ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့ကနေပြည်တော်ကိုတိတ်တဆိတ်လာရောက်ပြီးမတရားဖမ်းဆီးအကျဉ်းချခံနေရတဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရသွားတယ်လို့ထိုင်းအစိုးရကထုတ်ပြန်လိုက်တယ်။တနာရီကျော်ကြာတွေ့ဆုံခွင့်ရလိုက်ပြီးဘာတွေဆွေးနွေးသွားတယ်ဆိုတာတော့မပြောသေးဘူး။ဒါပေမယ့်ထိုင်းမီဒီယာတစ်ခုကတော့ဒေါ်အောင်ဆန်းစုကြည်ဟာNUGနဲ့PDFကိုမထောက်ခံဘူးလို့ဖော်ပြထားတာတွေ့ရတယ်။ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်တော့ထိုကဲ့သို့ပြောသံမကြားသေးဘူး။ တကယ်ဆိုရင်ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ပြောလဲဒေါ်အောင်ဆန်းစုကြည်အကျဉ်းချခံထားရတဲ့အခြေအနေမှာယုံကြည်ရတဲ့အနေအထားမှာမရှိပဲသူ့ရဲ့တဖက်သတ်ပြောဆိုချက်သာဖြစ်နေမှာပဲ။ထိုသတင်းနဲ့ပတ်သက်ပြီးNUGကတော့ထိုတွေ့ဆုံမှုဟာတရားဝင်ခြင်းမရှိလို့တုန့်ပြန်ထားပြီးစစ်ကောင်စီဖက်ကတော့တစုံတရာမပြောသေးဘူး။
Read moreDetailsကျပ်ငွေတန်ဖိုးကျဆင်းပြီးနိုင်ငံခြားငွေဈေးမြင့်မားနေတာကြောင့်အခြားကုန်ပစ္စည်းပေါင်းများစွာနဲ့အတူအိမ်သုံးဆေးဝါးဈေးနှုန်းတွေလဲဆက်တိုက်မြင့်တက်လာတယ်။လူသုံးများတဲ့အဖျားပျောက်ဆေးတကဒ်ကိုအရင်က၅၀၀ကျပ်သာရှိခဲ့ရာမှအခုဆို၁၂၀၀ကျပ်လောက်ထိဖြစ်နေပြီ။ဒါဟာအိမ်သုံးဆေးဝါးအပိုင်းသာရှိသေးပြီးနာတာရှည်လူနာများအတွက်ဆိုရင်ရေရှည်ဆေးဝါးရရှိဝယ်ယူနိုင်စွမ်းမှာအခက်အခဲတွေဖြစ်လာနိုင်တယ်။မြန်မာ့ဆေးဝါးဈေးကွက်ဟာပြည်ပမှတင်သွင်းတဲ့ဆေးဝါးများကို၈၀ရာခိုင်နှုန်းမှီခိုနေရတာကြောင့်အခုလိုမြင့်တက်လာတာဖြစ်တယ်။ဆေးဝါးဆိုတာကမရှိမဖြစ်ကုန်ပစ္စည်းတစ်ခုဖြစ်တာကြောင်းအခုလိုဈေးတွေဆက်တက်နေမယ်ဆိုရင်ပြည်သူတွေလဲဆေးမကုနိုင်ပဲအသေခံဖို့သာရှိတော့တယ်။
