥပဒေမှမရှိပဲသူတို့ပြုသမျှနုရမှာပေါ့။ ထူးခြားမှုကထိုဖြစ်စဉ်အပေါ်တရုတ်နဲ့အာဆီယံကဘာမှမပြောပဲနုတ်ဆိတ်လျက်ရှိတယ်။တရုတ်ဆိုရင်အရင်ကNLDပါတီဖျက်သိမ်းမှုအပေါ်မှာမလိုလားကြောင်းပြသခဲ့တယ်။ဒါပေမယ့်အခုချိန်မှာဘာမှမပြောတော့ပဲနုတ်ဆိတ်နေတာဟာစစ်ကောင်စီနဲ့အပေးအယူတစ်ခုခုများရှိနေလားမပြောတတ်ဘူး။အာဆီယံဆိုတာလဲအလားတူပဲ။သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံနိုင်ရေးဆိုပြီးအသံကောင်းဟစ်နေပေမယ့်အခုကျတော့ဘာသံမှထွက်မလာနိုင်ဘူး။ဘာပဲစစ်ကောင်စီကသူလုပ်ချင်တာလုပ်ခွင့်ရသွားတာပဲ။
Read moreDetailsစစ်ကောင်စီကမတ်လ၃၀ရက်နေ့နောက်ပိုင်းကစပြီးစစ်တိုင်းမှုးနဲ့ထိပ်ပိုင်းရာထူးတွေကိုအပြောင်းအလဲပြုလုပ်နေတယ်။တချို့တွေကိုဖြုတ်ပစ်လိုက်ပြီးတချို့တွေကိုတော့ရာထူတိုးပေးကာနေရာရွှေ့ပြောင်းလိုက်တယ်။အထူးသဖြင့်လတ်တလောတိုက်ပွဲတွေပြင်းထန်နေတဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုးနေရာကိုအပြောင်းအလဲလုပ်ထားတယ်။တောင်ပိုင်းကကရင်ပြည်နယ်မှာအခုရက်ပိုင်းအတွင်းစစ်တပ်ဟာအကြီးအကျယ်တိုက်ခိုက်ခံနေရတယ်။ စစ်တိုင်းမှုးတွေအပြောင်းအလဲလုပ်တာဟာစစ်တပ်အတွင်းမတည်ငြိမ်မှုတွေကိုဖော်ပြနေတာပဲ။အသစ်ရောက်လာတဲ့တိုင်းမှုးတွေဟာနယ်မြေအနေအထားကောင်းစွာမသိသေးပဲစစ်ဆင်ရေးတွေပြုလုပ်လေ့ရှိတာကြောင့်စစ်တပ်ဟာပိုပြီးအထိနာလာနိုင်တယ်။ဒါကြောင့်စစ်တပ်အတွင်းအပြောင်းအလဲများလေလေတော်လှန်ရေးအတွက်ကောင်းလေလေပဲ။
Read moreDetailsစစ်ကောင်စီကသူတို့ပြဌာန်းထားတဲ့ရွှေးကောက်ပွဲဥပဒေကိုအကြောင်းပြပြီးNLDပါတီကိုဖျက်သိမ်းတယ်လို့ကြေငြာလိုက်တယ်။ထိုဥပဒေမှာရွှေးကောက်ပွဲကိုဝင်မပြိုင်ရင်ပါတီအဖြစ်မှာအလိုလိုပျက်ပျယ်တယ်လို့ပြောထားတယ်။စစ်ကောင်စီရဲ့အတုအယောင်ရွှေးကောက်ပွဲမှာပြည်သူဖက်မှာရှိတဲ့အထင်ကရပါတီကြီးတွေတစ်ခုမှဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘူး။NLDနည်းတူတတိယအကြီးဆုံးပါတီကြီးတစ်ခုဖြစ်တဲ့ရှမ်းပြည်နယ်ကSNLDပါတီကလဲဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘူး။စစ်ကောင်စီရဲ့အဆွယ်အပွားနောက်လိုက်ကြိုးဆွဲပါတီတွေသာပြန်လည်မှတ်ပုံတင်ကြတာဖြစ်တယ်။သူတို့တွေပါတီမှတ်ပုံတင်နေကြပေမယ့်ထိုအတုအယောင်ရွှေးကောက်ပွဲကျင်းပမယ့်ရက်အတိအကျကိုတောင်မှစစ်ကောင်စီကအခုထိကြေငြာနိုင်ခြင်းမရှိဘူး။ဒါဟာလိမ်ဆင်ကြီးတစ်ခုပဲဆိုတာအသိသာကြီးပဲလေ။
Read moreDetailsကမ္ဘာ့ဘဏ်ကခန့်မှန်းတယ်တဲ့။ ၂၀၂၃-၂၄ ဘဏ္ဌာနှစ်မှာ မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဆိုးဆိုးရွား ရွားဆုတ်ယုတ်နိုင်ဖယ်ရှိတယ်လို့ဆိုတယ်။ အာဏာသိမ်းပြီးကတည်းက ကောင်းတာဘာရှိလို့ လဲ။ အခု ဆိုရင် တစ်နိုင်ငံလုံးမှာ မီးပျက်တာလည်းမြင်မကောင်းဘူး။ လူတွေက မီးလာချိန်ကိုမှန်းဆပြီးအလုပ် လုပ်နေကြရတယ်။ စားဝတ်နေရေးအတွက်ကရုန်းရကန်ရ၊ စစ်တပ်ကနှိပ်စက်တာလည်းတစ်ဖက်ကနေ လူးလှိမ့်ပြီးခံနေရသေးတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးတင်မဟုတ်ပါဘူး၊...
