အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၅၊ ၂၀၂၅။ (ကြာသပတေး)

စစ်ကော်မရှင်ဟာ အပတ်စဥ်အလိုက်လူငယ်တွေကို စစ်မှုထမ်းဖို့ခေါ်ဆောင်နေတာ အပတ်စဥ်၁၅ခုကျော်လာပါပြီ။အချိန်အပိုင်းအခြားအားဖြင့်လဲ တစ်နှစ်ကျော်ခန့်ရှိလာနေပါပြီ။ဒီကာလအတွင်းမှာ စစ်သားစုဆောင်းခံရပြီးအကြမ်းဖက်စစ်တပ်ထဲ ရောက်သွားတဲ့လူငယ်အရေအတွက်ဟာ စာရင်းထဲမှာတင် အနည်းဆုံးခြောက်သောင်းခန့်ရှိနေပါပြီ။ဒါပေမယ့်စစ်တပ်ထဲကနေ ပြန်ထွက်ပြေးပြီးတော်လှန်ရေးတပ်ဖွဲ့တွေဆီ ခိုလှုံလာသူအရေအတွက်ဟာ တနိုင်ငံလုံးမှာမှ သုံးထောင်ခန့်သာရှိပါသေးတယ်။ရာခိုင်နှုန်းအားဖြင့် စစ်တပ်ထဲပါသွားသူအရေအတွက်ရဲ့ ငါးရာခိုင်နှုန်းသာပြန်လည်ထွက်ပြေးလွတ်မြောက်နိုင်တယ်လို့ ပြောလို့ရတယ်။ဒါဟာအလွန်နည်းတဲ့ အရေအတွက်ပါပဲ။အတင်းအဓ္ဓမစစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရသူတွေဟာ အကြမ်းဖက်စစ်တပ်ထဲမှာ ပျော်နေကြပြီလား။

Read moreDetails

စက်တင်ဘာ ၂၄၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

ကရင်ပြည်နယ်မြဝတီမြို့အနီးက KNUနဲ့ပူးပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့လေးကေကော်မြို့သစ်ကို စစ်ကော်မရှင်ကထိုးစစ်စလာပါပြီ။စစ်ကြောင်းသုံးခုနဲ့ ထိုးစစ်ဆင်နေလို့တိုက်ပွဲတွေ ပြင်းထန်နေတယ်။လောလောဆယ်မှာတော့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ခုခံမှုကြောင့် ထိုစစ်ကြောင်းတွေအကုန်အကျအဆုံးတွေနဲ့ တက်လန်ကျသွားတယ်လို့သိရတယ်။ အဆိုပါစစ်တပ်စစ်ကြောင်းတွေဟာ စစ်မှုထမ်းလူသစ်တပ်သားတွေကိုရှေ့ဆုံးမှာထားပြီး တ​က်လာတာပါ။တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဒါကိုသိပေမယ့်မပစ်ပဲသနားနေရင် ကိုယ့်ဘက်ကခံရ​မှာဖြစ်တဲ့အတွက် အတင်းအဓ္ဓမစစ်မှုထမ်းဖို့ ခေါ်ဆောင်လာသူတွေဆိုပေမယ့်လဲ အကြမ်းဖက်စစ်တပ်ထဲရောက်နေရင် အကြမ်းဖက်စစ်သူပုန်တွေအဖြစ် သုတ်သင်ရမှာပဲ။

Read moreDetails

စက်တင်ဘာ ၂၃၊ ၂၀၂၅။ (အင်္ဂါ)

ရန်ကုန်ကမြို့နယ်ရပ်ကွက်တွေထဲမှာ စစ်ကော်မရှင်ကပြုလုပ်နယ့်အတုအယောင်ရွေးကောက်ပွဲအတွက် အစမ်းသရုပ်ပြပွဲတွေ စတင်လုပ်ဆောင်လာတယ်။ရပ်ကွက်အတွင်းဧည့်စာရင်းနဲ့ နေထိုင်သူတွေရဲ့ဧည်စာရင်းစာအုပ်တွေကို သိမ်းသွားတယ်။ထိုသရုပ်ပြပွဲကိုမတက်ရင် ဧည့်စာရင်းစာအုပ်ကိုပြန်မထုတ်ပေးပါဘူး။အနုနည်းနဲ့ အကြပ်ကိုင်တာပေါ့။အဲ့ဒီတော့ သူတို့လုပ်တဲ့သရုပ်ပြပွဲကို ကြိုက်ကြိုက်မကြိုက်သွားရတယ်။ဒါတောင်အခုက အစမ်းသရုပ်ပြပွဲပဲရှိသေးတယ်။တကယ်ရွေးကောက်ပွဲဖြစ်လာရင် မဲလာထည့်ကြဖို့ဘယ်လိုအ​​ကြပ်ကိုင်ဦးမလဲ မသိဘူး။ဒါကြောင့်စစ်ကော်မရှင်အုပ်ချုပ်မှုအောက်က ပြည်သူတွေကတော့ရွေးကောက်ပွဲကို ကန့်ကွက်ဖို့နေနေသာသာ မဲမပေးပဲတောင်နေလို့ ရမယ်မထင်ဘူး။