Read moreDetailsကချင်ပြည်နယ်ကေအိုင်ကေဌာနချုပ်လိုင်ဇာမြို့အနီးမှာစစ်ကောင်စီတွေအမြားအပြားထပ်မံရောက်ရှိနေယ်။တပ်ရင်း၁၀ရင်းစာစုစုပေါင်းအင်အား၁၀၀၀ကျော်ခန့်ရှိနေပြီးတချို့တောထဲမှာတပ်ဖျောက်ထားတယ်။ဒါဟာ၂၀၂၁ခုနှစ်ကအလော့ဘွမ်တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ကချင်ပြည်နယ်မှာစစ်တပ်ကအေအိုင်အေနဲ့ဒုတိယအကြိမ်အင်အားထောင်ကျော်နဲ့ထိပ်တိုက်ရင်ဆိုင်ထားတာပဲ။ခုချိန်ထိကချင်ပြည်နယ်တခြားဒေသကအင်းအားတွေဆက်လက်ဝင်ရောက်နေတယ်။တိုက်ပွဲကြီးတွေမဖြစ်သေးပေမယ့်အင်းအားဖြည့်နေတဲ့စစ်ကောင်စီတပ်တွေကိုကြားဖြတ်တိုက်ခိုက်တဲ့တိုက်ပွဲတွေတော့ဖြစ်နေပြီ။ထိုဒေသကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ချင်တာဟာလိုင်ဇာကိုသိမ်းဖို့ထပ်စစ်ကိုင်းတိုင်းနဲ့ကေအိုင်အေကြားကလမ်းကြောင်းကိုဖြတ်တောက်ဖို့ဖြစ်နိုင်တယ်လို့စစ်ရေးကျွမ်းကျင်သူတွေကသုံးသပ်ထားကြတယ်။
Read moreDetailsဒိုက်ဦးအကျဉ်းထောင်မှာအာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသားတွေကို ပြင်ပခေါ်ထုတ်ပြီး နှိပ်စက်သတ်ဖြတ်မှုတွေကျူးလွန်နေတယ်။ နိုင်ငံရေး အကျဉ်းသား လေးဆယ်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ခေါ်ထုတ်သွားပြီးနောက် အဲဒီသူတွေထဲကအများအပြားသတ်ဖြတ်ခံရတယ်လို့ သတင်းတွေပေါ်ထွက်နေတယ်။အတိအကျသိရတော့၅ဦးလောက်ရှိနေပြီ။ သူတို့ကို ဒိုက်ဦးအကျဉ်းထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့စဉ် လမ်းခရီးမှာ မော်တော်ယာဉ် တိမ်းမှောက်မှုကို အခွင့်ယူထွက်ပြေးတဲ့အတွက်...
Read moreDetailsအကြမ်းဖက်စစ်ကောင်စီက စီးပွားရေးပိတ်ဆို့မှုများကြောင့် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသည့်အတွက် သွင်းကုန်တင်သွင်းမှုအများစုကို ပိတ်ပင်မည်ဖြစ်ပြီး စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမှုကိုလည်း အကြီးအကျယ်လျှော့ချမယ်လို့သိရတယ်။အခုနောက်ဆုံး ချမှတ်လိုက်တဲ့ ဘဏ်တွေအပေါ် စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာ အဝင်အထွက် အလွန်ခက်ခဲနေပြီးစစ်ကောင်စီဟာ ဒေါ်လာ ပြတ်လပ်လာတယ်။ဒါကြောင့်အမေရိကန်ဒေါ်လာ မပြတ်လပ်စေဖို့အတွက် သွင်းကုန်သမားတွေေ...