Read moreDetailsထန်ထလန်မှာလည်း စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့သိရတယ်။ စစ်တပ် ဟာ မရရတဲ့နည်းနဲ့ သူတို့အာဏာကိုတစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ဖို့ကြိုးပမ်းနေတယ်။ ထုံးစံအတိုင်း မြေပြင်မှာ တိုက်လိုမနိုင်ရင် လေကြောင်းနဲ့ဗုံးကြဲတယ်။ အဲဒီတော့ အရပ်သားတွေပါသေဆုံးကြရတယ်။ ပြည်သူတွေ ရဲ့အသက်ဟာ စစ်တပ်အာဏာအတွက် နေ့စဉ်နဲ့အမျှပေးဆပ်နေကြရတယ်။ ထန်တလန်မှမဟုတ်ပါဘူး။ စစ်ကိုင်းရော ကယားရော...
Read moreDetailsမြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့ရတာအများဆုံးကိစ္စတစ်ခုက စစ်ဘေး ရှောင်လူဦးရေများပြားလာတာပဲ။ မြန်မာတစ်နိုင်ငံလုံးမှာ စစ်ရှောင်သူဦးရေ နေ့စဉ်နဲ့အမျှတိုးလို့နေ တယ်။ စစ်ကိုင်း၊ ကယား၊ ချင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ မရေမတွက်နိုင်တဲ့ စစ်ရှောင်ဦးရေတွေ ဟာ အိုးအိမ်မဲ့ အစာရေစာရှားပါးမှုဒဏ်ကိုအလူးအလှိမ့်ခံနေကြရတယ်။ ဒီနေ့...
Read moreDetailsတာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမှာ လမ်းရှင်းနေတဲ့ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့ မနက် ၁၀ နာရီလောက်က ဗုံးနဲ့ ပစ် တိုက်ခိုက်ခံရတာကြောင် ယာဥ်ထိန်းရဲမေ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သ တင်းတွေမှာဖတ်ရပါတယ်။ ရန်ကုန်မြို့ဟာ လူတွေစည်ကား၊ ပွဲတော်တွေနဲ့အမြဲပြည့်နှက်နေတာကြောင့် ကွက်ပြီး လွတ်လပ်ရေးရနေသလားလို့တောင်...
Read moreDetailsတပ်မတော်နေ့ဆိုပြီး သူတို့ စစ်ရေးပြအခမ်းအနားတွေကျင်းပခဲ့ကြတယ်။ အာဏာသိမ်းခေါင်းဆောင် တက်ရောက်တယ်ဆိုတဲ့ အဲဒီအခမ်းအနားကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ဖို့ကြံစည်တယ်လို့စွပ်စွဲခံရတဲ့ ဒေသခံ ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်။ မင်းအောင်လှိုင်ဟာ သူတို့ကိုဆန့်ကျင်ဖို့ကြိုးစားနေတဲ့သူအကုန် လုံးကို ဖမ်းဆီးချုပ်နှောင်မယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံးပါမှာပါပဲ။ ကျွန်တော်တို့ဟာ လက်နက်အင်အား တစ်ခုတည်းမရှိတာနဲ့တင်...
Read moreDetailsအခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့သူပေါင်း ၁၇ ဒသမ ၆ သန်းရှိပြီး လူဦးရေ ၁၅ ဒသမ ၂ သန်းဟာ အစားအစာမလုံမလောက်ဖြစ်နေတယ်လို့ အကြမ်းဖျင်းတွက် ချက်ခန့်မှန်းကြပါတယ်။ လူအနည်းဆုံးတစ်သန်းခွဲဟာ ပြည်တွင်းနေရပ်စွန့်ခွာနေရသူတွေဖြစ်ပြီး နေ့စဉ် ထောင်ပေါင်းများစွာသော...
Read moreDetailsYou can copy without credits to our site. We Need Freedom.