Read moreDetails

စက်တင်ဘာ ၂၂၊ ၂၀၂၅။ (တနင်္လာ)

ငလျင်ဒဏ်ခံခဲ့ရတဲ့ မန္တလေးမြို့မှာ ဈေးဆိုင်ခန်းတွေ အားလုံး မှန်ကာရံတာ၊ မှန်တံခါးတပ်တာကို စက်တင်ဘာလအတွင်းမှာ အပြီးသတ်လုပ်ဖို့ စစ်အုပ်စုလက်အောက်ခံ စည်ပင်ဌာနက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အမိန့်ကို မလိုက်နာရင်ဆိုင်ပိတ်သိမ်းသည်အထိအရေးယူမယ်လို့ ဆိုတယ်။ မန္တလေးမြို့မှာ စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့တာ ငါးလကျော်လာတဲ့အထိ ပြန်လည်ထူထောင်ရေးတွေ မလုပ်နိုင်သေးသလို အခကြေးငွေ...

Read moreDetails

စက်တင်ဘာ ၂၁၊ ၂၀၂၅။ (တနင်္ဂ​နွေ)

ကရင်ပြည်နယ်မှာ မြဝတီကော့ကရိတ်အာရှလမ်းမကြီးကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်းမှာလဲတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။မြဝတီမြို့အနီးက လက်ခက်တောင်ကိုပြန်လည်သိမ်းပိုက်လိုက်ပါပြီ။ဒါ့အပြင်လေးကေကော်မြို့သစ်နဲ့ မကြာသေးမီက သူတို့ဆုံးရှုံးထားတဲ့ထိုင်းနယ်စပ်ကစခန်းတွေကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်။ဒါ့ကြောင့် ​အာရှလမ်းမကြီးကိုလဲ ပိတ်ထားရဆဲပါ။ထိုလမ်းမကြီးပြန်မဖွင့်နိုင်သမျှတော့ ပြည်တွင်းမှာကုန်ပစ္စည်းတွေ စျေးတက်နေဦးမှာပဲ။

Read moreDetails

စက်တင်ဘာ ၂၀၊ ၂၀၂၅။ (စနေ)

စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်ကဗန်းမောက်မြို့ကို NUG PDF တပ်တွေ သိမ်းယူလိုက်ပါတယ်။ထိုမြို့ကိုစက်တင်ဘာ ၁၅ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးငါးရက်အကြာမှာ သိမ်းယူနိုင်ခဲ့တယ်။မြို့အခြေစိုက် စစ်တပ်တပ်ရင်းတွေမရှိတာ​ကြောင့်လဲ မြန်မြန်ဆန်ဆန်သိမ်းယူနိုင်တာပါ။မြို့ကိုသိမ်းနိုင်ပဲမယ့် မြို့အနောက်ဘက်မှာတော့ စစ်အုပ်စုရဲ့တပ်စခန်းအချို့ကျန်ပါသေးတယ်။ ဗန်းမောက်မြို့ဟာ တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက အင်းတော်မြို့၊ပင်လည်ဘူးမြို့တို့နဲ့မနီးမဝေးမှာတည်ရှိတယ်။စစ်ရေးအရတော့ အများကြီးအချက်အခြာမကျပါဘူး။ဧပြီလမှာ အင်းတော်မြို့ကိုသိမ်းပိုက်နိုင်ပြီးနောက်ပိုင်း ငါးလကြာမှတော်လှန်ရေးအင်အားတပ်ဖွဲ့တွေအနေနဲ့ နောက်ထပ်မြို့တစ်ခုကို...

Read moreDetails

စက်တင်ဘာ ၁၉၊ ၂၀၂၅။ (သောကြာ)

အာဆီယံအဖွဲ့ဝင်ဖြစ်ရေး မျှော်မှန်းနေသည့် တီမောက  စစ်ကော်မရှင်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ပြီးနောက် အာဏာသိမ်း စစ်ကော်မရှင်ကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ်ခြင်း၊ တရားမဝင် ဆန့်ကျင်သည့် လှုပ်ရှားမှုများ ခွင့်ပြုမည် မဟုတ်ကြောင်း စစ်ကော်မရှင်ခန့် နိုင်ငံခြားရေးဝန်ကြီးအား တွေ့ဆုံကတိပေး ပြောဆိုခဲ့တယ်။...