Read moreDetailsစစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ထဲမှာဈေးရောင်းဖို့မနက်စောစောထွက်လာတဲ့ဈေးသယ်၇ဦးကိုစစ်သူပုန်တွေကလမ်းမှာပဲပစ်သတ်ခဲ့တယ်။ပစ်သတ်ခံရတဲ့သူတွေဟာသာမာန်ဈေးသည်တွေသာဖြစ်ပြီးကားပေါ်မှာဈေးရောင်းရမယ့်ပစ္စည်းတွေပါလာသေးတယ်။ဒါကိုစစ်သူပုန်တွေကအကြောင်းမဲ့ရက်ရက်စက်စက်ပစ်သတ်သွားတာပါ။ပစ်သတ်ခံရတဲ့ဓာတ်ပုံတွေကိုကြည့်ရတာရင်ထဲဘယ်လိုမှနေလို့မကောင်းဘူး။ဒီလိုအပစ်မဲ့ပြည်သူတွေကိုအကြောင်းပြချက်မရှိထင်သလိုသတ်ဖြတ်နေတဲ့စစ်အုပ်စုဟာအခုချိန်ထိပန်းပန်လျက်ရှိနေတာကိုလဲအံဩလို့မဆုံးဘူး။ထိုစစ်သူပုန်စစ်ကြောင်းဟာပြည်သူ၁၄ဦးကိုလဲလူသားဒိုင်းအဖြစ်ဖမ်းခေါ်သွားသေးတယ်။လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားခြင်းခံရတဲ့ပြည်သူတွေရဲ့အသက်ဟာလဲအာမခံချက်မရှိဘူး။သူတို့လိုရာရောက်ရင်မထင်ရင်မထင်သလိုပစ်သတ်ခဲ့သေးတယ်။ဒီလိုယုတ်မာရက်စက်တဲ့စစ်ခွေးတွေကိုဘယ်ဘုရားမှပစ်ဒဏ်မခတ်ကြတော့ဘူးလား။
Read moreDetailsစစ်ကောင်စီတပ်မှစစ်ထောက်ချုပ်လိုက်ပါလာတဲ့စစ်ယာဉ်တန်းကိုတော်လှန်ရေးအဖွဲ့တွေရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်။ထိုယာဉ်တန်းမှာစစ်ထောက်ချုပ်လိုက်ပါလာမယ်လို့ကြိုတင်သတင်းရရှိခဲ့တာပါ။မိုင်းဆွဲတိုက်ခိုက်မှုကြောင်းယာဉ်နှစ်စီးလုံးဝပျက်စီးသွားပြီးစစ်ကောင်စီဘက်ကထိခိုက်မှုတော့မသိရသေးပါဘူး။ ဒီလတစ်ရက်နေ့ကအမြန်လမ်းပေါ်မှာစစ်ကောင်စီကိုတိုက်ခိုက်မှုတွေစတင်တော့မယ်လို့ကြေငြာပြီးနောက်ပိုင်းအပြောမဟုတ်အလုပ်နဲ့သက်သေပြသွားတာပဲ။အမြန်လမ်းပေါ်မှာများများတိုက်ခိုက်နိုင်လေစစ်ကောင်စီတပ်တွေအတွက်နယ်မြေကျဉ်းလာလေလေဖြစ်လာတော့မယ်။
Read moreDetailsကယားပြည်နယ်ဘက်မှာတော့စစ်ကောင်စီတပ်တွေဟာအင်အားဖြည့်တင်းမှုကိုအလုံးအရင်းနဲ့ပြုလုပ်နေတယ်။ မယ်စဲ့ကိုသိမ်းလိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီက တခြားကယားဒေသတွင်းက နေရာတွေမှာ ရဟတ်ယာဉ်နဲ့ရောလေယာဉ်နဲ့ပါအင်အားဖြည့်တာတွေဆက်တိုက်လုပ်နေတယ်။တော်လှန်ရေးကာလအတွင်း မြို့တစ်မြို့လုံးကို ပထမဆုံးထိန်းချုပ်နိုင်ခဲ့သည့် ဖြစ်စဥ်ကြောင့် ကယားဒေသတွင်း ကျန်ရှိသော နေရာများကို ထိန်းချုပ်နိုင်ရန် သို့မဟုတ် မယ်စဲ့မြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီက အင်အားအလုံးအရင်းဖြည့်တင်းနေတာလို့ယူဆရတယ်။အရင်ကကယားပြည်နယ်မှာတပ်မ၅၅နဲ့၆၆သာရှိခဲ့ရာမှအခုဆိုရင်တပ်မ၄၄၊တပ်မ၉၉စတဲ့တပ်မကြီးတွေထပ်မံဝင်ရောက်လာတယ်။ဒီပုံအတိုင်းဆိုရင်နောက်အကျဆုံးဒီမိုးရာသီအကုန်မှာစစ်တပ်ဘက်ကထိုးစစ်ကြီးတွေပြန်လည်စတင်ဖို့ရှိလိမ့်မယ်။စစ်ကောင်စီကမတ်လဆန်းကတည်းကထိုးစစ်ဆင်နေပေမယ့်လဲအခုချိန်ထိအထိအခိုက်အဆုံးအရှံးတွေသာများလျက်ရှိတယ်။
Read moreDetailsချင်းပြည်နယ်ဘက်မှာဟားခါးမြို့ကနေထန်ထလန်မြို့ကိုစစ်ကြောင်းထိုးချီတက်နေတဲ့စစ်ကောင်စီတပ်တွေဟာတော်လှန်ရေးအဖွဲ့တွေရဲ့အပြင်းအထန်ခုခံမှုကြောင်းရှေ့ဆက်မတိုးနိုင်တော့ပဲတပ်ပြန်ခေါက်သွားရတယ်လို့သိရတယ်။ပြီးခဲ့တဲ့လဆန်းပိုင်းကတည်းကတော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ထန်တလန်မြို့ကိုအင်အားဖြည့်ဖို့လက်နက်ကြီးပစ်ကူ၊လေကြောင်းပစ်ကူတွေအလုံးအရင်းသုံးပြီးဖြေးဖြေးချင်းရှေ့တိုးလာခဲ့တာပါ။ဒါပေမယ့်ခုခံတိုက်ခိုက်မှုတွေကြောင့်ထင်သလောက်ခရီးမပေါက်ပဲတလခန့်အကြာမှာရည်မှန်းချက်ကိုမရောက်နိုင်တော့ပဲတပ်ပြန်ခေါက်သွားရတယ်။ ဒါ့အပြင်ချင်းပြည်နယ်မှာစစ်ကောင်စီသံချပ်ကာကားနှစ်စီးကိုဖျက်စီးနိုင်ခဲ့တဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကိုNUGကတစ်စီးကိုသိန်းနှစ်ထောင်နှုန်းနဲ့စုစုပေါင်းသိန်းလေးထောင်းချီးမြှင့်ခဲ့တယ်။NUGကစစ်ကောင်စီရဲ့တင့်ကား၊သံချပ်ကာကား၊လေယာဉ်တွေကိုဖျက်စီးနိုင်မှုနဲ့ပတ်သက်ပြီးဆုငွေကြေငြာထားတာကြာပါပြီ။ဒါဟာပွဲဦးထွက်ဆုငွေချီးမြှင့်နိုင်မှုတစ်ခုပါပဲ။
Read moreDetailsစစ်ရေးလှုပ်ရှားမှုတွေနည်းပါးနေတဲ့ကချင်ပြည်နယ်မှာဒီလဆန်းပိုင်းကစပြီးတိုက်ပွဲတွေပြန်လည်ပြင်းထန်လာတယ်။KIAဟာPDFတွေကိုနောက်ကွယ်ကနေပံ့ပိုးနေပေမယ့်စစ်တပ်နဲ့ထိပ်တိုက်မတွေ့တော့ပဲငြိမ်နေတာအတော်ကြာနေပြီ။အခုတော့ငြိမ်နေလို့မရတော့ဘူး။စစ်ကောင်စီတပ်တွေကKIAဌာနချုပ်လိုင်ဇာနားကရွာတွေကိုစစ်ကြောင်းထိုးလာပြီလေ။အဲ့ဒီတော့လိုင်ဇာနဲ့၁၀မိုင်ခန့်အကွာမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်။ထိုနေရာဟာအရင်ကစစ်တပ်ကထိန်းချုပ်ထားပြီးဒီကာလမှာKIAကပြန်လည်ထိန်းချုပ်ထားလို့စစ်ကောင်စီကပြန်လည်ရယူဖို့ကြိုးစားလာတယ်။လိုင်ဇာနဲ့၁၀မိုင်ခန့်သာကွာဝေးတာကြောင့်KIAအနေနဲ့လဲလက်လွှတ်လို့မဖြစ်ပဲအပြင်းအထန်ပြန်လည်ခုခံနေတယ်။စစ်တပ်ကအင်အားတွေထပ်မံတိုးချဲ့နေတာကြောင့်တိုက်ပွဲတွေပိုမိုပြင်းထန်မယ့်သဘောရှိတယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.