Read moreDetails

စက်တင်ဘာ ၁၈၊ ၂၀၂၅။ (ကြာသပတေး)

တကယ်တော့ ကုန်စျေးနှုန်းတွေတက်လာတာ စစ်ကော်မရှင်ရဲ့စနက်တွေပါပဲ။ပီးခဲ့တဲ့လကစပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေရော လေကြောင်းကုန်သွယ်ရေးကိုရော ပိတ်လိုက်တယ်။ပြည်ပက ဘာကုန်ပစ္စည်းမှမဝင်တော့ဘူး။ဒါ့အပြင် ပြည်တွင်းမှာလဲလွတ်လပ်စွာကုန်စည်စီးဆင်းခွင့်ကို ပိတ်ပင်ထားသေးတယ်။ရန်ကုန်မန္တလေးကုန်သွယ်ရေးလမ်းမကြီးတွေပေါ်မှာတောင် စစ်​အုပ်စုကဂိတ်ပေါင်းများစွာဖွင့်ပြီး ဆက်ကြေးကောက် ဓားပြတိုက်နေတယ်။ကုန်ကားတွေဆက်ကြေးပေးရတာများလွန်းလို့ မထွက်နိုင်ကြတော့ဘူး။ထိုအကျိုးသက်ရောက်မှုတွေကို အခုစတင်ခံစားနေရပြီဖြစ်တယ်။အဓိကကတော့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်မဖွင့်ပေးသမျှကုန်စျေးနှုန်းတွေက တက်နေမှာပဲ။နိုင်ငံထဲကို သွင်းကုန်မှန်သမျှပိတ်ထားပြီး ကုန်သွယ်ရေးပိုငွေပြနေပါတယ်လို့စစ်ကော်မရှင်က ကြွေးကြော်နေသေးတယ်။ဦးနှောက်မရှိတဲ့သူတွေ...

Read moreDetails

စက်တင်ဘာ ၁၇၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

ကာလအတော်ကြာအမြင့်စျေးမှာ တည်ငြိမ်နေတဲ့ကုန်စျေးနှုန်းတွေဟာ ဒီလ​ထဲမှာ ထပ်တက်လာနေတယ်။ကုန်စျေးနှုန်းတွေတက်လာပြီဆိုရင် သိသာပါတယ်။လက်ဖက်ရည်တစ်ခွက်၊မုန့်ဟင်းခါးတပွဲစျေးကအစ ကျပ်နှစ်ရာ၊သုံးရာတက်သွားတယ်။တချို့စားသောက်ကုန်တွေဆို ငါးရာ၊တစ်ထောင်တက်ကုန်တယ်။ အရင်က​ဆိုဒေါ်လာစျေးတက်ရင် ကုန်စျေးနှုန်းတွေလိုက်တက်တတ်တယ်။အခုဒေါ်လာစျေးကမတက်တဲ့အပြင် ကျနေသေးတယ်။မနှစ်က ဒီလိုအချိန်မှာဒေါ်လာစျေးက တစ်ဒေါ်လာကျပ်ခြောက်ထောင်ကျော်အထိ ဖြစ်သွားသေးတယ်။အခုဆို၄၅၀၀ခန့်ကနေ ၄၃၀၀ခန့်အထိကျလာနေတာပါ။စစ်ကော်မရှင်ကလဲ ဒေါ်လာတွေဆက်တိုက်ထုတ်ရောင်းနေတာလဲ ပါမှာပေါ့။မြန်မာပြည်ရဲ့ မူမမှန်တဲ့စီးပွားရေးကြောင့် ဒေါ်လာ​စျေးကျနေပေမယ့်လဲ ကုန်စျေးနှုန်းတွေတက်နေတာပါ။ကုန်စျေးနှုန်းတက်နေပေမယ့်လဲ အခြေခံလူတန်းစားတွေရဲ့...

Read moreDetails

စက်တင်ဘာ ၁၆၊ ၂၀၂၅။ (အင်္ဂါ)

နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုက ထိုအထွေထွေထိုးစစ်ဟာ NUGလက်အောက်ခံတပ်တွေ သီးသန့်လုပ်ဆောင်လို့မရပဲ တနိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကပါ ပူးပေါင်းပါဝင်ကြမှသာစစ်ကော်မရှင်ကို ခြိမ်းခြောက်နိုင်ပါလိမ့်မယ်။အခြားတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်မယ်ဆိုရင်လဲ စစ်ရေးအရ မပူးပေါင်းခင်နိုင်ငံရေးအရကြိုတင်သဘောတူညီချက်တွေ မဖြစ်မနေရှိထားဖို့ လိုအပ်ပါတယ်။အခုချိန်ထိတော့ ထိုအရာကိုမတွေ့ရသေးပါဘူး။စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမတိုင်မှီ တော်လှန်ရေးအင်အားစုတွေကြား ဘုံသဘောတူညီချက်တစ်ခုရရှိဖို့ကြိုးစားနေတယ်လို့တော့ သိထားတယ်။ အခြားအဖွဲ့တွေ အချိန်ကိုက်ပါဝင်မှုမရှိပဲNUGတစ်ဦးထဲ...

Read moreDetails
Page 8 of 182 1 7 8 9 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist